Uni Code
ဟန်ဆက်သာ ဉီးငယ်တို့နဲ့အတူ
ညစာစားပြီးနောက်
၀ရန်တာဘက်ထွက်ကာ
ကြယ်ရောင်တွေ တောက်ပနေတဲ့
အပြောကျယ်တဲ့ ကောင်းကင်ကြီးအား
သဘောတကျငေးကြည့်နေမိသည်။
ဘာရယ်ကြောင့်မှန်းတော့မသိ
ကြယ်တွေအား ငေးကြည့်နေမိတဲ့အချိန်တိုင်း
သူ လွတ်လပ်မှုနဲ့ပျော်ရွှင်မှုကို ခံစားရသည်။
" ဒီမှာ ဘာလာလုပ်နေတာလဲ "
ဘယ်အချိန်က အနားရောက်နေမှန်းမသိတဲ့
ဉီးငယ်က သူ့လိုပဲ ကောင်းကင်ကို
ငေးကြည့်နေရင်း မေးလာလေသည်။
" ကောင်းကင်မှာ ကြယ်တွေစုံနေလို့
လာကြည့်နေတာ....ဉီးငယ်ကရော...
ဒီနေရာကို ဘာလာလုပ်တာလဲ.... "
" အထဲမှာ မင်းကိုမတွေ့လို့..
လိုက်ရှာနေရင်းနဲ့..ဒီကို ရောက်လာတာ "
" ဪ..... "
"..... "
" ဉီးငယ် ... "
" ဟမ်..... "
" ကြယ်တွေက လှတယ်နော် .... "
နေမင်းခန့်လည်း ကြယ်တွေက
လှတယ်ဟု ထင်နေတာကြောင့်
ဟန်ဆက်သာ အပြောကို
ကြယ်တွေကို ငေးနေရင်းနဲ့
ထောက်ခံလိုက်သည်။
" အင်း.... လှတယ် "
" အရင်ကလေ ... ကျွန်တော်ထင်တာက
ကြယ်တွေထပ် ပိုလှနိုင်မယ့်အရာဆိုတာ
မရှိနိုင်လောက်ဘူးလို့လေ...ဒါပင်မဲ့...
အခုတော့ ကျွန်တော်ထင်တာက
မှားနေခဲ့တယ်ဆိုတာ သိသွားခဲ့ရပြီ...
ကြယ်တွေထပ် ပိုလှတဲ့အရာက
ဒီကမ္ဘာမှာ ရှိနေသေးတယ်ဆိုတာကို
ကျွန်တော် ရှာတွေ့ခဲ့မိလို့လေ ... "
နေမင်းခန့်မှာ ထူးထူးခြားခြား
ဟန်ဆက်သာရဲ့တည်တည်ငြိမ်
ပြောနေတဲ့ စကားတွေကြောင့်..
အံဩသွားရကာ ကြယ်တွေကို ငေးနေရာမှ
ဟန်ဆက်သာဘက်ကို လှည့်ကြည့်လိုက်မိသည်။
" ဉီးငယ် သိချင်လား
အဲ့အရာက ဘာလဲဆိုတာ ... "
" အင်း ... ဘာလဲ "
ဟန်ဆက်သာ ဉီးငယ်ရဲ့
အမေးကို ပြန်မဖြေသေးဘဲ
အရင်ဆုံး ဉီးငယ်ရဲ့မျက်ဝန်းများကို
နူးနူးညံ့ညံ့ စိုက်ကြည့်လိုက်သည်။ထို့နောက်
YOU ARE READING
Don't Put Me In Unclezone(U+Z)
Romance????????? ????????????? ????????????????????????? ?????????????? ????????????? ??????? ???????? ??????????? ?????????? ?? fic ??????? ???????? ?????? ????????????? :X xxxxxxxxxx Zawgyi Code ????????? ????????????? ????????...
