抖阴社区

Epi-12

5.1K 350 19
                                        

Uni Code

ဒီနေ့​ နေမင်းခန့်က ဆိုင်လာတာ
နောက်ကျမည်ပြောထား၍
အညိုရောင် ဆိုင်ကို
စောစောသွားရသည်။ သို့သော်
သူဆိုင်ရောက်တော့ အလင်းရောင်က
ဆိုင်ကို ဖွင့်ပြီးနေလေပြီ။
အညိုရောင် ဆိုင်ပေါက်ဝမှာဘဲ
ရပ်နေမိကာ အထဲကိုဝင်ဖို့ တွန့်ဆုတ်နေမိသည်။

ဟိုတစ်နေ့က ကိစ္စဖြစ်ပြီးကတည်းက
သူ အလင်းရောင်ကို မျက်နှာချင်းမဆိုင်ချင်၍
မသိမသာ ရှောင်နေမိတာ အခုတော့
ရှောင်လို့မရတော့တဲ့အပြင် အခြေအနေက
နှစ်ယောက်တည်းတောင် ဖြစ်နေသေးသည်။

ဆိုင်ပေါက်ဝမှာ မ၀င်ဘဲမတ်တပ်ရပ်နေတဲ့
အညိုကို တွေ့လိုက်ရ၍
အလင်းရောင် ပျော်သွားလေသည်။
အညို ဒီရက်ထဲ သူ့ကို မသိမသာရှောင်နေတာ
သူသိတာပေါ့...အခွင့်မသာ၍သာ
သူ့မှာ ငြိမ်နေရတာ...အခုတော့
သူမျှော်နေတဲ့ အခွင့်ကသာနေလေပြီ။

အလင်းရောင် ဆိုင်ပေါက်ဝမှာရပ်နေဆဲဖြစ်တဲ့
အညို့ဆီသို့သွားကာ ဆိုင်တံခါးအား
ဆွဲဖွင့်လိုက်သည်။

" အထဲမ၀င်ဘူးလား ဉီး Jack "

" ဟမ်.. အင်း ၀င်မှာ ... "

ဆိုင်ပေါက်ဝထိရောက်လာကာ
အလင်းရောင်က လာမေးတာကြောင့်
အညိုရောင်မှာ ချီတုံချတုံနဲ့
အထဲဝင်လိုက်ရသည်။

" ဉီး Jack ဘာလို့ဒီရက်ပိုင်း
ကျွန်တော့်ကို ရှောင်နေတာလဲ "

အလင်းရောင်က သူ့အား
အနောက်ကနေ မေးခွန်းထုတ်လာတာမို့
အညိုရောင် အလင်းရောင်ဘက်လှည့်ကာ
ပြန်ဖြေလိုက်သည်။

" ကိုယ် မရှောင်ပါဘူး... "

" ဉီး Jack လိမ်နေတာ... "

အလင်းရောင်က သူ့မျက်လုံးတွေအား
စူးစူးရဲရဲစိုက်ကြည့်ကာ ပြောလာတာကြောင့်
အညိုရောင် ကိုယ်လေးတောင်
ကျုံ့လိုက်မိပြီး နဖူးစပ်မှာလည်း
ချွေးတွေသီးလာတာကို ခံစားမိသည်။
သူအခု အလင်းရောင်ကို
အနည်းငယ်ကြောက်နေသလို ခံစားနေရသည်။

" မလိမ်ပါဘူး.. ကိုယ် "

" ဉီးJack .. "

" ဟင်... "

အလင်းရောင် အညို့နာမည်အား အော်ပြီး
ခေါ်လိုက်မိတော့ သူသိပ်ကိုသဘောကျရတဲ့
သမင်မျက်လုံးများက သူ့အား
ကြောက်ကြောက်ရွံရွံနဲ့ ကြည့်လာပြီး
လေသံတိုးတိုးနဲ့ ပြန်ထူးလာသည်။
အမှန်တိုင်းပြောရရင် အညို့ရဲ့
အခုပုံစံက သူ့အားစိတ်ရှိလက်ရှိ
ကြမ်းရမ်းပါဆိုပြီး ဆွဲဆောင်နေသလိုဖြစ်နေသည် ။

Don't Put Me In Unclezone(U+Z)Where stories live. Discover now