抖阴社区

ZHANG

By JunXing_RoRo

379K 39.5K 2.3K

JUNXING More

EPISODE 1
EPISODE 2
EPISODE 4
EPISODE 5
EPISODE 6
EPISODE 7
EPISODE 8
EPISODE 9
EPISODE 10
EPISODE 11
EPISODE 12
EPISODE 13
EPISODE 14
EPISODE 15
EPISODE 16
EPISODE 17
EPISODE 18
EPISODE 19
EPISODE 20
EPISODE 21
EPISODE 22
EPISODE 23
EPISODE 24
EPISODE 25[FINALE]
ZHANG

EPISODE 3

17.2K 1.7K 179
By JunXing_RoRo

"​အတန္​းမတက္​ႏိုင္​ဘူးမလား"

"ကြၽန္​​ေတာ္​ ခြင္​့တိုင္​ထားတယ္​"

​ေျခ​ေထာက္​က​ေလးကို အသာခ်ကာ ၾကမ္​းျပင္​​ေပၚ မုဆိုးဒူး​ေထာက္​ထိုင္​​ေနရာမွ  ​ေမာ့ၾကည္​့လိုက္​သည္​။သူ႔အားငံု႔မိုးၾကည္​့​ေနခဲ့သည္​့ မ်က္​၀န္​း​ေလး​ေတြ မိႈင္​း​ေန​ေလ​ေတာ့ အနည္​းငယ္​ ရဲခ်င္​​ေန​ေသာ ပါး​ေဖာင္​း​ေလး​ေတြ​ေပၚ လက္​​ေရာက္​၏။လက္​ခံု​​ေအာက္​က ခပ္​​ေႏြး​ေႏြးအထိအ​ေတြ႔။ဒီက​ေလး...ဖ်ား​ေနၿပီ။

"​ေနမ​ေကာင္​းျဖစ္​ၿပီ Jun Myeon"

မ်က္​လႊာခ်သည္​။က​ေလး​တစ္​​ေယာက္​ အဆူခံရမွာ စိုးသလိုမ်ိဳး ၿငိမ္​က်သြားသည္​။

"​ေဆးခန္​းသြားမလား...ဒါမွမဟုတ္​...ကိုယ္​ဆရာ၀န္​​ေခၚ​ေပးရမလား"

"​ေဆး​ေသာက္​ၿပီး နား​ေနလိုက္​မယ္​​ေလ...ရံုးခ်ိန္​နီး​
ေနၿပီမဟုတ္​လား...ကြၽန္​​ေတာ္​ ​ေနသာပါတယ္​"

"ဒါျဖင္​့လည္​း...​ေလ​ေအးမခံနဲ႔...Jun Myeon
စားခ်င္​တာ႐ွိရင္​ အန္​တီYui ကို ​ေျပာ...တစ္​ခုခုဆို
ကိုယ္​့ကိုဖုန္​းဆက္​"

​ေစာင္​ပါးတစ္​ထည္​ လႊမ္​းျခံဳ​ေပးရင္​း သူ​ေျပာ​ေတာ့ ​ေခါင္​းၿငိမ္​့သည္​။​​တစ္​ခုခုစားၿပီး ​ေဆး​ေသာက္​ဖို႔လည္​း မွာရ​ေသးသည္​။​​​TV ​ေ႐ွ႕က စားပြဲ​ေပၚမွာ ​ေရခ်ိဳင္​့ရယ္...ဖန္​ခြက္​တစ္​လံုးရယ္​...​ေဆးအခ်ိဳ႕ရယ္​ကို ဗန္​းတစ္​ခုႏွင္​့ တင္​​ေပးခဲ့လိုက္​သည္​။​

"TV ကိုအရမ္​းအာရံုမစိုက္​နဲ႔...​ေခါင္​းကိုက္​မယ္​"

​ေနထိုင္​မ​ေကာင္​းရင္​ ဆိုဖာ​ေပၚမွာသာ ​ေခြ​ေနတတ္​တဲ့အက်င္​့​ေလး႐ွိသည္​။​ေျခ​ေထာက္​ကပါ နာ​ေန​​​
ေသးေတာ့ အိပ္​ခ်င္​လာရင္​ ​ေႏြး​ေႏြး​ေထြး​ေထြး႐ွိ​ေစ
ရန္​ ​​နံ​ေဘးမွာ ​ေစာင္​နွင္​့​ေခါင္​းအံုးလည္​းအဆင္​သင္​့။

"ကိုယ္​သြားၿပီ"

"ဟုတ္​ကဲ့"

​ေန​မ​ေကာင္​းတဲ့က​ေလး အိမ္​မွာက်န္​ခဲ့​ေလ
သျဖင္​့ရံုးတက္​ရတာ ​ေနာက္​ဆံတင္​းတင္​းပင္​။
စိုးရိမ္​ ပူပန္​မႈ​ေတြႏွင္​့တစ္​​​ေန႔တာသည္​ကား
ခါတိုင္​းထက္​ ပိုၾကာ​ေနခဲ့သလို။

                      ♥ ♥ ♥ ♥ ♥

"Jun Myeon...Jun Myeon"

