"သားဒီလိုေတြေျပာတိုင္း မားအေပၚ သူစိမ္းဆန္သလိုခံစားရတယ္ Yi Xing...သိလား"
အဆံုးသတ္မွာ စကားလံုးေတြ တိုးတိမ္သြားခဲ့
ဲ့ေပမဲ့ မ်က္လံုးေထာင့္ကို လက္ဖ်ားေလးႏွင့္
အသာဖိသုတ္ၿပီး ခ်က္ခ်င္းေခါင္းျပန္ေမာ့သည္။
အရင္အတိုင္းပဲ။၀မ္းနည္းစိတ္ကို အနည္းငယ္မ်ွ
လွစ္ဟ မျပလိုတာ မားရဲ႕ပံုစံပဲ။
"က်န္းမာေရး ဂ႐ုစိုက္ပါ မား"
ကားစက္သံ သဲ့သဲ့ၾကားေတာ့ သူထရပ္လိုက္သည္။ေခါင္းမာလိုက္တာ ဆိုသည့္ပံုစံမ်ိဳးႏွင့္ မားက
သူ႔ကိုၾကည့္သည္။သူ႔အေဖအတိုင္းပဲလို႔ ႏႈတ္ကထုတ္မေျပာလည္း အဲ့ဒီမ်က္၀န္းေတြကို အျပည့္အ၀ နားလည္ၿပီးသား။
"မဂၤလာပါ အန္တီ"
"Jun Myeon ေလး"
"ျပန္ေတာ့မလို႔လား"
"ေရာက္တာ ၾကာၿပီ သားရဲ႕...အလုပ္လည္း႐ွိေသးလို႔...အိမ္လာလည္ဦးေနာ္"
"ဟုတ္ကဲ့"
ေပြ႔ဖက္ႏႈတ္ဆက္ၿပီး အိမ္ေ႐ွ႕ထိ စကားတေျပာ
ေျပာနဲ႔ ပါသြားသည့္ေကာင္ေလး။ကားစက္ႏိႈး
ၿပီးသည့္တိုင္ ရယ္ေမာကာရယ္ စကားစမျပတ္ႏိုင္တဲ့မားက သူနဲ႔ မ်က္နွာခ်င္းဆိုင္ေနတုန္းကႏွင့္လားလားမ်ွ မဆိုင္။
သူတစ္ျပန္ ကိုယ္တစ္ခြန္း ျဖစ္ၾကတိုင္း မားလည္း
ေဒါသထြက္၀မ္းနည္းရသလို သူသည္လည္း ေခါင္းကိုက္ရစျမဲ။သူ႔အလုပ္နဲ႔ပါတ္သက္ၿပီး စကားစ
လ်ွင္ သားအမိႏွစ္ေယာက္ၾကား တင္းမာမႈေတြ႐ွိလာၿပီ။ပါပါးရဲ႕ေနာက္ဆံုးခရီးက သူ႔ရည္မွန္းခ်က္ေတြ ယိမ္းယိုင္ ရဖို႔မဟုတ္ခဲ့ပါ။
ျခံထဲမွာ Max နဲ႔ ေဘာလံုးကစားေနတဲ့ ေကာင္ေလးကိုျမင္ေတာ့ အျပံဳးေတြက အလိုအေလ်ာက္
ျဖစ္ထြန္းေလသည္။ငါးႏွစ္သား Max သည္ Golden Retriever အမ်ိဳးအစား ျဖစ္ၿပီး
သင္ယူတတ္ေျမႇာက္လြယ္တာေၾကာင့္ Max နဲ႔
ကစားခ်ိန္ေတြမွာ ကေလးက သိပ္ေပ်ာ္ေနတတ္သည္။
မွတ္မိပါေသးသည္။လက္ထပ္ၿပီး သူ႔အိမ္ကိုလိုက္ခဲ့ရမယ္ဆိုေတာ့ မ်က္ႏွာငယ္ေလးနဲ႔ ခြင့္ေတာင္းတဲ့ စကားတစ္ခြန္း။
"ကြၽန္ေတာ္ Max ကို ေခၚခဲ့လို႔ရလား" တဲ့။
ဟိုေကာင္ေလးကလည္း သခင္နားက မခြာ။မ်က္
္၀န္းငယ္ေလးေတြႏွင့္ သခင္ကို တစ္လွည့္ ကိုယ့္ကိုတစ္လွည့္ ၾကည့္ေနခဲ့တာမို႔ "မရဘူးလို႔" စေနာက္ဖို႔ပင္ အင္အားမ႐ွိခဲ့။
♡ ♡ ♡ ♡ ♡
