抖阴社区

Epi-3

8.9K 576 13
                                        

Uni Code


ဟန်ဆက်သာ ကျောင်းကပြန်လာတော့
သော့ပိတ်ထားတဲ့ ခြံနဲ့ အိမ်တံခါးမက
ဆီးကြိုနေလေသည်။

ဉီးငယ်.. အပြင်ထွက်သွားတာလား။
မနက်ကလည်း သွားသေးတာကို
ဘယ်ကိုများ ထပ်သွားပြန်တာလဲ။

ဟန်ဆက်သာ စိတ်ညစ်ညူးစွာ
သက်ပြင်းချရင်း ကားပေါ်ကဆင်းကာ
ခြံတံခါး ဆင်းဖွင့်လိုက်ပြီး
ကားကို ခြံထဲထိမောင်းသွင်းလိုက်သည်။
ထို့နောက် ခြံတံခါးကို သော့ပြန်ခတ်ကာ
အိမ်ထဲ မ၀င်သေးဘဲ ခြံထဲက ဒန်းပေါ်မှာသာ
ထိုင်ရင်း ဉီးငယ် ပြန်လာတာစောင့်နေလိုက်သည်။
..............................................
နေမင်းခန့် မနက်ကလည်း ဆိုင်ကိစ္စနဲ့
အလုပ်ရှုပ်နေကာ အပြင်သွားနေရပြီး
အခုလည်း ဆိုင်ကိစ္စနဲ့
အပြင်ထပ်ထွက်ရကာ အခုထိ မပြီးသေးပေ။

နားချိန်လေးခဏရတုန်း
ဘယ်ဘက်လက်ကို မြှောက်ပြီး
နာရီကြည့်မိတော့ အချိန်က
ညနေ ၆ နာရီခွဲ ဖြစ်နေပြီ မို့
မျက်မှောင်ကျုံ့လိုက်မိသည်။
အချိန်တွေက အဲ့လောက်တောင် ရှိသွားပြီလား။

ထို့နောက် သူအခုထိ ပြန်မလာသေးလို့
ဟန်ဆက်များ စိတ်ပူနေမလား ဆိုတဲ့
အတွေး တွေးမိသွားတာကြောင့်
မနေ့ကမှ အသစ်ဝယ်ထားတဲ့ ဖုန်း ကို
ထုတ်ကာ ဟန်ဆက်အား ဖုန်း ဆက်ဖို့ ပြင်ရသည်။
သို့သော် ဖုန်း contact ထဲတွင်
ဟန်ဆက် နာမည်မရှိတာကြောင့်
သူအခုထိ ဟန်ဆက် ဖုန်း နံပါတ်ကို
မတောင်းရသေးတာ သတိရမိသွားသည်။
မဖြစ်သေးပါဘူး.. အိမ်ပြန်ရောက်ရင်တော့
ဟန်ဆက် ဆီက ဖုန်းနံပါတ် တောင်းဉီးမှပါ ။

လက်ထဲမှာ ကိုင်ထားဆဲဖြစ်တဲ့ ဖုန်း က
ဖုန်း၀င်လာပြီး တုန်လာတာကြောင့် နေမင်းခန့်
အံ့ဩ သွားရသည်။ မနေ့ကမှ
သူ ဖုန်း ရော ဖုန်း နံပါတ်ရော
အသစ်ဝယ်ထားတာကြောင့်
သူ့ကို ဆက်မည့်သူမှာ လွှာကလွဲ၍မရှိပေ။
သို့ပင်မဲ့လည်း ဆက်တဲ့သူက လွှာမဟုတ်ဘဲ
ဖုန်း နံပါတ် အစိမ်း ဖြစ်နေတာကြောင့်
နေမင်းခန့် ကိုင်ရာနိုးနိုး မကိုင်ရာနိုးနိုး
ဖြစ်နေလေသည်။ ဒါပင်မဲ့လည်း
ဆက်တဲ့သူကို သိချင်တာကြောင့်
နေမင်းခန့် ကိုင်လိုက်လေသည်။

Don't Put Me In Unclezone(U+Z)Where stories live. Discover now