လက္​​ေမာင္​းကို အသာလႈပ္​ရမ္​း​ေနသည္​့ အထိအ​ေတြ႔နွင့္​​ေခၚသံတိုးတိုး။တစ္​​ေနကုန္​ အိပ္​လိုက္​ ႏိႈးလိုက္​ ျဖစ္​​ေနသျဖင္​့ ႐ုတ္​တရက္​ ​ေန႔မွန္​းညမွန္း မသဲကြဲ။

"​Hmm"

"ထ​ေတာ့ Jun Myeon...ညစာ စားရ​ေအာင္​"

ထပင္​မထိုင္​ရ​ေသး လူက သူ႔လက္​ေတြထဲ ​ေစြ႔ကနဲပါသြားၿပီ။​ေျခ​ေထာက္​နာ​ေနတဲ့လူတိုင္​းကို ဒီလိုပဲ
ၾကင္​နာတတ္​တာလားလို႔ ဗိုလ္​ႀကီးကို ​ေမးၾကည္​့ခ်င္​
သည္​။

"ဒါ​ေတာ့ ကုန္​​ေအာင္​စား​ေပး...ဟုတ္​ၿပီလား"

မနက္​စာ​ေရာ ​ေန႔လည္​စာ​ေရာ မစားခ်င္​ စားခ်င္...​​
တို႔ထိတို႔ထိ လုပ္​ခဲ့တာကို သူသိၿပီး​ေလာက္​ၿပီ။အ​ေငြ႔
တ​ေထာင္​း​ေထာင္​းထ​ေနသည္​့ ဆန္​ျပဳတ္​ပန္​းကန္​
ကိုၾကည္​့မိသည္​။ၾကက္​သားမ်ွင္​မ်ွင္​​ေလး​ေတြပါၿပီး
ကိုယ္​့အႀကိဳက္​ မုန္​လာဥ​နီ​ေလး​ေတြ​ေရာ။

ဇြန္​းမကိုင္​မခ်င္​း  သူကိုယ္​့ကို ၾကည္​့​ေနတာ မ်က္​​
ေတာင္​ပင္​မခတ္​။တဟူးဟူးမႈတ္​ကာ ​ေသာက္​လိုက္​​ေတာ့ ဆန္​လံုးျဖဴ အိအိ​​ေလး​ေတြထဲစိမ္​့၀င္​​ေနသည္​့
ၾကက္​စြပ္​ျပဳတ္​အရသာ။အနံ႔ျပင္​းျပင္​း ဘာမွမထည္​့ထား။မုန္​လာဥနီ​​ေတြလည္​း ပံုမပ်က္​ဘဲ စားရတာ
ခ်ိဳသည္​။

သူခ်က္​ျပဳတ္​တတ္​တာကို သိ​ေပမဲ့ ကိုယ္​ဘာႀကိဳက္​တတ္​လည္​း တစ္​ခါမွ မ​ေမးဖူး။သို႔​ေသာ္​ ကိုယ္​့အတြက္​ သူျပင္​​ေပးသမ်ွ အစားအစာတိုင္​း အႀကိဳက္​​ေတြ႔
ၿပီး အရသာ႐ွိသည္​ခ်ည္​း။

ဇြန္​းသံပန္​းကန္​သံကလႊဲၿပီး အခန္းထဲ​မွာ တိတ္​
ဆိတ္​​ေနသည္​။စားပြဲရဲ႕ဟိုဖက္​ဒီဖက္​ ထိုင္​ကာ
မၾကာခဏ အၾကည္​့ခ်င္​းဆံုလ်ွင္​ အရင္​မ်က္​လႊာခ်မိတာက ကိုယ္​။​သူက​ေတာ့ Jun Myeon
​ေကာင္​း​ေကာင္​းစားရဲ႕လား ​စစ္​​ေဆး​ေနဟန္​။

"​ေခါက္​ဆြဲ စားခ်င္​​ေသးလား"

သူ႔ကို ခဏခဏ ၾကည္​့​ေနမိျခင္​းအား ​သူစား​ေနတဲ့
စပါကတ္​တီ​ေၾကာင္​့လို႔ ထင္​​ေလသလားမသိ။

"ဟင္​့အင္​း"

​သူရပ္​​ေနတဲ့​ေဘစင္​နားကို Jun Myeon ျဖည္​း
ျဖည္​းခ်င္​း​ေလ်ွာက္​သြားလိုက္​သည္​။

"ကြၽန္​​ေတာ္​ ကူ​ေပးမယ္​​ေလ"

"ထိုင္​​ေနစမ္​းပါကြာ"

သူ႔လက္​ထဲက ပန္​းကန္​ကိုဆြဲလု​ေတာ့ မ်က္​ခံုးတန္း​​ႏွစ္​ဖက္​ တြန္​႔ခ်ိဳးသြား၏။လက္​ထဲက ပန္​းကန္​လံုးကို အသာျပန္​ခ်ၿပီး ၿငိမ္​​ေနလိုက္​ရသည္​။အားနာပါတယ္​ ​ေျပာရင္​ သူႀကိဳက္​မည္​မဟုတ္​ပါ။