"Jun Myeon"
အခန္းထဲမွာမ႐ွိ။ဧည့္ခန္းမွာလည္းမ႐ွိ။ထမင္းစားခန္းမွာပါ မေတြ႔ရသျဖင့္ အသံျပဳ လိုက္ေတာ့လည္းတံု႔ျပန္မႈတစ္စံုတစ္ရာ ျပန္မလာ။ဖုန္းဆက္ၾကည့္လိုက္သည္။လြယ္အိတ္ထဲကပင္ မထုတ္ရေသးတဲ့ဖုန္းေလးက တဒီးဒီး။ပါတ္၀န္းက်င္မွာ မိုးရိပ္ေတြလႊမ္းလာေတာ့ လိုက္႐ွာရန္ ကားေမာင္းထြက္ခဲ့လိုက္သည္။ဖုန္းထားခဲ့တာမို႔ ေ၀းေ၀းသြားမည္ေတာ့ မထင္ပါ။
အံု႔မိႈင္းလာသည့္ ရာသီဥတုႏွင့္အတူ မိုးစက္ မိုး
ေပါက္ေတြခုန္ဆင္းလာၾကသည္။
ဒီကေလး...ဘယ္ေတြသြားေနပါလိမ့္။
ရပ္ကြက္ ေဘာလံုးကြင္းထဲ ကေလးေတြအသံ
ၾကား၍ ကားကို အ႐ွိန္ေလ်ွာ့မိသည္။
"Jun Myeon"
ကေလးေတြႏွင့္အတူ ဖိနပ္မပါ ဘာမပါ ေဘာလံုးကန္ေနတာမ်ား ေပ်ာ္လ႔ိုရႊင္လို႔ ။Baekhyun နဲ႔ Kyungsooလည္း ပါ၏။
ကားရပ္ၿပီး ယူလာခဲ့တဲ့ ထီးကိုေဆာင္းကာ ကြင္းထဲ၀င္သြားလိုက္သည္။မိုးက ပိုသည္းလာေသာ္လည္း ကေလးတစ္သိုက္ကျဖင့္ ေျပးလို႔လႊားလို႔
ေကာင္းဆဲပင္။
"Jun Myeon...ဟိုမွာ"
ေျပးေနရင္း ေကာင္ေလးတစ္ေယာက္ေအာ္သံေၾကာင့္ သူ႐ွိရာ လွမ္းၾကည့္သည္။စိတ္ပူလို႔မွ မဆံုးေသး...မ်က္စိေ႐ွ႕တြင္ေလ်ွာကနဲ ပစ္လွဲသြားသည့္ အေသးေလး။
"Ah!"
ခႏၶာကိုယ္ေသးေသးေလး လက္ထဲပါလာခ်ိန္မွာ
တစ္ကိုယ္လံုးရႊဲရႊဲစိုေနခဲ့ၿပီ။
♡ ♡ ♡ ♡ ♡
"အဆစ္လြဲသြားတာပဲ...ေဆးထည့္ၿပီး ပါတ္တီးစီး
ေပးလိုက္မယ္ေနာ္"
ဆရာ၀န္ေ႐ွ႕ ကိုုယ့္ကို ခ်ေပးခဲ့ၿပီး ေပ်ာက္သြားတဲ့
သူ။ပါတ္တီးစီးၿပီးသြားမွ တဘက္တစ္ထည္ကိုင္ၿပီးေဆးခန္းထဲ ျပန္ေရာက္လာသည္။သူ ဆရာ၀န္ႏွင့္စကားေျပာေနတုန္းၾကမ္းေပၚေျခခ်မည္လုပ္ေပမဲ့ ထူအိေနသည့္ တဘက္ကို ကိုယ္ေပၚလႊမ္းျခံဳေပးလာကာ ေပြ႔ခ်ီေခၚသည္။ကားေပၚမွာ ကိုယ့္ေျခေထာက္ကို တစ္ခ်က္ၾကည့္ၿပီး အိမ္ေရာက္တဲ့အထိ စကားတစ္ခြန္းမွ မေျပာေပ။
"ကြၽန္ေတာ့္ဘာသာ ေလ်ွာက္ပါ့မယ္"
သူလည္း တစ္ကိုယ္လံုးစိုရႊဲေနသည့္အျပင္ ကိုယ့္ကိုပါ ခ်ီေပြ႔ေနရတာ ခဏခဏမို႔ Jun Myeon အားနာသည္။ဒါကို သူက ဘယ္လိုထင္သည္မသိ။
မ်က္ေမွာင္ က်ံဳ႕ပစ္ကာ စုတ္တစ္ခ်က္သပ္ေလသည္။
ဆိုဖာေပၚ အသာအယာခ်ေပးေပမဲ့...
