抖阴社区

Chapter 29

7K 265 45
                                    

အိမ်အောက်ထပ်ရှိ အိပ်ခန်းထဲ၌ ဦးဓနမဟော် အနည်းငယ် နေထိုင်မကောင်းဖြစ်နေသလို ခံစားရတာကြောင့် မနက်စာစားပြီး ခဏပြန်လှဲနေသည်။ သူ အခုတလော သိပ်မကျန်းမာသလိုဖြစ်နေတာကြောင့် သူ့ဘေးနား၌ ကြင်နာစွာ ပြုစုယုယပေးမည့် မေ့ကို အလွန်ရှိနေစေချင်‌သော်ငြား မဆက်သွယ်ရဲပါပေ။

ထိုအချိန်၌ သူ့အခန်းထဲသို့ ကျယ်လောင်သော တံခါးခေါက်သံ‌ပေးပြီး အကြီးကောင် ဒေါသတကြီး ဝင်လာတာ တွေ့ရတာကြောင့် ချက်ချင်း ထထိုင်ရပြီး မေးမြန်းရ၏။ အကြောင်းစုံကို သိပြီးသကာလ သက်ပြင်းရှည်ကြီးကိုသာ ချလိုက်မိသည်။

"ဒယ်ဒီ ငယ်လေးကို အခု နှင်ထုတ်ပေးမှာလား၊ မလုပ်ပေးရင် ကျွန်တော် အခု သွားဆွဲထုတ်ပြီး မောင်းထုတ်တော့မလို့"

"မင်းညီက အလိုတူ အလိုပါ ဖြစ်နေတာကို မင်း နားနဲ့ဆတ်ဆတ်ကြားခဲ့ရတယ်မလား"

"ဒယ်ဒီ! အခု အဲ့ဒါ အရေးကြီးလား၊ မဟော် အခုလို ခံနေရတာကို ဘယ်လိုမှ မနေဘူးလား"

"မင်းညီကို သွားမေးကြည့်ပါဦး၊ သူ အဲ့လိုခံရတာ ဝမ်းနည်းနေလားလို့"

"ဒယ်ဒီ!!"

သျှိုင်း ဒယ်ဒီ့ကိုပါ စိတ်တိုလာချိန် ဒယ်ဒီ သူ့ပခုံးကို ပုတ်လာပြီး ငြင်သာစွာ ဆိုလာသည်။

"ဒယ်ဒီ့သားနှစ်ယောက်လုံးကို ဒယ်ဒီ စိတ်ချမ်းသာအောင် လုပ်ပေးချင်တယ်ကွာ၊ သားစိတ်ချမ်းသာအောင် ဒယ်ဒီ နေနေတယ်လေ၊ ‌‌ဒယ်ဒီ မေ့ကို အပြင်မှာ သွားခိုးတွေ့လို့ ရပေမယ့် သားနောက်ကွယ်မှာတောင် ဒယ်ဒီ သားစိတ်မချမ်းမသာဖြစ်စေမယ့် ကိစ္စမျိုး မလုပ်ဘူး။

အဲ့လိုပဲ ဒယ်ဒီ မဟော့်ကိုလည်း စိတ်ချမ်းသာအောင် ထားပေးချင်တယ်၊ အဲ့ဒါကြောင့် အငယ်လေးကို အိမ်ခေါ်လာခွင့်ပြုထားခဲ့တာ။ ဒယ်ဒီနဲ့ မဟော့်ဆက်ဆံရေးက အရင်ကထဲက ကောင်းခဲ့တာ မဟုတ်ဘူး၊ သူ့အိမ်ထောင်ရေးကိစ္စကိုပါ ဒယ်ဒီ လိုက်ပြီး ထပ်ကန့်ကွက်နေမယ်ဆိုရင် မဟော်က ဒယ်ဒီ့နောက်ဆုံးချိန်တောင် လာကြည့်တော့မယ် မထင်ဘူး။ ဒယ်ဒီ အဲ့လိုမျိုး သားတွေစိတ်နာပြီး ပစ်ထားမယ့်အခြေအနေနဲ့ ဘဝနေဝင်ချိန်တွေကို မဖြတ်သန်းချင်ဘူး။ အဲ့အတွက် သားတို့အ‌ပေါ် ဒယ်ဒီ လုပ်ပေးနိုင်သလောက် လုပ်ပေးနေတာ။

Expired Memory [Completed]Where stories live. Discover now