"အဖ်ား​ေတာ့ က်သြားပါၿပီ...ဟုတ္​ကဲ့...လိုအပ္​ရင္​ ကြၽန္​​ေတာ္​ Family doctor ကိုပဲ ဖုန္​းဆက္​လိုက္​ပါ့မယ္​"

"ဖိုးဖိုးလား"

"အင္​း"

ကိုယ့္​လက္​ထဲ ဖုန္​းထည္​့​ေပးကာ သူအျပင္​ထြက္​သြားသည္​။ဖိုးနဲ႔စကား​ေျပာၿပီးဖုန္​းမ်က္​ႏွာျပင္​​ေလးကို
စိုက္​ၾကည္​့​ေနခဲ့မိသည္​။ႏွင္​း​ေတြၾကားထဲ​ေပ်ာ္​​ေနခဲ့​ေသာ ကိုယ္​့ရဲ႕ပံု။ဘယ္​ခ်ိန္​႐ိုက္​ယူလိုက္​သလဲပင္​
မသိရပါ။

Gallery ထဲမွာလည္​း အဲ့ဒီ ပံု​ေလးတစ္​ပံုသာ႐ွိ
သည္​။သူႀကိဳက္​ပါ့မလား မသိဘဲနဲ႔ သူ႔ဖုန္းကို Jun Myeon ​ေလ်ွာက္​ၾကည္​့လို႔ရပါ့မလား​။Contact ရဲ႕ ထိပ္​ဆံုးမွာ ကိုယ္​့ဖုန္​းနံပါတ္​။ Jun...တဲ့။ရင္​ထဲ သိမ္​့ခနဲ။​ေခၚ​ေနက် Jun Myeon လို႔ပဲ မွတ္​ထားပါလား။Kim Jun Myeon လို႔ပဲ မွတ္​မွတ္​။

ကိုယ္​့ဖုန္​းထဲတြင္​​ေတာ့ သူ႔နံပါတ္​ကို "Zhang Xing" ဟူ၍။

  ♡ ♡ ♡ ♡ ♡ Z H A N G ♡ ♡ ♡ ♡ ♡

"ကြၽန္​​ေတာ္​ အျပင္​ထြက္​ခ်င္​တယ္​"

ၾကည္​လဲ့သည္​့ မ်က္​၀န္​း​ေလးေတြကို ဘယ္​တုန္​းကမွ ျငင္းဆန္​ႏိုင္​စြမ္​းမ႐ွိခဲ့။အျမဲတမ္း လွုပ္ရွား တက္​ၾကြ​​​​​​ေနတတ္​တဲ့​ေကာင္​​ေလး...ေန႔စဥ္​ရက္​ဆက္​ အိမ္​ထဲမွာပဲ ​ထိုင္​​ေနရ​ေတာ့ပ်င္​း႐ွာမည္​။​​ေနာက္​ၿပီး ႏွစ္​​ေယာက္​အတူ အျပင္​ထြက္​တာ ခပ္​႐ွား႐ွားရယ္​မို႔ သူ
​ေခါင္​းၿငိမ္​့လိုက္​၏။

July ရဲ႕ည​ေနခင္​းက ထူးထူးျခားျခား သာယာ​ေနသည္။​ေရခဲမုန္​႔စားခ်င္​သည္​ ဆို၍ ​ေကာင္​​ေလး သြား​ေနက် RO Ice cream Cafe ​ေ႐ွ႕မွာ ကားရပ္​
လိုက္​သည္​။

"Matcha ​ေပးပါ"

​ေကာင္​တာက ​ေကာင္​မ​ေလးက ျပံဳးစစနဲ႔။

"ဦး​ေလးရဲ႕ Babe အႀကိဳက္​​ေပါ့" တဲ့။

႐ုတ္​တရက္​ဘာျပန္​​ေျပာရမွန္​းမသိ​ေတာ့ Menu ကိုသာ စိုက္​ၾကည္​့​ေနလိုက္​သည္​။

"​ေကာ္​ဖီက တစ္​ခြက္​"

"ဟုတ္​ကဲ့"

ကမ္​း​ေပးလာတဲ့ ဗန္​း​ေလးထဲ အသည္​းပံုစံ Strawberry Macaron​ပန္းကန္​ေလး​​ပါ ထည္​့​ေပးလာသည္​။"Couple ​ေတြအတြက္​ဒီဆိုင္​က ၀န္​​ေဆာင္​မႈပါ"ဟူသည္​့စကားကိုလည္​း
အဓိပၸါယ္​ပါပါ ျပံဳးရင္​းဆို​ေလသည္​။

​ေကာ္​ဖီကို ျဖည္​းျဖည္​းခ်င္​း​ေသာက္​ရင္​း ​ေ႐ွ႕က
​ေကာင္​​ေလးကို ၾကည္​့မိသည္​။​ice cream ​
ေၾကာင္​့ အနည္​းငယ္​စိုစြတ္​လာတဲ့ ႏႈတ္​ခမ္​း​ေသး​ေသး​ေလးက ​Macaron အ​ေရာင္​ထက္​ပင္​
လွ​ေသးသည္​။Strawberry ​လို ခ်ိဳမလားဆို
တာ​ေတာ့ စိတ္​ကူးႏွင္​့ပင္​ မွန္​းၾကည္​့ႏိုင္​သည္​။

