အခုချိန်မှာ သူဘယ်အချစ်ငှက်ကိုမှ
မြင်ချင်စိတ်မရှိပေ။ သို့ပင်မဲ့
သူ အလင်းရောင်နဲ့ အတူထိုင်နေတဲ့
ကောင်မလေးက ဘယ်သူဘယ်ဝါဆိုတာ
သိချင်သေးတာကြောင့်
ဟန်ဆက်သာအား စကားစလိုက်သည်။
" ဒါနဲ့ မင်းတို့နဲ့ အတူထိုင်နေတဲ့
ကောင်မလေးက ဘယ်သူလဲ "
ဟန်ဆက်သာ ဉီးငယ်အကြောင်း
တွေးနေရင်း ဉီး Jack ဆီမှ
သူ့ကို မေးခွန်းထုတ်နေတဲ့ အသံ
ထွက်လာတာကြောင့်
မျက်မှောင်ကျုံ့လိုက်မိသည်။
ဉီးJack က တစ်ကယ်ကို လုံးဝ
သူ့အတွက် အနှောင့်အယှက်ပဲ ။
သူဉီးငယ်ကို နမ်းနေတုန်းကလည်း
လာ နှောက်ယှက်တယ်။အခုသူ
ဉီးငယ် အကြောင်းတွေးနေပြန်တော့လည်း
ထပ်နှောင့်ယှက်တယ် ။ ဟင်း ...
စိတ်လက်ရှိသာ ကိုင်ပေါက်လိုက်ရင်တော့
အရိုးတွေ ကျေကုန်တော့မှာပဲ ။
ဟန်ဆက်သာ သက်ပြင်းချရင်း
သူ့ရဲ့မရှည်တော့တဲ့
စိတ်တွေကို ဆွဲဆန့်ကာ ဉီး Jack
အမေးအား ပြန်ဖြေလိုက်သည်။
" လိပ်ပြာတဲ့... "
" ဒါပဲလား .... "
" ဒါပဲပေါ့... ဉီးJack က
ဘာကို သိချင်သေးလို့လဲ "
" အလင်းရောင်နဲ့ ဘယ်လို
ပတ်သတ်လဲ ဆိုတာလေ "
ဟန်ဆက်သာ ဉီး Jack စကားကြောင့်
မျက်ခုံးပင့်သွားသည်။ ဟ..ဒဲ့ဒိုး ကြီးပါလား ။
ကြည့်ရတာ အလင်းရောင် ထင်သလိုမျိုးတော့
အလင်းရောင်ဘက်ကချည်း
တစ်ဖက်သတ်ချစ်နေရတာမျိုးတော့
မဟုတ်ဘူးထင်သည်။
ဘာပဲဖြစ်ဖြစ်ပါ
ကြုံတုန်း ကြုံခိုက်လေး....
သူနဲ့ ဉီးငယ်ကို ခဏခဏ
နှောင့်ယှက်နေတဲ့ ဉီးJack အား
ဆေးထိုးဉီးမှပါ ။
ဟန်ဆက်သာ သူ့ရဲ့ အကြံအစည်ကြောင့်
မဖုံးနိုင် မဖိအောင်နိုင်အောင်
ပျော်ရွှင်လာလေသည်။ ထို့ကြောင့်
အလင်းရောင်ရဲ့ ညီမတစ်ဝမ်းကွဲအား
အလင်းရောင်ကို တစ်ဖက်သတ်
ကြိုက်နေတဲ့သူ အဖြစ် ပြောင်းလဲပေးလိုက်ကာ
ဉီးJack အား မဟုတ်တမ်းတရားတွေ
လျှောက်ပြောလိုက်သည်။
" အလင်းရောင် ပြောတာတော့
သူ့ကို တစ်ဖတ်သတ်ချစ်နေတယ်ဆိုလားပဲ "
YOU ARE READING
Don't Put Me In Unclezone(U+Z)
Romance????????? ????????????? ????????????????????????? ?????????????? ????????????? ??????? ???????? ??????????? ?????????? ?? fic ??????? ???????? ?????? ????????????? :X xxxxxxxxxx Zawgyi Code ????????? ????????????? ????????...
Epi - 18
Start from the beginning
