抖阴社区

Chapter 17

5.9K 259 67
                                    

ညဦးပိုင်းကို ကျော်လွန်လာပြီမို့ ရာသီဥတုက စိမ့်အေးလာသည်။ မဟော် ငယ်လေးကို ထိုင်ကြည့်နေတာလည်း အချိန်အနည်းငယ် ကြာမြင့်သွားသည်။

သူ ငယ်လေးအား ငေးနေရင်း တွေးမိ၏။

ငယ်လေးက ပန်းလေးတွေထက်တောင် လှလွန်းသည်။ အသားလေးတွေက ဖြူအုအိအက်ပြီး ဆွဲဖက်နမ်းချင်စရာလေး ဖြစ်၏။ သူ ငယ်လေးအား တစ်ခါလောက်တော့ ပြင်းပြင်းပြပြ ဖက်နမ်းပစ်ချင်မိလေသည်။

"ငယ်လေး"

ဆက်လွန်းငယ် နံရံကိုမှီထားရင်းဖြင့် အနောက်သို့ ငဲ့ကြည့်လိုက်သည်။ ရာသီဥတုက အေးနေတာမို့ အ‌နွေးထည်ကို တင်းတင်းစေ့ရင်း သူ့လက်မောင်းနှစ်ဖက်သူ ခပ်လျော့လျော့ ပိုက်ထားမိသည်။ ကိုငယ့်ကို မြင်လိုက်ရတာမို့ သူ့မျက်နှာအရှေ့ပြန်လှည့်သွားကာ လီယို့ကိုသာ ဆက်မျှော်ပြန်သည်။

တစ်နေ့လုံး ပြန်ရောက်မလာသေးသည့် လီယို့အတွက် သူ ရင်တွေပူလှပါ၏။ လီယို့အား နတ်သားကိုကို ကိုယ်တိုင် သွားရှာပေးနေတာမို့ သူ အိမ်ပေါက်ဝ၌ ထိုင်မျှော်နေမိခြင်းပင်။

ထိုစဉ် ပတ်တီးရှိနေသေးသည့် သူ့ခေါင်းပေါ် လက်အုပ်တင်ခြင်း ခံလိုက်ရတာမို့ သူ ထိုလက်အား ချက်ချင်းပုတ်ထုတ်ပစ်လိုက်မိသည်။

"ဖျားမယ်၊ အခန်းထဲ သွားအိပ်တော့"

"စိတ်ပူချင်ယောင် လာဆောင်မနေပါနဲ့၊ ကိုကို့ရည်ရွယ်ချက်ကို မသိဘူးများ ထင်နေတာလား၊ ဘာလဲ၊ ကိုကိုဂေးနေတာကို အိမ်ကလူတွေရှေ့တိုက်ရိုက်မဖွင့်ထုတ်ရဲလို့ ကျွန်တော့်ကို တာဝန်ယူပါတယ်ဆိုပြီး အနစ်နာခံပြတဲ့ သူရဲကောင်းအကွက်တွေ ထွင်နေတာလား"

မဟော် ပြုံးလျက်သာရှိနေပြီး ဘယ်လိုများ အခုလို ဒီကလေး တွေးလိုက်နိုင်လဲ ရယ်ချင်မိသည်။ ကြည့်ရတာ ရှစ်နှစ်နီးပါး သူ ဒီကလေးအပေါ် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့မိတာတွေအတွက် ငယ်လေးက သူ့အချစ်အား လုံးဝ ယုံကြည်ခြင်း မရှိတော့ပုံပင်။

"ကိုကို့ကို ကုတင်ပေါ် လိုက်ပို့ပေးပါလား၊ မင်းကြောင့် ကိုယ် လမ်းတောင်လျှောက်လို့ မရဘူးလေ"

Expired Memory [Completed]Where stories live. Discover now