"ကိုယ္​တို႔ လမ္​း​ေလ်ွာက္​ၾကမလား"

"ဟုတ္​"

ဆိုင္​ရဲ႕ တစ္​ဖက္​မွာ သစ္​ပင္​ႀကီး​ေတြ တစ္​ဖက္​တစ္​ခ်က္​ ကာရန္​ထားတဲ့ လမ္​းက​ေလး႐ွိသည္​။
​ေကာင္​​ေလးရဲ႕​ေျခ​​ေထာက္​နာ​ေန​ေသးတာမို႔
​ေလ့က်င္​့ခန္​းသ​ေဘာမ်ိဳးလည္​း ျဖစ္​​ေအာင္​
ပုခံုး​​ေလးကို အသာဖက္​ကာ နံ​ေဘးဆြဲကပ္​ထား
ရင္​း ​ေအး​ေဆးပဲ ​ေလ်ွာက္​ျဖစ္​သည္​။

"​ေဟ့...​ေ႐ွ႕ကိုၾကည္​့​ေလ်ွာက္​​ေလ"

ကိုယ္​့မ်က္​ႏွာကိုပဲ ​ေမာ့​ေငး​ေနတဲ့​က​ေလး...
ခႏၶာကိုယ္​​ေလး ယိုင္​သြား​ေတာ့ ရင္​ဘတ္​ႏွင္​့
ထိန္​းခံထားလိုက္​ရသည္​။ကိုယ္​လံုး​ေသး​ေသး​ေလး
ရင္​ခြင္​ထဲ အံ၀င္​ခြင္​က် ျဖစ္​​ေနပံုက ကုတ္အက်ၤ ီ
႐ွည္​ထဲ ဆြဲသိမ္​း ဖက္​ထားခ်င္​စရာ။

အၾကည္​့​မလႊဲရက္​ႏိုင္​​ေအာင္​​ မ်က္​၀န္​း၀ိုင္​း၀ိုင္​း​ေလး​
ေတြက ၾကည္​စင္​​ေနသည္​။ဆံပင္​ေပ်ာ့​ေပ်ာ့​ေတြကို အသာဖြမိမွ မ်က္​လႊာခ်ကာ ​သူ႔​ေ႐ွ႕က​ေန ​ေလ်ွာက္​သြားသည္​့​ေကာင္​​ေလး။ပါးျပင္​​ေလးႏွစ္​ဖက္​ ရဲ​ေသြးလႊမ္​းသြားတာကို ျမင္​ျဖစ္​​ေအာင္​ ျမင္လိုက္​​​​ေသးရဲ႕။

                    ♡ ♡ ♡ ♡ ♡

ကားနားထိ​ေရာက္​​ေအာင္​ ခပ္​ျမန္​ျမန္​ ​ေလ်ွာက္​လာ
မိျခင္​းတြင္​ ​ေျခ​ေထာက္​က နာက်င္​ရ​ေကာင္း​မွန္​း
လည္​းမသိ​​ေတာ့။ခန္​႔ညား​ေခ်ာ​ေမာလြန္​းပါ​ေသာ ထိုလူသားကို သတိလက္​လႊတ္​​ေငး​ေမာ​ေနခဲ့မိတာ ႐ွက္​ရြံ ့စရာ​။မ်က္​၀န္​းညိဳ​ေတြႏွင္​့ရင္​ဆိုင္​ရလ်ွင္​
အရာရာ​ေမ့​ေလ၏။

"ဆရာ၀န္​က ျပင္​းျပင္​းထန္​ထန္​မလႈပ္​႐ွားရ​ေသးဘူး
လို႔မွာထားရဲ႕သားနဲ့...Jun Myeon"

အိမ္​ျပန္​​ေရာက္​​ေတာ့ ကိုယ္​ ျငင္​းဆန္​​ေနသည္​့ၾကားက ျပန္​​ေယာင္​လာတဲ့ ​ေျခ​ေထာက္​ကို အတင္​းဆြဲယူၿပီး ​ေရခဲကပ္​​ေပးသည္​။ညင္​ညင္သာသာရွိ​လြန္း​သည္​မို႔ ခႏၶာကိုယ္​ကို လႈပ္​လိုက္​ဖို႔ပင္​မရဲ။

ကြၽန္​​ေတာ့္​ကို အဲ့​ေလာက္​ထိ မယုယပါနဲ႔လား။

​ေယာက္​်ား​ေလး​ေပမဲ့ ခင္​ဗ်ားရဲ႕ဂ႐ုစိုက္​မႈေတြမွာ
ၾကည္​ႏူး​ေနတတ္​လို႔ပါ။

မ​ေတာ္​တဆမ်ား...ကြၽန္​​ေတာ္​ "ဦး" ကို....။

"Jun Myeon"

"ဗ်ာ"

"ကိုယ္​​ေျပာတာၾကားလား...စာ​ေတြျပန္​လိုက္​ထားဦးလို႔"

"ဟုတ္​ကဲ့"

