ဆေးရုံဝင်း၏ အပြင်ဖက်ရှိ ရာသီဥတုက သာယာနေ၏။ ဆေးရုံထဲက လူတစ်စုမှာမူ အားလုံး၏ မျက်နှာထက်၌ စိတ်မသာမယာဖြစ်လျက်ရှိနေကြသည်။
ဒေါ်မေမေမောင် သူ့အား ပွေ့ဖက်ကာ နှစ်သိမ့်ပေးထားသည့် သူ့အမျိုးသားကို ဝမ်းနည်းစွာ မော့ကြည့်လိုက်ချိန် ထိုအမျိုးသားကလည်း သူ့အား ယုယကြင်နာစွာ ငုံ့ကြည့်နေခဲ့သည်။
ဦးဓနမဟော် မေ့အား အရင်လွှတ်ပေးလိုက်ရကာ မဟော် သူတို့နား လျှောက်လာတာကြောင့် မေနဲ့ ခပ်ခွာခွာ ရပ်လိုက်မိသည်။ ဖြစ်နိုင်လျှင် သူ မေနဲ့ အငယ်လေးကို တစ်ခုခု လုပ်ပေးချင်သော်ငြား သားတွေ၏ မျက်နှာကို ကြည့်နေရတာကြောင့် ဒီအရွယ်ရောက်မှ အိမ်မပိုင်သော ဘဝဖြစ်နေခဲ့၏။
မဟော် သူ့နောက်က ကပ်လိုက်လာသည့် ငယ်လေးကို တစ်ချက်လှည့်ကြည့်လိုက်ပြီး ဒယ်ဒီ့ကို ပြန်ကြည့်လိုက်ကာ-
"ကျွန်တော် ငယ်လေးကို အိမ်ခေါ်သွားချင်လို့။ တကယ်လို့ ဒယ်ဒီ ခွင့်မပြုရင် ငယ်လေးကို ကျွန်တော် အခုတည်းဖြစ်နေတဲ့ ဟိုတယ်ကိုပဲ ခေါ်သွားလိုက်မယ်"
ဦးဓနမဟော် ခေါင်းကြိမ်းသွားရကာ နှစ်ခုလုံး လက်မခံနိုင် ဖြစ်ရသည်။
"မင်းက ဘာလို့ ခေါ်သွားမှာလဲ၊ ဒီမှာ သူ့အမေတစ်ယောက်လုံး ရှိနေတာကို၊ ကလေးကို အမေ့ဆီမှာပဲ ပေးနေလိုက်၊ နေမကောင်းတဲ့အချိန် အမေ့ရင်ခွင်က အကောင်းဆုံးပဲကွ"
ဒေါ်မေမေမောင် သူ့အမျိုးသား၏ စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ချိန် ငြိမ်ကုပ်နေသည့်ကလေးက ချက်ချင်းလိုလို မဟော့်နောက်ထဲ တစ်ကိုယ်လုံးဝင်သွားကာ မဟော့်လက်ကိုဆွဲထားသည်။ ထို့ကြောင့် ဒေါ်မေမေမောင် အံ့ဩသွားရသည်။
"သားက မေမေနဲ့ မနေချင်တော့ဘူးလား၊ မေမေ မှားသွားပါတယ်၊ သားကို အခုကစပြီး ဘေးမှာပဲ ထားတော့မယ်နော်"
ထိုကလေးက ခေါင်းခါပြကာ မဟော့်ကျောနောက်ပဲ အတင်းပူးကပ်နေသည်။ ထို့အတွက် ဦးဓနမဟော် အငယ်ဆုံးလေးအား မေးရတော့သည်။
"ကိုကိုနဲ့ပဲ နေချင်လို့လား"
ကလေးက ချက်ချင်းခေါင်းညိတ်ပြလာတာကြောင့် သူ ဘုရားတမိတော့၏။ သူသာ အငယ်လေးကို အိမ်ပြန်ခေါ်ခွင့်ပြုလိုက်လျှင် သျှိုင်း စိတ်ဆိုးမှာ သေချာသည်။ ထို့အတူ ဘယ်လိုပဲ နေမကောင်းဖြစ်နေသည့် ကလေးဟုဆိုဆို အပြင်ပန်းကကြည့်လျှင်တော့ အကောင်းတိုင်းပဲမို့ မဟော်နဲ့ ဟိုတယ်မှာ နှစ်ယောက်တည်းလည်း မထားချင်။ ဒီကလေး သူ့သားအငယ်ကောင်ကို ထပ်စားလိုက်မှာအား အဖြစ်မခံနိုင်။ မဟော့်ကို သူ ကာကွယ်ပေးဖို့လို၏။

YOU ARE READING
Expired Memory [Completed]
FantasyTitle - Expired Memory Type - Own Creation, Myanmar BL ????????? ?????????????????????? ????????? ????????? ?????????????? ????????????????? ! ????????? ?????????????????????? ????????? ????????? ?????????????? ????????????????? ! (2023)