Uni Code
" အား...... "
ဟန်ဆက်သာရဲ့ အထိတ်တလန့်အော်သံကြောင့်
နေမင်းခန့် နိုးသွားရကာ ချက်ချင်း ထထိုင်လိုက်ပြီး
ဟန်ဆက်သာအား စိုးရိမ်စွာဖြင့်မေးလိုက်သည်။
" ဘာလဲ.... ဘာဖြစ်တာလဲ "
ထိုအခါ ဟန်ဆက်သာက
ပြိုတော့မဲ့မိုးလိုမျိုး မျက်ရည်တွေ
ဝဲနေတဲ့ မျက်ဝန်းကြီးများနဲ့
သူ့ကို ကြည့်လာပြီး ပြောလာလေသည်။
" ဉီးငယ်.... "
" ဟမ်.... ဘာလဲ "
" ကျွန်တော် ညက... "
" အင်း....
" ညက... "
" အင်းလို့.... "
" ညက... "
" ကျစ်... မင်းပြောဉီးမှာလား "
ပြောစရာရှိတာကို မပြောဘဲ
ကြောက်သလိုလို ရွံ့သလိုလို
လုပ်နေတဲ့ ဟန်ဆက်သာကိုကြည့်ရင်း
နေမင်းခန့် စိတ်မရှည်ဖြစ်လာသည်။
လူက အိပ်ရေးမ၀ရင်..
စိတ်မကြည်ပါဘူးဆို
ပြောစရာရှိတာမပြောဘူး ။
" ကျွန်တော် ညကလေ...
ဉီးငယ်ကို ဘာလုပ်မိသေးလဲ "
" ဘာမှမလုပ်ပါဘူး.... ဘာလို့လဲ "
နေမင်းခန့် ဟန်ဆက်သာ၏ အမေးအား
ပြန်ဖြေလိုက်သော်လည်း
ဟန်ဆက်သာက သူ့၏ ရင်ဘက်အား
လက်ညှိုးဖြင့် ထိုးပြီး
တစ်ဖန် ထပ်မေးလာသည်။
" အဲ့ဒါဆို ဉီးငယ်က
ဘာလို့ naked ဖြစ်နေရတာလဲ "
" ဟေး.. ဟေး...
ကိုယ် naked ဖြစ်နေတာမဟုတ်ဘူး
အောက်မှာ ဘောင်းဘီဝတ်ထားတယ်..
ပြီးတော့...အပေါ်ပိုင်း
အင်္ကျီချွတ်ထားတာကလဲ...
မင်းညက ကိုယ့်ပေါ် အန်လိုက်လို့ "
နေမင်းခန့်မှာ ဟန်ဆက်သာအား
ပြောနေရင်း တစ်ခါတည်း
မတ်တပ်ရပ်ပြလိုက်ကာ
Naked မဖြစ်ကြာင်း
သက်သေပါပြလိုက်သည်။
" အဲ့တာဆို... ကျွန်တော်ကရော
ဘာလို့ boxer တစ်ထည်ပဲ
၀တ်ထားရတာလဲ... "
" အဲ့တာက... မင်းကိုယ်က
အရက်နံ့ တအားထွက်နေလို့
ကိုယ် အနံ့မခံနိုင်တာနဲ့
အင်္ကျီချွတ်ပေးထားတာ..
ဘောင်းဘီကတော့..
မင်းဘာသာ မင်း ဆွဲချွတ်ထားတာ "
YOU ARE READING
Don't Put Me In Unclezone(U+Z)
Romance????????? ????????????? ????????????????????????? ?????????????? ????????????? ??????? ???????? ??????????? ?????????? ?? fic ??????? ???????? ?????? ????????????? :X xxxxxxxxxx Zawgyi Code ????????? ????????????? ????????...