"မိုးေတြဒီေလာက္ရြာေနတာ...ေနမေကာင္းျဖစ္မွာနားမလည္ဘူးလား Jun Myeon...ဟမ္!"
ေအာ္ေငါက္လာတာမို႔ ဆတ္ခနဲ ခါသြားရ၏။
၀မ္းနည္းစိတ္နဲ႔ ပူေႏြးလာသည့္ ပါးျပင္ေတြ။
မိုးမိထား၍ ခိုက္ခိုက္တုန္ေနတာေတာင္ ဘယ္
္ေရာက္သြားမွန္းမသိ။
"အ၀တ္လဲမလို႔...ဖယ္"
ထရပ္ျပီးသူ႔ကိုတြန္းဖယ္ေပမဲ့ တစ္လွမ္းေတာင္ မလွမ္းႏိုင္သည့္ ေျခေထာက္က ေခြယိုင္သြားကာ ရင္ခြင္က်ယ္ထဲ ၿပိဳလဲသည္။
"ၿငိမ္ၿငိမ္ေန!"
♡ ♡ ♡ ♡ ♡ Z H A N G ♡ ♡ ♡ ♡ ♡
"ၿငိမ္ၿငိမ္ေနလို႔ ကိုယ္ေျပာေနတယ္ Jun Myeon"
"ကြၽန္ေတာ့္ဘာသာ လုပ္မယ္"
ေခါင္းသုတ္ေပးမယ္လုပ္တာကို ေခါင္းတရမ္းရမ္းျငင္းကာရယ္ ကုတင္ေပၚ ထိုင္ေနရာမွ သူ ့လက္ထဲက တဘက္ကို လိုက္လုေနသည္မွာအဆိုးအေတေလးလို။စိတ္ေပါက္လာေတာ့ ေဆာင့္ဆြဲပစ္လိုက္ျခင္းမွာ ေျပေလ်ာ့သြားသည့္ ခါးစည္းႀကိဳး။
ရင္ဘတ္ကို အင့္ကနဲ၀င္ေဆာင့္တဲ့ ခႏၶာကိုယ္ေလးက အ႐ွိန္မထိန္းႏိုင္ဘဲေနာက္ျပန္ ပစ္က်သည္။ခါးေလးကို ဖမ္းထိန္းလိုက္ေပမဲ့ အၾကည့္ေတြ မွင္သက္ေနခဲ့တာမို႔ အစီအစဥ္မက် ေမြ႔ယာေပၚ ႏွစ္ေယာက္လံုး နင့္ကနဲ။
မ်က္နွာေလးမဲ့လ်က္...ရင္ခြင္ေအာက္က ေကာင္ေလး နာသြားဟန္တူသည္။
ရဲေသြးႂကြြ ႏႈတ္ခမ္းဖူးဖူးေလး။ျဖဴ ႏွစ္၀င္းမြတ္
သည့္ အသားအရည္။ႏူးႏူးညံ့ညံ့ အထိအေတြ႔ေတြ။
Bathrobe ျဖဴ ျဖဴ ကို ဆြဲခ်ပစ္ခ်င္သည့္စိတ္။
ေရငတ္သလို ခံစားခ်က္က ရင္ထဲပူတက္လာ၏။
"နာတယ္"
ကိုယ့္ကိုကိုယ္ ထိန္းခ်ဳပ္ကာ ကိုယ္လံုးေသးေသးေလးေပၚကေန ႐ုန္းထလိုက္ရသည္။
ေျဗာင္းဆန္ေနသည့္ ရင္ခုန္သံေတြ အ႐ွိန္ေလ်ာ့ေစရန္အလို႔ငွါ Gym ခန္းထဲမွာဟိုဖက္ ဒီဖက္ေလ်ွာက္ရင္းအသက္ကို ျဖည္းျဖည္းခ်င္း ႐ွဴ ထုတ္မိသည္။
