抖阴社区

Chapter 30

7.9K 275 83
                                    

စံအိမ်ကျယ်ကြီးရှိရာ ဝင်းတံခါးဆီသို့ ဆက်လွန်းငယ် စီးနှင်းလာသည့် အငှားယာဉ် ရောက်ရှိလာသည်။ မဟူရာကောင်းကင်ကြီးအောက်၌ စံအိမ်ကြီးက ပိုလို့ပင် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။

ဆက်လွန်းငယ် အိမ်ထဲသို့ ခြေသံခပ်တိုးတိုးဖြင့်သာ ဝင်လာခဲ့၏။ ငယ်ငယ်ကဆို သူ အိမ်ထဲ ရောက်သည်နှင့်တပြိုင်နက် အိမ်ကြီးကိုပါ ဆူညံအောင် လုပ်ပစ်ခဲ့သည်။ အခုနောက်ပိုင်းတော့ သူ ထိုကဲ့သို့ မလုပ်ရဲတော့ပေ။

ဒီည ကိုသျှိုင်းအား ဒယ်ဒီစောင့်အိပ်ပေးမှာမို့ သူ အိမ်ပြန်လာခဲ့ပြီး ကိုငယ့်အခန်းထဲ ဝင်လာ၏။

ကိုကိုလည်း အခုမှ ပြန်ရောက်ပုံပင်။ အင်္ကျီကြယ်သီးများကို ချွတ်နေရာမှ သူ့အား လှမ်းကြည့်လာသည်။ ကိုကို သူ့ဆံနွယ်ရှည်များကို စည်းနှောင်ထားရာမှ ဖြည်ချလိုက်တာမို့ ရွှေအိုရောင်ဆံနွယ်များက ကိုကို့ဂုတ်ပေါ်သို့ ကြည့်ကောင်းစွာ ဝဲကျလာသည်။

မဟော် သူ့နားဆွဲများကို ဖြုတ်နေရင်းမှ သူ့အား ကြည့်နေသော ငယ်လေးကို မှန်ထဲကသာ လှမ်းကြည့်လိုက်ရင်း-

"ငယ်လေးအခန်းကို ဦးလေးကို အရင်တိုင်း ပြန်ပြင်ခိုင်းထားပြီးပြီ၊ ‌နေလည်းကောင်းပြီ၊ စကားလည်း ပြောနိုင်ပြီဆိုတော့ ငယ်လေး ကိုယ့်အခန်းထဲမှာပဲ သွားအိပ်တော့"

"ဟင့်အင်း၊ ကျွန်တော် ကိုကိုနဲ့ပဲ အိပ်ချင်လို့"

သူ့နား ချက်ချင်းရောက်လာသည့် ငယ်လေး၏ခေါင်းကို ပုတ်လိုက်ရင်း-

"ကိုကို အခုတလော အလုပ်‌တွေများပြီး စိတ်ပင်ပန်းနေတယ်၊ ငယ်လေး ရှိရင် ကိုကိုလည်း ကောင်းကောင်းအိပ်မရဘူး၊ ကိုယ့်အခန်းကိုယ်ပြန်အိပ်လိုက်တော့နော်၊ ကိုကို နားတော့မယ်၊ ထွက်တော့"

ကိုကို သူ့အား ပခုံးမှနေ သိုင်းဖက်လာကာ အခန်းပြင်သို့ တွန်းထုတ်လိုက်သည်။ တံခါးလော့မချသော်လည်း ဟထားတတ်သည့် ကိုကို့အခန်းတံခါးက စေ့ပိတ်သွားသည်။ သူ မျက်ရည်ဝဲသွားခဲ့ပြီး ကိုကို့အခန်းရှေ့၌ အကြာကြီး ရပ်နေမိသေးသည်။ ထို့နောက် သူ့ကိုယ်ပိုင်အခန်းထဲသို့သာ ပြန်ဝင်လာခဲ့ရသည်။ ကိုကို့အခန်းထဲ ဇွတ်ဝင်ချင်သော်ငြား ကိုကို စိတ်ဆိုးပြီး အခန်းပြင်တင်မဟုတ်ဘဲ အိမ်ပြင်သို့ နှင်ထုတ်လိုက်မှာ ကြောက်နေမိတာကြောင့် ဆက်လွန်းငယ် သူ့အခန်းလေးထဲ၌သာ လီယိုနဲ့အတူ ငြိမ်သက်စွာ ရှိနေသည်။

Expired Memory [Completed]Where stories live. Discover now