အိမ်ဝင်း၏ ဘေးပတ်ဝန်းကျင်၌ ကြက်တွန်သံများ ကြားနေရသည်။ တဲငယ်လေးထဲရှိ လုပ်အားပေးလိုက်လာသူများလည်း အလျှိုလျှို ထလာကြသည်။
လင်းရိပ်သွင် စောစောစီးစီး မျက်နှာရှစ်ခေါက်ချိုးဖြစ်နေရတာမို့ သူ၏ လှပသည့်မျက်နှာလေးပင် မာထန်နေသည်။
အစ်ကို တစ်ဖက် ခြင်ထောင်ထဲသို့ ပြန်သွားပြောင်းအိပ်နေတာကို မြင်လိုက်ရတာကြောင့် သူ စိတ်ဆိုးသွားမိသည်။ စိတ်လည်း ကောက်သွားမိသည်။ သူဆိုသည်မှာ မိန်းကလေးတိုင်း ယောက်ျားလေးတိုင်း၏ နှစ်ခါလည်ပြန် ငေးကြည့်စရာ အလှမျိုး ပိုင်ဆိုင်ထားသည့် King ဘွဲ့ထိပင် ရထားသူ ဖြစ်သည်။ အစ်ကိုနဲ့မို့ သူက အရင်စနေရသလိုသာ ဖြစ်ပြီး သူ့ကို လိုချင်သူများ ဒုနဲ့ဒေး။
"ဒီလူ ငါ့တန်ဖိုးကို မသိသေးဘူးပဲ"
သူ အစ်ကို့အား ဒီနေ့တော့ အကြောင်းသိအောင် ပစ်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်ကာ အခန်းပြင်ထွက်လာ၏။
ဆက်လွန်းငယ် သူ့တစ်ဖက်ခြမ်း၌ ကိုသျှိုင်း မရှိတော့တာကို မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်သည်။ ကိုသျှိုင်းက သူ့အိပ်ရာကိုပင် သိမ်းသွား၏။ ကြည့်ရတာ မမလှလှလေးကို သွားနှိုးဖို့ တက်ကြွနေပုံပင်။
သူ ခြင်ထောင်အပြင်သို့ ခေါင်းအရင်ထွက်လိုက်ပြီး ကြမ်းပြင်နှင့် ပါးကို ကပ်ထားလိုက်မိသည်။
"ရည်းစားရှိတဲ့သူတွေများ ကောင်းလိုက်တာ၊ သွားနှိုးစရာလည်း ရှိတယ်၊ နှိုးပေးမယ့်သူလည်း ရှိတယ်"
သူ့ကိုတော့ နှိုးပေးမှာဆိုလို့ နှိုးစက်သံပဲ ရှိတာမို့ သူ မျက်လုံးများ ပွတ်သပ်ရင်း ထထိုင်လိုက်သည်။
သူ့မှာ နှိုးစရာ ရည်းစားတော့ မရှိသော်ငြား နှိုးစရာ ကိုကိုတော့ ရှိတာမို့ ကိုငယ့်ကို သွားနှိုးဖို့ မျက်နှာသစ် ရေချိုး အမြန်ပြေးလုပ်လိုက်သည်။
ဆက်လွန်းငယ် ကိုငယ့်အခန်းကို ချောင်းလိုက်၏။ ရိပ်ကို စီနီယာတွေနဲ့ ထွက်သွားတာ တွေ့ခဲ့တာကြောင့် အခန်းထဲ၌ ကိုငယ်ပဲ ရှိမှာမို့ သူ ဝင်လာခဲ့ပြီး ကိုငယ့်ခြင်ထောင်အား သွားလှန်လိုက်သည်။

YOU ARE READING
Expired Memory [Completed]
FantasyTitle - Expired Memory Type - Own Creation, Myanmar BL ????????? ?????????????????????? ????????? ????????? ?????????????? ????????????????? ! ????????? ?????????????????????? ????????? ????????? ?????????????? ????????????????? ! (2023)