抖阴社区

                                        

" ဘာလို့.. မမေးတာလဲ.. "

" ဘာကို "

" ကျွန်တော် ဘာလို့
ဒီမှာဝင်လုပ်တာလဲဆိုတာကို... "

ဒီမေးခွန်းကို အလင်းရောင်
တစ်ကယ် သိချင်တာပါ..
အညို သူ့အနေအထားကို
မြင်သွားတာတောင် သူ့ကို
ဘာလို့ ဒီမှာ အလုပ်လာလုပ်တာလဲဟု
တစ်ခွန်းတောင်မေးမလာပေ။ သူသာ
အညို့နေရာမှာဆိုရင်
သေချာပေါက်ကို မေးမှာ ဖြစ်သည်။

" ကိုယ် သိဖို့မလိုဘူးထင်လို့.. "

" ကျွန်တော်ကတော့ လိုမယ်ထင်လို့
​ပြောပြချင်တယ် .. အညို "

ရုတ်ချည်း အလင်းရောင်ရဲ့
မျက်ဝန်းတွေက နူးညံ့သွားကာ
သူ့ကို လေသံအေးအေးလေးနဲ့ပြောပြီး
အညို ဟုလည်းခေါ်လာတာကြောင့်
အညိုရောင် အံဩသွားရသည်။

ထို့နောက် ပြောင်းလဲသွားတဲ့
အလင်းရောင်၏ ပုံစံကြောင့်
အညိုရောင်ရဲ့ နှလုံးခုန်းနှုန်းတွေ
တာ​ေ၀းပြေးနေသလို မြန်ဆန်လာရပြီး
ဒီအချိန်သူ့ကိုသာ Oxymeter လာတိုင်းရင် ကျိန်းသေပေါက်ကို
၁၂၀ အထက်မှာ ရှိနေလောက်သည်။

ကောင်မလေးတွေနဲ့သာ ခုန်ခဲ့ဖူးသည့်
အညိုရောင်၏ နှလုံးသားလေးက
အခု သူ့ရှေ့က သူ့ထပ်ငယ်တဲ့
ကလေးသာသာ ကောင်လေးကြောင့်
ခုန်ပေါက်နေတာက ဘာကြောင့်ဖြစ်နိုင်ပါသနည်း။
မဟုတ်မှ...သူအရမ်းကြောက်နေလို့များလား ။

" ဟိုလေ.. ဆိုင်ဖွင့်ပြီလားမသိဘူး
ဆောင်း... ကော် "

ဆောင်း ဟိုနေ့က ဒီဆိုင်က၀ယ်သွားတဲ့
Cappuccino က သောက်လို့ကောင်း၍
ဒီမနက် ထပ်သောက်ချင်စိတ်ဖြစ်လာတာကြောင့်
အလုပ်မသွားခင် လာ၀င်၀ယ်တာဖြစ်သည်။

သို့သော် ဆိုင်ထဲမှာ စကားပြောနေကြတဲ့
၂ယောက်ထဲက ဒီဆိုင် တံဆိပ်နဲ့
Shirt ကို ၀တ်ဆင်ထားတဲ့ တစ်ယောက်က
ဒေါသမျက်ဝန်းတွေနဲ့ စိုက်ကြည့်လာတာကြောင့် ဆက်ပြောမဲ့စကားတွေ ရပ်တန့်သွားကာ
တံတွေးသာ မြိုချလိုက်မိသည်။

သူဘာအမှားတွေများလုပ်လိုက်မိလို့...
အဲ့လိုကြီး လာကြည့်နေရတာလဲ...
အမလေး ကြောက်ဖို့ကောင်းလိုက်တာ..
ရုပ်ကလေးကချောသလောက် မနူးညံ့လိုက်တာ ။

Don't Put Me In Unclezone(U+Z)Where stories live. Discover now