အနမ္းေႁခြဖို႔ပင္ မရဲတဲ့ ကိုယ္ရယ္ေလ။နာက်င္မဲ့မဲ့ မ်က္ႏွာေလးက အာရံုထဲ တ၀ဲလည္လည္။ေခါင္းရမ္းပစ္လိုက္ကာ ေလ့က်င့္ခန္းကို ျပင္းျပင္းထန္ထန္လုပ္ပစ္လိုက္သည္။
♡ ♡ ♡ ♡ ♡ Z H A N G ♡ ♡ ♡ ♡ ♡
"ညစာ စားၿပီးၿပီလား"
"ဟင့္အင္း...မဆာလို႔"
ဆိုဖာေပၚက ကိုယ့္ကိုတစ္ခ်က္မ်ွသာၾကည့္ၿပီး ေခြၽး
ေတြႏွစ္ေနတဲ့ အက်ၤ ီကိုခြၽတ္ေနသည္။ေက်ာျပင္က်ယ္က်ယ္...ခိုင္ခန္ ့သည့္ လက္ေမာင္းႀကီးေတြ။အားကစားလုပ္သေလာက္လည္း သန္မာလြန္းပါသည္။ကိုယ့္ကို ခ်ီေပြ႔တာေတာင္ ဇိုးကနဲ ဇက္ကနဲအသာေလး။
TV ဇာတ္လမ္းထဲက အိမ္ေထာင္သည္ေတြ
ၾကည္ႏူးေနတာျမင္ရေတာ့ သူနဲ႔ကိုယ့္အေၾကာင္း
ေခါင္းထဲေရာက္လာသည္။
ကြၽန္ေတာ့္ကို ဘာလို႔ လက္ထပ္တာလဲ လို႔
မဂၤလာေဆာင္ခါနီးမွ မ်က္ႏွာခ်င္းဆိုင္ဖူးတဲ့ သူ႔
ကိုJun Myeon မေမးခဲ့ပါ။အျမဲတမ္း ႐ုပ္တည္ၾကီးနဲ႔ သူ႔မွာေရာ တစ္စံုတစ္ေယာက္႐ွိရဲ႕လားရယ္လို႔ သိဖို႔လည္း မႀကိဳးစားခဲ့။
တစ္ေန႔ တစ္ေန႔ သူ႔အလုပ္နဲ႔သူ...ကိုယ့္အလုပ္နဲ႔ကိုယ္ ျဖတ္သန္းေနရတာကို မၿငီးေငြ႔ေနတာလည္း အံ့ဩစရာပင္။
သူကေရာ။
အဲ့ဒီလူႀကီးကေရာ ကိုယ့္အေပၚ ဘယ္လိုသေဘာထားပါလိမ့္ေလ။
သူ႔အတြက္ တာ၀န္ပိုတယ္လို႔မ်ား ေတြးေလမလား။
မရင့္က်က္ေသးတဲ့ ကိုယ့္ကို ဆိုးလိုက္တာ လို႔မ်ားထင္မလား။
ေရခ်ိဳးခန္းထဲကေန ေခါင္းသုတ္ရင္းထြက္လာတဲ့
ဲ့သူ႔ကို မသိမသာ ေငးမိသည္။
"ဦး"
ေခၚလိုက္တာ တိုးတိုးေလးေပမဲ့ သူလွမ္းၾကည့္လာသည္။စိတ္ထဲ အသက္အပိုင္းအျခားကို တြက္ၾကည့္ေနရင္း ႏႈတ္က လႊတ္ကနဲ ထြက္သြားၿပီးမွ အရင္ အၾကည့္လႊဲကာ မသိခ်င္ေယာင္ေဆာင္ေနမိသည္။သတိမထားမိဖို႔ ေမ်ွာ္လင့္ေသာ္လည္း ကိုယ္႐ွိရာ ေရြ႔လ်ားလာတဲ့ ေျခလွမ္းေတြ။
"ဘယ္လို ေခၚလိုက္တယ္...Jun Myeon...Huh?"