​​စာမွာ အာရံုႏွစ္​လိုက္​​ေတာ့ က်န္တာမ​ေတြးျဖစ္​။ရာသီဥတုက ခ်မ္​းစိမ္​့စိမ္​့ျဖစ္​လာ၍ Heater
ကိုျမႇင္​့လိုက္​သည္​။သိပ္​မၾကာ မိုး​ရြာခ်လာတာ
သည္​းႀကီးမည္​းႀကီး။

ကိုယ္​အိပ္​ယာ၀င္​​ခ်ိန္​မွာ ညဥ္​့နက္​​ေနၿပီ။
ကုတင္​တစ္​ဖက္​မွာ၀င္​လွဲကာ ​ေစာင္​ကိုတင္​းတင္​း
ျခံဳ၍အိပ္​​ေပ်ာ္​ဖို႔ႀကိဳးစားရသည္​။႐ုတ္​တရက္​ပါတ္​၀န္​း က်င္​တစ္​ခုလံုး ​ေမွာင္​မဲသြား၍ လူက ဆတ္​ကနဲ။

Jun Myeon အ​ေမွာင္​ ​ေၾကာက္​ပါသည္​။

ကိုယ္​ကို တစ္​ပါတ္​လွိမ္​့ၿပီး နံ​ေဘးကို တ​ေရြ႔​ေရြ႔ တိုးသြားမိသည္။

"ဦး"

​အက်ၤ ီခါးစကိုလွမ္​းဆြဲမိလိုက္​သည္​ထင္​။
​သိုင္​းဖက္​လာတဲ့ လက္​တစ္​ဖက္​ႏွင္​့အတူ
​ေႏြး​ေထြးလံုျခံဳသြားသလို။​ေက်ာျပင္​ကို အသာအယာပုတ္​​ေပး​လာ​ေတာ့ မ်က္​လံုး​ေတြ မွိတ္​ခ်လိုက္​သည္​။

"ကိုယ္​႐ွိတယ္​"

ၾကင္​ၾကင္​နာနာ အသံ​က ​ေၾကာက္​ရြံ ့မႈကို
တြန္း​လွန္​္နိုင္​​​ဖို႔လံု​ေလာက္​ခဲ့၏။

   ♡ ♡ ♡ ♡ ♡ Z H A N G ♡ ♡ ♡ ♡ ♡

​​







[Unicode]

"အတန်းမတက်နိုင်ဘူးမလား"

"ကျွန်တော် ခွင့်တိုင်ထားတယ်"

ခြေထောက်ကလေးကို အသာချကာ ကြမ်းပြင်ပေါ် မုဆိုးဒူးထောက်ထိုင်နေရာမှ  မော့ကြည့်လိုက်သည်။သူ့အားငုံ့မိုးကြည့်နေခဲ့သည့် မျက်ဝန်းလေးတွေ မှိုင်းနေလေတော့ အနည်းငယ် ရဲချင်နေသော ပါးဖောင်းလေးတွေပေါ် လက်ရောက်၏။လက်ခုံအောက်က ခပ်နွေးနွေးအထိအတွေ့။ဒီကလေး...ဖျားနေပြီ။

"နေမကောင်းဖြစ်ပြီ Jun Myeon"

မျက်လွှာချသည်။ကလေးတစ်ယောက် အဆူခံရမှာ စိုးသလိုမျိုး ငြိမ်ကျသွားသည်။

"ဆေးခန်းသွားမလား...ဒါမှမဟုတ်...ကိုယ်ဆရာဝန်ခေါ်ပေးရမလား"

"ဆေးသောက်ပြီး နားနေလိုက်မယ်လေ...ရုံးချိန်နီး
နေပြီမဟုတ်လား...ကျွန်တော် နေသာပါတယ်"

"ဒါဖြင့်လည်း...လေအေးမခံနဲ့...Jun Myeon
စားချင်တာရှိရင် အန်တီYui ကို ပြော...တစ်ခုခုဆို
ကိုယ့်ကိုဖုန်းဆက်"

စောင်ပါးတစ်ထည် လွှမ်းခြုံပေးရင်း သူပြောတော့ ခေါင်းငြိမ့်သည်။တစ်ခုခုစားပြီး ဆေးသောက်ဖို့လည်း မှာရသေးသည်။TV ရှေ့က စားပွဲပေါ်မှာ ရေချိုင့်ရယ်...ဖန်ခွက်တစ်လုံးရယ်...ဆေးအချို့ရယ်ကို ဗန်းတစ်ခုနှင့် တင်ပေးခဲ့လိုက်သည်။

"TV ကိုအရမ်းအာရုံမစိုက်နဲ့...ခေါင်းကိုက်မယ်"

နေထိုင်မကောင်းရင် ဆိုဖာပေါ်မှာသာ ခွေနေတတ်တဲ့အကျင့်လေးရှိသည်။ခြေထောက်ကပါ နာနေ
သေးတော့ အိပ်ချင်လာရင် နွေးနွေးထွေးထွေးရှိစေ
ရန် နံဘေးမှာ စောင်နှင့်ခေါင်းအုံးလည်းအဆင်သင့်။

