抖阴社区

Epi-2

10.2K 694 9
                                        

Uni Code

မနက်​ဝေလီ​ဝေလင်း အချိန်ဆိုတာ
ဟန်ဆက်သာလို လူတွေအတွက်တော့
အကောင်းဆုံး အိပ်လို့ကောင်းတဲ့
အချိန်ဖြစ်ပင်မဲ့ အောက်ထပ်က
ဆူဆူညံညံအသံတွေက
ဆက်တိုက်ဆိုသလို ထွက်လာတာကြာင့်
ဟန်ဆက်သာမှာ ဆက်မအိပ်နိုင်တော့ဘဲ
နိုးသွားရသည်။

" ကျစ်.... အိပ်လို့ကောင်းနေပါတယ်ဆိုကွာ "

ဟန်ဆက်သာ မကျေနပ်ခြင်းများစွာနဲ့
ငြီးငြူလိုက်ရင်း
ခေါင်းအုံးအောက် ခေါင်းသွင်းကာ
ပြန်အိပ်ဖို့လုပ်လိုက်ပင်မဲ့
ရပ်မသွားတဲ့အပြင်
အဆက်မပြတ် ထပ်ထွက်လာတဲ့
ထိုဆူညံသံတွေကြောင့်
ဘယ်လိုမှဆက်အိပ်လို့အဆင်မပြေတော့ပေ။
ထို့ကြောင့် ထိုဆူညံသံတွေရှိရာ
အောက်ထပ်ကိုသာ စိတ်ညစ်ညစ်နဲ့
ဆင်းလာလိုက်တော့သည်။

လှေကားပေါ်က ဆင်းဆင်းခြင်း
ဧည့်ခန်းထဲ၌ ခရီးဆောင်အိတ်တွေနဲ့
အပြည့်ဖြစ်နေတာကို မြင်လိုက်ရ၍
ဟန်ဆက်သာ မျက်မှောင်ကျုံ့လိုက်မိသည်။

ဒီခရီးဆောင်အိတ်တွေက
တီငယ့်ဟာတွေမလား။
ဘာလဲ တီငယ်ဧည့်သည်ရသွားတာလား ။
ဒါပင်မဲ့...အရင်ကဆို
ခရီးသွားရင် ကြိုပြောနေကြကို
အခုမှ ဘာလို့ ကြိုမပြောရတာလဲ။

တွေးနေတာထပ် မေးလိုက်တာက
ပိုပြီး အဆင်ပြေတာမို့ ဟန်ဆက်သာ
တီငယ်ကို မျက်စိက ရှာရင်း
ပါးစပ်ကလည်း တကြော်ကြော်
အော်ခေါ်နေလိုက်သည်။

" တီငယ်....တီငယ်... တီငယ်...
တီ..."

" ဟန်ဆက်သာ.... ဧည့်ခန်းထဲကနေအော်မနေနဲ့
ငါ အခန်းထဲမှာ ... "

တီငယ်က သူ့အခန်းထဲကနေ
လှမ်းပြောနေတာကြောင့်
ဟန်ဆက်သာ တီငယ့်အခန်းဆီကိုသာ
သွက်သွက်သွားလိုက်သည်။ထို့နောက်
မှန်တင်ခုံနားမှာ အလုပ်ရှုပ်နေတဲ့
တီငယ့်အနားသွားကာ သူသိချင်တာအား
မေးလိုက်​သည်။

" တီငယ် ဧည့်ခန်းထဲမှာ..
သား... တီငယ့်ခရီးဆောင်အိတ်တွေ တွေ့တယ်..
တီငယ် ဧည့်သည်ရတာလား ... "

" ဟုတ်တယ်သားသား ငါဧည့်သည်ရလို့..
ဒါပင်မဲ့ အခုဧည့်သည်က
ငါ့ဧည့်သည်တော့မဟုတ်ဘူး နှင်းဖြူ ဧည့်သည်... သူက အခု personal case တစ်ခုရှိလို့ ..
မသွားနိုင်တာနဲ့...သူ့အစား ငါသွားပေးရမှာ... "

Don't Put Me In Unclezone(U+Z)Where stories live. Discover now