စာမေးပွဲအလွန်နီးကပ်နေချိန်၌ သျှိုင်းစက်မဟော် အိမ်နားရှိ ဆိတ်ငြိမ်သော ကော်ဖီဆိုင်များတွင် စာသွားလုပ်လျက်ရှိတတ်သည်။ တစ်ခါတရံမှသာ ကားယူပြီး အပြင်ဝေးဝေးသို့ ထွက်လေ့ရှိသည်။
သူ ဒီနေ့လည်း မြို့ထဲထွက်စရာ ကိစ္စပေါ်လာတာမို့ ကားသော့ယူပြီး အောက်ဆင်းလာသည်။ သူ့ကားရပ်ထားသည့် နေရာသို့အရောက် သူ့ကား၏ နောက်ပိုင်းတစ်ခုလုံး ရှူံ့တွ ပြားချပ်နေတာမို့ မျက်လုံးပြူးသွားရ၏။
ထိုစဉ် ဒယ်ဒီ သူ့နောက်ရောက်လာသည်။
"မင်းအပြင်သွားဖို့လား၊ ရော့၊ ဒယ်ဒီ့ကားနဲ့ သွားလိုက်"
"ဒယ်ဒီ ကျွန်တော့်ကားက ဘယ်လိုဖြစ်"
"အဲ့ဒါကလား၊ မင်းညီလေးက ကားမောင်းသင်နေပြီလေ၊ အဲ့ဒါ သူ့ကားကို ပါကင်ထိုးကျင့်တာ မင်းကားကို အဲ့လို တိုက်မိသွားတာပဲ။ ဒယ်ဒီ ခဏနေ သားရဲ့ကားကို ဝပ်ရှော့သွားပို့ခိုင်းလိုက်မယ်၊ ကလေးကို သွားဆူမနေနဲ့ဦး၊ သူ့ခမျာ မင်းဆူမှာကြောက်လို့ ဒယ်ဒီ့အခန်းထဲမှာပဲ ကုပ်နေတယ်"
သျှိုင်းစက်မဟော် လေကိုသာ အဝရှူသွင်းလိုက်ရ၏။ ဒီကလေး တမင်လုပ်မှန်း သူ သိ၏။ သူ ဆူမှာ ကြောက်တယ်ဆိုလို့ ဟားတိုက်ပြီးပင် ရယ်ချင်မိ၏။
သူ အပြင်ထွက်ဖို့လည်း စိတ်မပါတော့တာမို့ ဒယ်ဒီ့ကိုလည်း ဘာမှပြန်ပြောမနေတော့ဘဲ အိမ်ထဲသာ ဝုန်းဒိုင်းပြန်ဝင်သွားလေသည်။
သူ့အခန်းထဲ ဝင်လာခဲ့ချိန် လီယိုက သူ့ကုတင်ပေါ်၌ နောက်ခြေကားပြီးပင် အားရပါးရ ရှူးပေါက်နေတာ တွေ့ရပြန်သည်။
"တောက်၊ ငါ ဒီခွေးရော လူရောကို လူငှားပြီးပဲ သတ်ခိုင်းလိုက်တော့ရင် ကောင်းမလားပဲ"
သူ ခွေးနဲ့ရန်ပြိုင်ဖြစ်မနေချင်၊ စာလုပ်ရတာနဲ့တင် ပင်ပန်းလို့ သေတော့မှာကို ဒီဟာတွေက သူ့အား စိတ်ဆင်းရဲအောင် မျိုးစုံလုပ်နေကြသည်။ သူသာ ဒီအိမ်ပေါ်ကနေ ဆင်းသွားလိုက်ချင်မိ၏။ သူ့ဖက်၌ ဒယ်ဒီလည်း မရှိ၊ ညီလေးလည်း မရှိ။
ဆက်လွန်းငယ် ဒယ်ဒီ့အခန်းထဲ၌ ရေခဲမုန့်စားနေရင်း ဒယ်ဒီနဲ့ လီယိုပြန်ဝင်အလာကို စောင့်နေကာ ပြုံးစိစိ ဖြစ်လျက်ရှိသည်။

YOU ARE READING
Expired Memory [Completed]
FantasyTitle - Expired Memory Type - Own Creation, Myanmar BL ????????? ?????????????????????? ????????? ????????? ?????????????? ????????????????? ! ????????? ?????????????????????? ????????? ????????? ?????????????? ????????????????? ! (2023)