"ကိုယ်သွားပြီ"

"ဟုတ်ကဲ့"

နေမကောင်းတဲ့ကလေး အိမ်မှာကျန်ခဲ့လေ
သဖြင့်ရုံးတက်ရတာ နောက်ဆံတင်းတင်းပင်။
စိုးရိမ် ပူပန်မှုတွေနှင့်တစ်နေ့တာသည်ကား
ခါတိုင်းထက် ပိုကြာနေခဲ့သလို။

                      ♥ ♥ ♥ ♥ ♥

"Jun Myeon...Jun Myeon"

လက်မောင်းကို အသာလှုပ်ရမ်းနေသည့် အထိအတွေ့နှင့်ခေါ်သံတိုးတိုး။တစ်နေကုန် အိပ်လိုက် နှိုးလိုက် ဖြစ်နေသဖြင့် ရုတ်တရက် နေ့မှန်းညမှန်း မသဲကွဲ။

"Hmm"

"ထတော့ Jun Myeon...ညစာ စားရအောင်"

ထပင်မထိုင်ရသေး လူက သူ့လက်တွေထဲ စွေ့ကနဲပါသွားပြီ။ခြေထောက်နာနေတဲ့လူတိုင်းကို ဒီလိုပဲ
ကြင်နာတတ်တာလားလို့ ဗိုလ်ကြီးကို မေးကြည့်ချင်
သည်။

"ဒါတော့ ကုန်အောင်စားပေး...ဟုတ်ပြီလား"

မနက်စာရော နေ့လည်စာရော မစားချင် စားချင်...
တို့ထိတို့ထိ လုပ်ခဲ့တာကို သူသိပြီးလောက်ပြီ။အငွေ့
တထောင်းထောင်းထနေသည့် ဆန်ပြုတ်ပန်းကန်
ကိုကြည့်မိသည်။ကြက်သားမျှင်မျှင်လေးတွေပါပြီး
ကိုယ့်အကြိုက် မုန်လာဥနီလေးတွေရော။

ဇွန်းမကိုင်မချင်း  သူကိုယ့်ကို ကြည့်နေတာ မျက်
တောင်ပင်မခတ်။တဟူးဟူးမှုတ်ကာ သောက်လိုက်တော့ ဆန်လုံးဖြူ အိအိလေးတွေထဲစိမ့်ဝင်နေသည့်
ကြက်စွပ်ပြုတ်အရသာ။အနံ့ပြင်းပြင်း ဘာမှမထည့်ထား။မုန်လာဥနီတွေလည်း ပုံမပျက်ဘဲ စားရတာ
ချိုသည်။

သူချက်ပြုတ်တတ်တာကို သိပေမဲ့ ကိုယ်ဘာကြိုက်တတ်လည်း တစ်ခါမှ မမေးဖူး။သို့သော် ကိုယ့်အတွက် သူပြင်ပေးသမျှ အစားအစာတိုင်း အကြိုက်တွေ့
ပြီး အရသာရှိသည်ချည်း။

ဇွန်းသံပန်းကန်သံကလွှဲပြီး အခန်းထဲမှာ တိတ်
ဆိတ်နေသည်။စားပွဲရဲ့ဟိုဖက်ဒီဖက် ထိုင်ကာ
မကြာခဏ အကြည့်ချင်းဆုံလျှင် အရင်မျက်လွှာချမိတာက ကိုယ်။သူကတော့ Jun Myeon
ကောင်းကောင်းစားရဲ့လား စစ်ဆေးနေဟန်။

"ခေါက်ဆွဲ စားချင်သေးလား"

သူ့ကို ခဏခဏ ကြည့်နေမိခြင်းအား သူစားနေတဲ့
စပါကတ်တီကြောင့်လို့ ထင်လေသလားမသိ။

"ဟင့်အင်း"

သူရပ်နေတဲ့ဘေစင်နားကို Jun Myeon ဖြည်း
ဖြည်းချင်းလျှောက်သွားလိုက်သည်။

"ကျွန်တော် ကူပေးမယ်လေ"

"ထိုင်နေစမ်းပါကွာ"

သူ့လက်ထဲက ပန်းကန်ကိုဆွဲလုတော့ မျက်ခုံးတန်းနှစ်ဖက် တွန့်ချိုးသွား၏။လက်ထဲက ပန်းကန်လုံးကို အသာပြန်ချပြီး ငြိမ်နေလိုက်ရသည်။အားနာပါတယ် ပြောရင် သူကြိုက်မည်မဟုတ်ပါ။

"အဖျားတော့ ကျသွားပါပြီ...ဟုတ်ကဲ့...လိုအပ်ရင် ကျွန်တော် Family doctor ကိုပဲ ဖုန်းဆက်လိုက်ပါ့မယ်"

"ဖိုးဖိုးလား"

"အင်း"

ကိုယ့်လက်ထဲ ဖုန်းထည့်ပေးကာ သူအပြင်ထွက်သွားသည်။ဖိုးနဲ့စကားပြောပြီးဖုန်းမျက်နှာပြင်လေးကို
စိုက်ကြည့်နေခဲ့မိသည်။နှင်းတွေကြားထဲပျော်နေခဲ့သော ကိုယ့်ရဲ့ပုံ။ဘယ်ချိန်ရိုက်ယူလိုက်သလဲပင်
မသိရပါ။

