抖阴社区

part(16)

645 36 2
                                        

တူ...တူ...တူ...

ညနေခင်းရဲ့ တိတ်ဆိတ်မှုကို ခွဲထွက်ပြီး ဖုန်းမြည်သံက ပျံ့လွင့်လာတယ်။ Dew ဖုန်းကိုကြည့်လိုက်တော့ Hia နာမည်ကို တွေ့တာနဲ့ ရင်ထဲမှာ နွေးခနဲ။ Hia က Video Call ခေါ်တာမို့ Dew သူ့အခန်းထဲကနေ ဧည့်ခန်းထဲကို လျှောက်လာပြီး ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်လိုက်တယ်။

ကော်ဖီစားပွဲပေါ်တင်ထားတဲ့ ကော်ဖီခွက် ကို လှမ်းယူရင်း “Hia ဘာဖြစ်လို့လဲ၊ အလုပ်ကပြန်ရောက်တာမို့လို့ကျွန်တော့်ကိုလှမ်းပြောတလား ” လို့ စနောက်ရင်းမေးလိုက်တယ်။

ဖုန်းမျက်နှာပြင်ပေါ်မှာ ပေါ်လာတဲ့ Hia ရဲ့ မျက်နှာက ချက်ချင်းဆိုသလို ပြုံးသွားတယ်။ Hia က Dew ကို မြင်တာနဲ့ ပိုပြီးတော့တောင် ပြုံးရွှင်သွားပုံရတယ်။

“အေး၊ အခုပဲ ရောက်တာ။ မင်းရော ဘာတွေလုပ်နေလဲ၊ အဆင်ပြေရဲ့လား ကျောင်းစာတွေကောလိုက်နိုင်လား ” Hia က စိုးရိမ်တကြီးမေးတယ်။

သူ့ဘေးနားမှာ Hia ရဲ့ကောင်လေးP new က ထိုင်နေတာကို Dew တွေ့လိုက်ရတယ်။ New က Dew ဘက်ကို လက်ပြပြီး “Hey Dew! နေကောင်းလား” လို့ နှုတ်ဆက်တယ်။

Dew လည်း ပြန်ပြီး လက်ပြရင်း “ကောင်းပါတယ် Pရယ်။ အလုပ်တွေရှုပ်နေလို့၊ ဒီအတိုင်းပါပဲ” လို့ ပြန်ဖြေလိုက်တယ်။
Hia ကP new ရဲ့ ပခုံးကို မှီလိုက်ရင်း “New က မင်းနဲ့စကားပြောချင်နေတာ၊ အမြဲတမ်း မင်းအကြောင်းမေးနေတာ” လို့ ရယ်ရင်း ပြောလိုက်တယ်။

“ဟုတ်တယ် Dew၊ မင်း Hia နဲ့ နေ့တိုင်းပြောဖြစ်တယ် ဘယ်လိုလဲ၊ အဆင်ရောပြေရဲ့လား ”P new က စိုးရိမ်တကြီးမေးလာတယ်။သူနဲ့teeတွဲနေတာကို hiaတို့ကသိတော့ အဲ့လိုမေးတာလဲမစမ်းပါဘူးလေ။

Dew ပြုံးလိုက်တယ်။ "အဆင်ပြေပါတယ် Pရယ် အဖေမသိသေးတော့ ဘာမှတော့မဖြစ်ဘူး " Hia နဲ့ New ကိုတူတူ မြင်ရတာကိုက သူ့ရင်ထဲ ပီတိဖြစ်မိတယ်။

Hia တို့ရဲ့ တိုက်ခန်းက မြင်ကွင်းက Hia ရဲ့နောက်ခံမှာ ပေါ်နေတယ်။ ခေတ်မီဆန်းပြားတဲ့ အပြင်အဆင်တွေ၊ ပြတင်းပေါက်ကနေ မြို့ပြရဲ့ မီးရောင်စုံတွေက ဝင်းလက်နေတာကို မြင်နေရတယ်။ Hia က New ရဲ့ လက်ကို ဆုပ်ကိုင်လိုက်ရင်း “အလုပ်တွေက မင်းကို ပင်ပန်းစေမှာ စိုးတယ် Dew။ အားလပ်ချိန်လေး ဘာလေး ဖန်တီးပြီး နားနားနေနေနေဦး။ ဒီမှာဆို New က အလုပ်ကပြန်လာရင် လမ်းလျှောက်ထွက်ဖို့၊ ညစာကောင်းကောင်းစားဖို့ ဘယ်တော့မှ မမေ့ဘူး” လို့ ပြောရင်း New ကို ကြင်နာစွာ ကြည့်တယ်။

Between the linesWhere stories live. Discover now