"ဟို...ခင္ဗ်ားကို ဘယ္လိုေခၚသင့္လဲ ေတြးေနတာ"
"ဦး?...အင္း...ကိုယ့္အသက္ သံုးဆယ့္နွစ္ပဲ...ျဖစ္သင့္ပါတယ္"
"သံုးဆယ့္ႏွစ္ေတာင္႐ွိၿပီလား"
"အင္း...ကိုယ္အသက္ႀကီးၿပီ"
"ဟင့္အင္း...သံုးဆယ္အရြယ္က အမိုက္ဆံုးပဲတဲ့"
သူျပံဳးသည္။ပါးခ်ိဳင့္ေတြခြက္၀င္သြားေအာင္ကို ႏႈတ္ခမ္းလႊာေတြ ေစ့လ်က္သား သူျပံဳး၏။အ၀တ္လဲၿပီး
အခန္းထဲက ထြက္သြားတာကိုလည္း လိုက္ေငးေနခဲ့မိသည္။
ညဆယ္နာရီေက်ာ္မွ သူ အခန္းထဲ ျပန္ေရာက္လာသည္။မ်က္လံုးေတြမွိတ္ထားေပမဲ့ နံေဘးမွာ ၀င္လွဲလိုက္တာကို အထိအေတြ႔အရ ခံစားမိသည္။မျမင္ရလည္း သူနဲ႔ကိုယ့္ၾကားက အကြာအေ၀း ဘယ္ေလာက္လဲ ခန္႔မွန္းမိၿပီးသား။
အျမဲတမ္း...ကိုယ္နဲ႔ သံုးေပေက်ာ္ အကြာေလာက္မွာ
အိပ္တတ္သည့္သူ။
အျမဲတမ္းပဲ...။
သူစိမ္းဆန္သလို ခံစားရေသာ္လည္း ေတြးၾကည့္ရင္
သူစိမ္းေတြပါပဲေလ။
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
[Unicode]
"သားဒီလိုတွေပြောတိုင်း မားအပေါ် သူစိမ်းဆန်သလိုခံစားရတယ် Yi Xing...သိလား"
အဆုံးသတ်မှာ စကားလုံးတွေ တိုးတိမ်သွားခဲ့
ဲ့ပေမဲ့ မျက်လုံးထောင့်ကို လက်ဖျားလေးနှင့်
အသာဖိသုတ်ပြီး ချက်ချင်းခေါင်းပြန်မော့သည်။
အရင်အတိုင်းပဲ။ဝမ်းနည်းစိတ်ကို အနည်းငယ်မျှ
လှစ်ဟ မပြလိုတာ မားရဲ့ပုံစံပဲ။
"ကျန်းမာရေး ဂရုစိုက်ပါ မား"
ကားစက်သံ သဲ့သဲ့ကြားတော့ သူထရပ်လိုက်သည်။ခေါင်းမာလိုက်တာ ဆိုသည့်ပုံစံမျိုးနှင့် မားက
သူ့ကိုကြည့်သည်။သူ့အဖေအတိုင်းပဲလို့ နှုတ်ကထုတ်မပြောလည်း အဲ့ဒီမျက်ဝန်းတွေကို အပြည့်အ၀ နားလည်ပြီးသား။
"မင်္ဂလာပါ အန်တီ"
"Jun Myeon လေး"
"ပြန်တော့မလို့လား"
"ရောက်တာ ကြာပြီ သားရဲ့...အလုပ်လည်းရှိသေးလို့...အိမ်လာလည်ဦးနော်"
"ဟုတ်ကဲ့"
ပွေ့ဖက်နှုတ်ဆက်ပြီး အိမ်ရှေ့ထိ စကားတပြော
ပြောနဲ့ ပါသွားသည့်ကောင်လေး။ကားစက်နှိုး
ပြီးသည့်တိုင် ရယ်မောကာရယ် စကားစမပြတ်နိုင်တဲ့မားက သူနဲ့ မျက်နှာချင်းဆိုင်နေတုန်းကနှင့်လားလားမျှ မဆိုင်။
သူတစ်ပြန် ကိုယ်တစ်ခွန်း ဖြစ်ကြတိုင်း မားလည်း
ဒေါသထွက်ဝမ်းနည်းရသလို သူသည်လည်း ခေါင်းကိုက်ရစမြဲ။သူ့အလုပ်နဲ့ပါတ်သက်ပြီး စကားစ
လျှင် သားအမိနှစ်ယောက်ကြား တင်းမာမှုတွေရှိလာပြီ။ပါပါးရဲ့နောက်ဆုံးခရီးက သူ့ရည်မှန်းချက်တွေ ယိမ်းယိုင် ရဖို့မဟုတ်ခဲ့ပါ။
ခြံထဲမှာ Max နဲ့ ဘောလုံးကစားနေတဲ့ ကောင်လေးကိုမြင်တော့ အပြုံးတွေက အလိုအလျောက်
ဖြစ်ထွန်းလေသည်။ငါးနှစ်သား Max သည် Golden Retriever အမျိုးအစား ဖြစ်ပြီး
သင်ယူတတ်မြှောက်လွယ်တာကြောင့် Max နဲ့