Gallery ထဲမှာလည်း အဲ့ဒီ ပုံလေးတစ်ပုံသာရှိ
သည်။သူကြိုက်ပါ့မလား မသိဘဲနဲ့ သူ့ဖုန်းကို Jun Myeon လျှောက်ကြည့်လို့ရပါ့မလား။Contact ရဲ့ ထိပ်ဆုံးမှာ ကိုယ့်ဖုန်းနံပါတ်။ Jun...တဲ့။ရင်ထဲ သိမ့်ခနဲ။ခေါ်နေကျ Jun Myeon လို့ပဲ မှတ်ထားပါလား။Kim Jun Myeon လို့ပဲ မှတ်မှတ်။

ကိုယ့်ဖုန်းထဲတွင်တော့ သူ့နံပါတ်ကို "Zhang Xing" ဟူ၍။

  ♡ ♡ ♡ ♡ ♡ Z H A N G ♡ ♡ ♡ ♡ ♡

"ကျွန်တော် အပြင်ထွက်ချင်တယ်"

ကြည်လဲ့သည့် မျက်ဝန်းလေးတွေကို ဘယ်တုန်းကမှ ငြင်းဆန်နိုင်စွမ်းမရှိခဲ့။အမြဲတမ်း လှုပ်ရှား တက်ကြွနေတတ်တဲ့ကောင်လေး...နေ့စဉ်ရက်ဆက် အိမ်ထဲမှာပဲ ထိုင်နေရတော့ပျင်းရှာမည်။နောက်ပြီး နှစ်ယောက်အတူ အပြင်ထွက်တာ ခပ်ရှားရှားရယ်မို့ သူ
ခေါင်းငြိမ့်လိုက်၏။

July ရဲ့ညနေခင်းက ထူးထူးခြားခြား သာယာနေသည်။ရေခဲမုန့်စားချင်သည် ဆို၍ ကောင်လေး သွားနေကျ RO Ice cream Cafe ရှေ့မှာ ကားရပ်
လိုက်သည်။

"Matcha ပေးပါ"

ကောင်တာက ကောင်မလေးက ပြုံးစစနဲ့။

"ဦးလေးရဲ့ Babe အကြိုက်ပေါ့" တဲ့။

ရုတ်တရက်ဘာပြန်ပြောရမှန်းမသိတော့ Menu ကိုသာ စိုက်ကြည့်နေလိုက်သည်။

"ကော်ဖီက တစ်ခွက်"

"ဟုတ်ကဲ့"

ကမ်းပေးလာတဲ့ ဗန်းလေးထဲ အသည်းပုံစံ Strawberry Macaronပန်းကန်လေးပါ ထည့်ပေးလာသည်။"Couple တွေအတွက်ဒီဆိုင်က ဝန်ဆောင်မှုပါ"ဟူသည့်စကားကိုလည်း
အဓိပ္ပါယ်ပါပါ ပြုံးရင်းဆိုလေသည်။

ကော်ဖီကို ဖြည်းဖြည်းချင်းသောက်ရင်း ရှေ့က
ကောင်လေးကို ကြည့်မိသည်။ice cream
ကြောင့် အနည်းငယ်စိုစွတ်လာတဲ့ နှုတ်ခမ်းသေးသေးလေးက Macaron အရောင်ထက်ပင်
လှသေးသည်။Strawberry လို ချိုမလားဆို
တာတော့ စိတ်ကူးနှင့်ပင် မှန်းကြည့်နိုင်သည်။

"ကိုယ်တို့ လမ်းလျှောက်ကြမလား"

"ဟုတ်"

ဆိုင်ရဲ့ တစ်ဖက်မှာ သစ်ပင်ကြီးတွေ တစ်ဖက်တစ်ချက် ကာရန်ထားတဲ့ လမ်းကလေးရှိသည်။
ကောင်လေးရဲ့ခြေထောက်နာနေသေးတာမို့
လေ့ကျင့်ခန်းသဘောမျိုးလည်း ဖြစ်အောင်
ပုခုံးလေးကို အသာဖက်ကာ နံဘေးဆွဲကပ်ထား
ရင်း အေးဆေးပဲ လျှောက်ဖြစ်သည်။

"ဟေ့...ရှေ့ကိုကြည့်လျှောက်လေ"

ကိုယ့်မျက်နှာကိုပဲ မော့ငေးနေတဲ့ကလေး...
ခန္ဓာကိုယ်လေး ယိုင်သွားတော့ ရင်ဘတ်နှင့်
ထိန်းခံထားလိုက်ရသည်။ကိုယ်လုံးသေးသေးလေး
ရင်ခွင်ထဲ အံဝင်ခွင်ကျ ဖြစ်နေပုံက ကုတ်အကျၤ ီ
ရှည်ထဲ ဆွဲသိမ်း ဖက်ထားချင်စရာ။

