Uni Code
🎶 စားမရအိပ်မရ အချိန်တွေထဲ...
သွေးအားနည်းလို့ ပိန်လာပြီ ဉီးငယ်ရေ...
ဉီးငယ် မချစ်လို့တော့ သေနိုင်တယ်....
အပိုတွေ မဆိုဘူး ယုံတော့ကွယ်...
ဉီးငယ်မှ မချစ်ရင် အဆိပ်သောက်ပြီး
သေမယ်... ဟုတ်တယ်...
ဉီးငယ်မှ မချစ်ရင်...
အဆိပ်သောက်ပြီးသေမယ်🎶
နေမင်းခန့် ကုတင်ပေါ်မှာထိုင်ပြီး
ဆိုင်ရဲ့ စာရင်းတွေ လုပ်နေစဉ်
ဟန်ဆက်သာကတော့ ph တစ်လုံးနဲ့
သာယာနေကာ သီချင်းတညည်းညည်းနဲ့
ဖြစ်နေတာကြောင့် အမြင်ကပ်လာသည်။
သိတဲ့အတိုင်း လူဆိုတဲ့အမျိုးက
ကိုယ်အလုပ်ရှုပ်နေတဲ့အချိန်
တစ်ခြားသူတွေက သာသာယာယာဖြစ်နေရင် အသားလွတ်ကြီးအမြင်ကပ်မိတာမျိုးလေ။
ထို့ကြောင့် ဟန်ဆက်သာအား
စိတ်အနှောင့်အယှက် ပေးချင်လာသည်။
" ဟန်ဆက် ... "
" ဗျာ... "
ဟန်ဆက်သာ သူ့ကို
ဉီးငယ်က ခေါ်နေတာမို့
လက်ထဲမှ Ph ကို ချလိုက်ကာ
ဉီးငယ်ကို ကြည့်ရင်း ပြန်ထူးလိုက်သည်။
" ဟန်ဆက်... ကိုယ့်ကို
အရမ်းချစ်တာ ပဲလား..."
မထင်ထားတဲ့ ဉီးငယ်စကားကြောင့်
ဟန်ဆက်သာ အံဩသွားပင်မဲ့
ဉီးငယ်အပေါ်ထားတဲ့ သူ့အချစ်တွေနဲ့
ပတ်သတ်လာရင်တော့
စဉ်းစားစရာမလိုအောင်ကို
အဖြေကရှိပြီးသားမို့
ချက်ချင်းကို အဖြေပြန်ပေးလိုက်သည်။
" ဟုတ်... ဘာလို့လဲ "
"ဪ... စောစောက
ဟန်ဆက်က ကိုယ့်နာမည်ကို
ထည့်ပြီး သီချင်းဆိုနေတော့...
သိချင်လာလို့ မေးကြည့်လိုက်တာ "
ဉီးငယ်က ထိုစကားများကို
သူ့ရဲ့ ပါးချိုင့်ကြီးများ ခွက်ဝင်သည်အထိ
ပြုံးပြီး ပြောနေတာဖြစ်ပင်မဲ့
ဘာရယ်ကြောင့်မှန်းမသိ
ဟန်ဆက်သာ မျက်ခုံးတွေ လှုပ်လာသည် ။
သို့ပင်မဲ့လည်း ဉီးငယ်ကို
သူ့ရဲ့အချစ်တွေမြင်စေချင်တာကြောင့်
ဉီးငယ်ရဲ့ မျက်ဝန်းများအား
လေးလေးနက်နက် စိုက်ကြည့်ကာ
ထပ်စောင်း ပြောလိုက်သည်။
" တစ်ကယ်က ဉီးငယ်ထင်ထားတာထပ်
ကျွန်တော့် အချစ်တွေက....
အများကြီး အများကြီး ပိုပါတယ်... "
YOU ARE READING
Don't Put Me In Unclezone(U+Z)
Romance????????? ????????????? ????????????????????????? ?????????????? ????????????? ??????? ???????? ??????????? ?????????? ?? fic ??????? ???????? ?????? ????????????? :X xxxxxxxxxx Zawgyi Code ????????? ????????????? ????????...