ကစားချိန်တွေမှာ ကလေးက သိပ်ပျော်နေတတ်သည်။
မှတ်မိပါသေးသည်။လက်ထပ်ပြီး သူ့အိမ်ကိုလိုက်ခဲ့ရမယ်ဆိုတော့ မျက်နှာငယ်လေးနဲ့ ခွင့်တောင်းတဲ့ စကားတစ်ခွန်း။
"ကျွန်တော် Max ကို ခေါ်ခဲ့လို့ရလား" တဲ့။
ဟိုကောင်လေးကလည်း သခင်နားက မခွာ။မျက်
်ဝန်းငယ်လေးတွေနှင့် သခင်ကို တစ်လှည့် ကိုယ့်ကိုတစ်လှည့် ကြည့်နေခဲ့တာမို့ "မရဘူးလို့" စနောက်ဖို့ပင် အင်အားမရှိခဲ့။
♡ ♡ ♡ ♡ ♡
"Jun Myeon"
အခန်းထဲမှာမရှိ။ဧည့်ခန်းမှာလည်းမရှိ။ထမင်းစားခန်းမှာပါ မတွေ့ရသဖြင့် အသံပြု လိုက်တော့လည်းတုံ့ပြန်မှုတစ်စုံတစ်ရာ ပြန်မလာ။ဖုန်းဆက်ကြည့်လိုက်သည်။လွယ်အိတ်ထဲကပင် မထုတ်ရသေးတဲ့ဖုန်းလေးက တဒီးဒီး။ပါတ်ဝန်းကျင်မှာ မိုးရိပ်တွေလွှမ်းလာတော့ လိုက်ရှာရန် ကားမောင်းထွက်ခဲ့လိုက်သည်။ဖုန်းထားခဲ့တာမို့ ဝေးဝေးသွားမည်တော့ မထင်ပါ။
အုံ့မှိုင်းလာသည့် ရာသီဥတုနှင့်အတူ မိုးစက် မိုး
ပေါက်တွေခုန်ဆင်းလာကြသည်။
ဒီကလေး...ဘယ်တွေသွားနေပါလိမ့်။
ရပ်ကွက် ဘောလုံးကွင်းထဲ ကလေးတွေအသံ
ကြား၍ ကားကို အရှိန်လျှော့မိသည်။
"Jun Myeon"
ကလေးတွေနှင့်အတူ ဖိနပ်မပါ ဘာမပါ ဘောလုံးကန်နေတာများ ပျော်လ့ိုရွှင်လို့ ။Baekhyun နဲ့ Kyungsooလည်း ပါ၏။
ကားရပ်ပြီး ယူလာခဲ့တဲ့ ထီးကိုဆောင်းကာ ကွင်းထဲဝင်သွားလိုက်သည်။မိုးက ပိုသည်းလာသော်လည်း ကလေးတစ်သိုက်ကဖြင့် ပြေးလို့လွှားလို့
ကောင်းဆဲပင်။
"Jun Myeon...ဟိုမှာ"
ပြေးနေရင်း ကောင်လေးတစ်ယောက်အော်သံကြောင့် သူရှိရာ လှမ်းကြည့်သည်။စိတ်ပူလို့မှ မဆုံးသေး...မျက်စိရှေ့တွင်လျှောကနဲ ပစ်လှဲသွားသည့် အသေးလေး။
"Ah!"
ခန္ဓာကိုယ်သေးသေးလေး လက်ထဲပါလာချိန်မှာ
တစ်ကိုယ်လုံးရွှဲရွှဲစိုနေခဲ့ပြီ။
♡ ♡ ♡ ♡ ♡
"အဆစ်လွဲသွားတာပဲ...ဆေးထည့်ပြီး ပါတ်တီးစီး
ပေးလိုက်မယ်နော်"
ဆရာဝန်ရှေ့ ကိုုယ့်ကို ချပေးခဲ့ပြီး ပျောက်သွားတဲ့
သူ။ပါတ်တီးစီးပြီးသွားမှ တဘက်တစ်ထည်ကိုင်ပြီးဆေးခန်းထဲ ပြန်ရောက်လာသည်။သူ ဆရာဝန်နှင့်စကားပြောနေတုန်းကြမ်းပေါ်ခြေချမည်လုပ်ပေမဲ့ ထူအိနေသည့် တဘက်ကို ကိုယ်ပေါ်လွှမ်းခြုံပေးလာကာ ပွေ့ချီခေါ်သည်။ကားပေါ်မှာ ကိုယ့်ခြေထောက်ကို တစ်ချက်ကြည့်ပြီး အိမ်ရောက်တဲ့အထိ စကားတစ်ခွန်းမှ မပြောပေ။
"ကျွန်တော့်ဘာသာ လျှောက်ပါ့မယ်"
သူလည်း တစ်ကိုယ်လုံးစိုရွှဲနေသည့်အပြင် ကိုယ့်ကိုပါ ချီပွေ့နေရတာ ခဏခဏမို့ Jun Myeon အားနာသည်။ဒါကို သူက ဘယ်လိုထင်သည်မသိ။
မျက်မှောင် ကျုံ့ပစ်ကာ စုတ်တစ်ချက်သပ်လေသည်။
ဆိုဖာပေါ် အသာအယာချပေးပေမဲ့...