အကြည့်မလွှဲရက်နိုင်အောင် မျက်ဝန်းဝိုင်းဝိုင်းလေး
တွေက ကြည်စင်နေသည်။ဆံပင်ပျော့ပျော့တွေကို အသာဖွမိမှ မျက်လွှာချကာ သူ့ရှေ့ကနေ လျှောက်သွားသည့်ကောင်လေး။ပါးပြင်လေးနှစ်ဖက် ရဲသွေးလွှမ်းသွားတာကို မြင်ဖြစ်အောင် မြင်လိုက်သေးရဲ့။

                    ♡ ♡ ♡ ♡ ♡

ကားနားထိရောက်အောင် ခပ်မြန်မြန် လျှောက်လာ
မိခြင်းတွင် ခြေထောက်က နာကျင်ရကောင်းမှန်း
လည်းမသိတော့။ခန့်ညားချောမောလွန်းပါသော ထိုလူသားကို သတိလက်လွှတ်ငေးမောနေခဲ့မိတာ ရှက်ရွံ့စရာ။မျက်ဝန်းညိုတွေနှင့်ရင်ဆိုင်ရလျှင်
အရာရာမေ့လေ၏။

"ဆရာဝန်က ပြင်းပြင်းထန်ထန်မလှုပ်ရှားရသေးဘူး
လို့မှာထားရဲ့သားနဲ့...Jun Myeon"

အိမ်ပြန်ရောက်တော့ ကိုယ် ငြင်းဆန်နေသည့်ကြားက ပြန်ယောင်လာတဲ့ ခြေထောက်ကို အတင်းဆွဲယူပြီး ရေခဲကပ်ပေးသည်။ညင်ညင်သာသာရှိလွန်းသည်မို့ ခန္ဓာကိုယ်ကို လှုပ်လိုက်ဖို့ပင်မရဲ။

ကျွန်တော့်ကို အဲ့လောက်ထိ မယုယပါနဲ့လား။

ယောက်ျားလေးပေမဲ့ ခင်ဗျားရဲ့ဂရုစိုက်မှုတွေမှာ
ကြည်နူးနေတတ်လို့ပါ။

မတော်တဆများ...ကျွန်တော် "ဦး" ကို....။

"Jun Myeon"

"ဗျာ"

"ကိုယ်ပြောတာကြားလား...စာတွေပြန်လိုက်ထားဦးလို့"

"ဟုတ်ကဲ့"

စာမှာ အာရုံနှစ်လိုက်တော့ ကျန်တာမတွေးဖြစ်။ရာသီဥတုက ချမ်းစိမ့်စိမ့်ဖြစ်လာ၍ Heater
ကိုမြှင့်လိုက်သည်။သိပ်မကြာ မိုးရွာချလာတာ
သည်းကြီးမည်းကြီး။

ကိုယ်အိပ်ယာဝင်ချိန်မှာ ညဥ့်နက်နေပြီ။
ကုတင်တစ်ဖက်မှာဝင်လှဲကာ စောင်ကိုတင်းတင်း
ခြုံ၍အိပ်ပျော်ဖို့ကြိုးစားရသည်။ရုတ်တရက်ပါတ်ဝန်း ကျင်တစ်ခုလုံး မှောင်မဲသွား၍ လူက ဆတ်ကနဲ။

Jun Myeon အမှောင် ကြောက်ပါသည်။

ကိုယ်ကို တစ်ပါတ်လှိမ့်ပြီး နံဘေးကို တရွေ့ရွေ့ တိုးသွားမိသည်။

"ဦး"

အကျၤ ီခါးစကိုလှမ်းဆွဲမိလိုက်သည်ထင်။
သိုင်းဖက်လာတဲ့ လက်တစ်ဖက်နှင့်အတူ
နွေးထွေးလုံခြုံသွားသလို။ကျောပြင်ကို အသာအယာပုတ်ပေးလာတော့ မျက်လုံးတွေ မှိတ်ချလိုက်သည်။

"ကိုယ်ရှိတယ်"

ကြင်ကြင်နာနာ အသံက ကြောက်ရွံ့မှုကို
တွန်းလှန်နိုင်ဖို့လုံလောက်ခဲ့၏။

   ♡ ♡ ♡ ♡ ♡ Z H A N G ♡ ♡ ♡ ♡ ♡







































    

































​​

     ​​







Continue Reading

You'll Also Like

422 56 8
醼欋勧横羔欋坚愥横愥娽横醼坚娽 脳 醼炨会踞勧横羔炨愥呩 醼欋勧贯羔会欋愥贯愥娽贯伨醼醼娽 脳 醼炨结横勧贯羔炨愥贬 // 饾枼饾梻饾棆饾棇饾棈 饾柆饾棐 饾棦饾槃饾椈 饾棖饾椏饾棽饾棶饾榿饾椂饾椉饾椈 饾柌饾棈饾棃饾棆饾棐 //
7.5K 983 19
Kaihun Start Date - 10 . July . 2021 End Date - 23 . September . 2021 Bubble - Eri 馃槝馃槝
371K 20.2K 52
[饾棔饾棦饾棦饾棡 1] When Jungkook married 'mina' just for his father 'kim taehyung'. Kim taehyung who is jungkook's father's friend, visits their house and...