抖阴社区

Extra-2

2.3K 64 0
                                        

Uni

" အနောက်က နှစ်ကောင်ရေ
ဘုန်းကြီးကျောင်းကို ရောက်တော်မူနေပြီမလို့
ထတော် မူလိုက်ကြပါတော့လို့  "

အညိုရောင်၏ ခပ်ကျယ်ကျယ်ထွက်လာတဲ့
အသံကြောင့် အနောက်ခန်းမှာ
တစ်ယောက်ကို တစ်ယောက်မှီပြီး
အိပ်ပျော်နေတဲ့ နေမင်းခန့်နဲ့
ဟန်ဆက်သာတို့မှာ နိုးလာလေသည်။

" ဝါး..... အိပ်လို့ကောင်းလိုက်တာ "

ဟန်ဆက်သာမှာ နိုးနိုးချင်း အားရပါးရ
သမ်းပစ်လိုက်ပြီး ဦးငယ်၏
မပိန်မပါး ခန္ဓာကိုယ်အား
တစ်ကိုယ်လုံးပစ်မှီလိုက်ကာ
ကားပေါ်ကမဆင်းသေးဘဲ
အချိန်ယူပြီး ပျင်း​ေကြာဆွဲကာ
ဆိုလာလေလိုက်သည်။

" ဟိုကောင်တွေ မင်းတို့
ကားထဲက ထွက်ကြတော့လေကွာ..."

ကားနောက်ဖုံးထဲမှ ပစ္စည်းတွေနဲ့
အထုပ်တွေအား ချနေတဲ့ အညိုရောင်မှာ
အခုထိ ကားနောက်ခန်းကနေ မထွက်သေးတဲ့
နှစ်ယောက်ကြောင့် စိတ်တိုသွားကာ
ခပ်ကျယ်ကျယ် လှမ်းအော်လိုက်သည်။

" အေးပါ...အခု ထွက်လာပြီ.... "

နေမင်းခန့်မှာ Jack အား အရင်လှမ်းပြောလိုက်ပြီး
သူ့အားတစ်ကိုယ်လုံးပစ်မှီထားကာ
အခုထိထမယ့်ပုံမပေါ်သေးသော
ဟန်ဆက်အား တွန်းထုတ်ပစ်လိုက်သည်။
ထို့နောက် ကားပေါ်က ဆင်းကာ
Jackနဲ့ အလင်းရောင်တို့နဲ့အတူ
ပစ္စည်းတွေနဲ့ အထုပ်တွေအား
၀ိုင်းချပေးလိုက်သည်။

" ဒကာ ဖိုးညိုတို့ လားကွဲ့ "

အညိုရောင် အထုပ်တွေချနေတုန်း
သူ၏ ငယ်နာမည်အား ခေါ်သံကြားလိုက်ရသည်မို့
နောက်လှည့်ကြည့်လိုက်မိရာ
ခေါ်ဆိုသူမှာ တစ်ခြားသူမဟုတ်ဘဲ
ဘဘုန်းကြီး ဖြစ်နေတာကြောင့်
အညိုရောင် တုံ့ဆိုင်းခြင်းမရှိပြန်ဖြေလိုက်သည်။

" တင်ပါ့ ဘုရား... တပည့်တော်တို့
အခုလေးတင်ပဲ ရောက်လာကြတာပါဘုရား "

" အေးအေး... အခုမှရောက်တာဆိုတော့
နားလိုက်ကြဦး... ဘုန်းဘုန်းမင်းတို့
နေရာမယ့်နေရာကို  လိုက်ပြဖို့
ကိုရင်တစ်ပါး လွှတ်ပေးလိုက်မယ်.... "

" တင်ပါ့ဘုရား... ဒါဆိုတပည့်တော်တို့
ညနေကြမှပဲ ဘုန်းဘုန်းဆီလာခဲ့ပါမယ့်ဘုရား "

Don't Put Me In Unclezone(U+Z)Where stories live. Discover now