"မိုးတွေဒီလောက်ရွာနေတာ...နေမကောင်းဖြစ်မှာနားမလည်ဘူးလား Jun Myeon...ဟမ်!"
အော်ငေါက်လာတာမို့ ဆတ်ခနဲ ခါသွားရ၏။
ဝမ်းနည်းစိတ်နဲ့ ပူနွေးလာသည့် ပါးပြင်တွေ။
မိုးမိထား၍ ခိုက်ခိုက်တုန်နေတာတောင် ဘယ်
်ရောက်သွားမှန်းမသိ။
"အဝတ်လဲမလို့...ဖယ်"
ထရပ်ပြီးသူ့ကိုတွန်းဖယ်ပေမဲ့ တစ်လှမ်းတောင် မလှမ်းနိုင်သည့် ခြေထောက်က ခွေယိုင်သွားကာ ရင်ခွင်ကျယ်ထဲ ပြိုလဲသည်။
"ငြိမ်ငြိမ်နေ!"
♡ ♡ ♡ ♡ ♡ Z H A N G ♡ ♡ ♡ ♡ ♡
"ငြိမ်ငြိမ်နေလို့ ကိုယ်ပြောနေတယ် Jun Myeon"
"ကျွန်တော့်ဘာသာ လုပ်မယ်"
ခေါင်းသုတ်ပေးမယ်လုပ်တာကို ခေါင်းတရမ်းရမ်းငြင်းကာရယ် ကုတင်ပေါ် ထိုင်နေရာမှ သူ့လက်ထဲက တဘက်ကို လိုက်လုနေသည်မှာအဆိုးအတေလေးလို။စိတ်ပေါက်လာတော့ ဆောင့်ဆွဲပစ်လိုက်ခြင်းမှာ ပြေလျော့သွားသည့် ခါးစည်းကြိုး။
ရင်ဘတ်ကို အင့်ကနဲဝင်ဆောင့်တဲ့ ခန္ဓာကိုယ်လေးက အရှိန်မထိန်းနိုင်ဘဲနောက်ပြန် ပစ်ကျသည်။ခါးလေးကို ဖမ်းထိန်းလိုက်ပေမဲ့ အကြည့်တွေ မှင်သက်နေခဲ့တာမို့ အစီအစဉ်မကျ မွေ့ယာပေါ် နှစ်ယောက်လုံး နင့်ကနဲ။
မျက်နှာလေးမဲ့လျက်...ရင်ခွင်အောက်က ကောင်လေး နာသွားဟန်တူသည်။
ရဲသွေးကြွ နှုတ်ခမ်းဖူးဖူးလေး။ဖြူ နှစ်ဝင်းမွတ်
သည့် အသားအရည်။နူးနူးညံ့ညံ့ အထိအတွေ့တွေ။
Bathrobe ဖြူ ဖြူ ကို ဆွဲချပစ်ချင်သည့်စိတ်။
ရေငတ်သလို ခံစားချက်က ရင်ထဲပူတက်လာ၏။
"နာတယ်"
ကိုယ့်ကိုကိုယ် ထိန်းချုပ်ကာ ကိုယ်လုံးသေးသေးလေးပေါ်ကနေ ရုန်းထလိုက်ရသည်။
ဗြောင်းဆန်နေသည့် ရင်ခုန်သံတွေ အရှိန်လျော့စေရန်အလို့ငှါ Gym ခန်းထဲမှာဟိုဖက် ဒီဖက်လျှောက်ရင်းအသက်ကို ဖြည်းဖြည်းချင်း ရှူ ထုတ်မိသည်။
အနမ်းခြွေဖို့ပင် မရဲတဲ့ ကိုယ်ရယ်လေ။နာကျင်မဲ့မဲ့ မျက်နှာလေးက အာရုံထဲ တဝဲလည်လည်။ခေါင်းရမ်းပစ်လိုက်ကာ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်ပစ်လိုက်သည်။
♡ ♡ ♡ ♡ ♡ Z H A N G ♡ ♡ ♡ ♡ ♡
"ညစာ စားပြီးပြီလား"
"ဟင့်အင်း...မဆာလို့"
ဆိုဖာပေါ်က ကိုယ့်ကိုတစ်ချက်မျှသာကြည့်ပြီး ချွေး
တွေနှစ်နေတဲ့ အကျၤ ီကိုချွတ်နေသည်။ကျောပြင်ကျယ်ကျယ်...ခိုင်ခန့်သည့် လက်မောင်းကြီးတွေ။အားကစားလုပ်သလောက်လည်း သန်မာလွန်းပါသည်။ကိုယ့်ကို ချီပွေ့တာတောင် ဇိုးကနဲ ဇက်ကနဲအသာလေး။
