抖阴社区

Chapter 10

7.3K 337 118
                                    

‌မွန်းတည့်ချိန် ကျော်ပြီးနောက် ‌သွေးစက်မဟော် ဆိုင်ပြင် ပြန်ထွက်လာသည်။ သူ့နောက်၌ အညိုရောင် အမွှေးလေးများရှိသည့် ခွေးလေးအား ကလေးငယ်လေးသဖွယ် ပိုက်‌ထွေးထားသည့် ကောင်လေးတစ်ယောက် ရှိသည်။

ဆက်လွန်းငယ် လီယို့ခေါင်းအား ပွတ်သပ်ပေးနေရင်း ကိုကို့ဘေးနားသို့ အမီလိုက်ကာ ကပ်လျှောက်လာသည်။ ထို့စဉ် သူ့ရှေ့သို့ ဦးလေးတစ်ယောက် တိုးကပ်လာ၏။

ထို့အတွက် မဟော် ချက်ချင်းလိုလို ငယ်လေး၏ ရှေ့သို့ လက်ဆန့်ထုတ်လိုက်ကာ ငယ်လေးအား သူ့နောက် ပို့လိုက်သည်။

ဆက်လွန်းငယ်ပင် မျက်နှာစိမ်းဦးလေးကြောင့် ကိုကို့နောက် ချက်ချင်းတိုးဝင်လိုက်မိသည်။

"ကလေးက မေမေမောင်ရဲ့ သားလေး ဟုတ်တယ်မလား"

မဟော် သူ့လက်ကို ပြန်ချလိုက်ပြီး သူ့ပခုံးနောက်က ကလေးကို လှည့်ကြည့်လိုက်သည်။ သူ့စိတ်ထဲ၌ ဒီလူ ရုတ်တရက် တိုးကပ်လာတာမို့ ငယ်လေးကို အန္တရာယ်ပြုတော့မည်ဟု ထင်သွားမိသောကြောင့်ပင်။

ဆက်လွန်းငယ် ခေါင်းညိတ်ပြလိုက်ပြီး ဒီဦးလေးကို သေချာကြည့်မှ ရင်းနှီးနေသည်ဟုလည်း ခံစားလာမိသည်။

"ကလေးက ဦးလေးကို မမှတ်မိဘူးထင်တယ်၊ ငယ်ငယ်က သားအဖေနဲ့ ဦးလေးအိမ်ကို လိုက်လိုက်လာဖူးတယ်လေ"

ဆက်လွန်းငယ် ဖေဖေ့သူငယ်ချင်းဖြစ်သည့် ဒီဦးလေးအား အခုမှ မှတ်မိသွားခဲ့ပြီမို့ ရှေ့ပြန်ထွက်လာကာ ကိုကို့အား-

"ကိုကို လီယို့ကို ခဏ"

မဟော် ငယ်လေး အောက်ချပေးလိုက်သည့် လီယို့အား လည်ပတ်ကြိုးမှ ဆွဲထားလိုက်ကာ လျှောက်မပြေးအောင် ထိန်းထားလိုက်ရင်း အရှေ့ကနှစ်ယောက်ကိုလည်း တောက်လျှောက် အကဲခတ်နေသည်။

ဆက်လွန်းငယ် စိတ်လှုပ်ရှားစွာဖြင့် ဖေဖေ့အကြောင်းကို မေးလိုက်သည်။ သူ့ဆီက ပိုက်ဆံတွေ ချေးသွားပြီးကတည်းက ဖုန်းရော လူပါ ထပ်ဆက်သွယ်လာခြင်း မရှိတော့ပြန်သည့် ဖေဖေ့အား သူ မျှော်နေခဲ့တာ ဖြစ်သည်။ ပိုက်ဆံ‌တွေ ပြန်လိုချင်လို့ မဟုတ်၊ ဖေဖေ့ကို ထပ်တွေ့ချင်လို့သာပင်။

Expired Memory [Completed]Where stories live. Discover now