Uni Code
" မင်းတို့တွေ ဆိုင်လယ်ခေါင်မှာ
ဘာလုပ်နေကြတာလဲ.... "
နေမင်းခန့် Jack ေအာ်သံကြားမှ
သတိပြန်ဝင်လာပြီး ဟန်ဆက်သာအား
တွန်းကာ ခန္ဓာကိုယ်ချင်းကပ်နေတာမှ
ခပ်မြန်မြန် ခွာပစ်လိုက်သည်။
ဟန်ဆက်သာ သူ့ရဲ့သာယာနေတဲ့
အခြေအနေကို ဖျက်ဆီးလိုက်တဲ့
တရားခံ ဖြစ်သူ ဉီးJack အား
မကျေနပ်ကြည့်နေရင်း ပြန်ပြောလိုက်သည်။
" ဒါက ဆိုင်လယ်ခေါင်မှ မဟုတ်တာ...
Counter ရှေ့လေ...ဉီး Jackရဲ့ "
" ဆိုင်လည်ခေါင် ဟုတ်ဟုတ်မဟုတ်
မင်းတို့ ဆိုင်ထဲမှာ အနေအထိုင်ဆင်ခြင်ဖို့
ပြောနေတာ "
" အိုရ်.. အနေအထိုင်ဆင်ခြင်ရအောင်
ကျွန်တော်တို့က ဘာလုပ်နေလို့လဲ "
ဟန်ဆက်သာ ဉီးJack ရဲ့ စကားကို
ပက်ခနဲ ပြန်ပြောလိုက်ပင်မဲ့
မျက်လုံးကတော့ ဉီးJack ဆီမှ
ပြန်ဖယ်ခွာနေကာ သူ့အရှေ့မှာ
နားရွက်ဖျားတွေ ရဲတက်နေသည်အထိ
ရှက်နေတဲ့ ဉီးငယ်ကို ကြည့်နေမိသည်။
အဟိ... ဒီနေ့က
သူ့အတွက် ဘယ်လိုတောင်
ကံကောင်းတဲ့နေ့လေးလဲ ။
ဉီးငယ်က ရှက်သွားရင်
အခုလိုမျိုး ချစ်ဖို့ကောင်းအောင်အထိ
နားရွက်ဖျားတွေ ရဲတက်လာလိမ့်မယ်လို့
သူဘယ်တော့မှ မထင်ခဲ့မိဘူး ။
အခုတော့ သူ ဉီးငယ်ရဲ့ထိုအချက် ကို
မတော်တဆ သိခွင့်ရလိုက်ပြီ။
" ဟို ... ငါ Toilet သွားလိုက်ဉီးမယ် "
နေမင်းခန့် စောစောက အဖြစ်အပျက်ကြောင့်
ရှက်နေပင်မဲ့ သူက လူကြီးတစ်ယောက်ပေမို့
မသိချင်ယောင်ဆောင်ကာ ပုံမှန်အတိုင်းနေဖို့
ကြိုးစားပါသော်လည်း သူ့ကို
စေ့စေ့စပ်စပ်ကြည့်ကာ အကဲခက်နေသော
ဟန်ဆက်သာကြောင့် ပိုပိုရှက်လာရပြီး
ဘယ်လိုမှ တောင့်မခံနိုင်တော့ပေ။
ထိုကြောင့် ခွေချင်နေတဲ့ ခြေထောက်တွေအား
မနည်းအားပြုပြီး Toilet ကို မပြေးရုံတမယ်
သွားရတော့သည်။ မဟုတ်ရင်
သူဒီနေရာမှာတင် ရှက်လွန်းလို့
အငွေ့ပျံသွားတော့မည် ။
" အဟိ... ဉီးငယ်က ချစ်စရာလေး.. အဟိ "
အညိုရောင် သူ့ရှေ့မှာ လက်သည်းကိုက်ပြီး
တဟိဟိ ဖြစ်နေတဲ့ ဟန်ဆက်သာကို
ကြည့်ရင်း မျက်နှာမဲ့လိုက်မိသည်။
YOU ARE READING
Don't Put Me In Unclezone(U+Z)
Romance????????? ????????????? ????????????????????????? ?????????????? ????????????? ??????? ???????? ??????????? ?????????? ?? fic ??????? ???????? ?????? ????????????? :X xxxxxxxxxx Zawgyi Code ????????? ????????????? ????????...