TV ဇာတ်လမ်းထဲက အိမ်ထောင်သည်တွေ
ကြည်နူးနေတာမြင်ရတော့ သူနဲ့ကိုယ့်အကြောင်း
ခေါင်းထဲရောက်လာသည်။
ကျွန်တော့်ကို ဘာလို့ လက်ထပ်တာလဲ လို့
မင်္ဂလာဆောင်ခါနီးမှ မျက်နှာချင်းဆိုင်ဖူးတဲ့ သူ့
ကိုJun Myeon မမေးခဲ့ပါ။အမြဲတမ်း ရုပ်တည်ကြီးနဲ့ သူ့မှာရော တစ်စုံတစ်ယောက်ရှိရဲ့လားရယ်လို့ သိဖို့လည်း မကြိုးစားခဲ့။
တစ်နေ့ တစ်နေ့ သူ့အလုပ်နဲ့သူ...ကိုယ့်အလုပ်နဲ့ကိုယ် ဖြတ်သန်းနေရတာကို မငြီးငွေ့နေတာလည်း အံ့ဩစရာပင်။
သူကရော။
အဲ့ဒီလူကြီးကရော ကိုယ့်အပေါ် ဘယ်လိုသဘောထားပါလိမ့်လေ။
သူ့အတွက် တာဝန်ပိုတယ်လို့များ တွေးလေမလား။
မရင့်ကျက်သေးတဲ့ ကိုယ့်ကို ဆိုးလိုက်တာ လို့များထင်မလား။
ရေချိုးခန်းထဲကနေ ခေါင်းသုတ်ရင်းထွက်လာတဲ့
ဲ့သူ့ကို မသိမသာ ငေးမိသည်။
"ဦး"
ခေါ်လိုက်တာ တိုးတိုးလေးပေမဲ့ သူလှမ်းကြည့်လာသည်။စိတ်ထဲ အသက်အပိုင်းအခြားကို တွက်ကြည့်နေရင်း နှုတ်က လွှတ်ကနဲ ထွက်သွားပြီးမှ အရင် အကြည့်လွှဲကာ မသိချင်ယောင်ဆောင်နေမိသည်။သတိမထားမိဖို့ မျှော်လင့်သော်လည်း ကိုယ်ရှိရာ ရွေ့လျားလာတဲ့ ခြေလှမ်းတွေ။
"ဘယ်လို ခေါ်လိုက်တယ်...Jun Myeon...Huh?"
"ဟို...ခင်ဗျားကို ဘယ်လိုခေါ်သင့်လဲ တွေးနေတာ"
"ဦး?...အင်း...ကိုယ့်အသက် သုံးဆယ့်နှစ်ပဲ...ဖြစ်သင့်ပါတယ်"
"သုံးဆယ့်နှစ်တောင်ရှိပြီလား"
"အင်း...ကိုယ်အသက်ကြီးပြီ"
"ဟင့်အင်း...သုံးဆယ်အရွယ်က အမိုက်ဆုံးပဲတဲ့"
သူပြုံးသည်။ပါးချိုင့်တွေခွက်ဝင်သွားအောင်ကို နှုတ်ခမ်းလွှာတွေ စေ့လျက်သား သူပြုံး၏။အဝတ်လဲပြီး
အခန်းထဲက ထွက်သွားတာကိုလည်း လိုက်ငေးနေခဲ့မိသည်။
ညဆယ်နာရီကျော်မှ သူ အခန်းထဲ ပြန်ရောက်လာသည်။မျက်လုံးတွေမှိတ်ထားပေမဲ့ နံဘေးမှာ ဝင်လှဲလိုက်တာကို အထိအတွေ့အရ ခံစားမိသည်။မမြင်ရလည်း သူနဲ့ကိုယ့်ကြားက အကွာအဝေး ဘယ်လောက်လဲ ခန့်မှန်းမိပြီးသား။
အမြဲတမ်း...ကိုယ်နဲ့ သုံးပေကျော် အကွာလောက်မှာ
အိပ်တတ်သည့်သူ။
အမြဲတမ်းပဲ...။
သူစိမ်းဆန်သလို ခံစားရသော်လည်း တွေးကြည့်ရင်
သူစိမ်းတွေပါပဲလေ။
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