抖阴社区

Chapter 16

5.9K 264 81
                                    

အိပ်ခန်းထဲရှိ စကားဝိုင်း အ‌ခြေအနေက တင်းမာနေ၏။ ပြင်ပလောကနှင့် ခေတ္တအဆက်အသွယ်ပြတ်သွားခဲ့ရသည့် ဆက်လွန်းငယ်၏ မျက်တောင်များက ပုတ်ခတ်ပုတ်ခတ်ဖြစ်လာကာ သူ မှီထားရသည့် နံရံအား စမ်းကြည့်လိုက်ရင်း မျက်လုံးဖွင့်လိုက်ချိန် ကိုကို့ကို မှီထားရတာ ဖြစ်နေသည်။

ထိုကလေး သတိရလာတာမို့ အားလုံးငြိမ်သက်သွားသည်။

ဆက်လွန်းငယ် ကိုငယ့်ပေါင်ကို လက်ထောက်ပြီး အားယူလိုက်ကာ ထထိုင်လိုက်သည်။ သူ့အခန်းထဲ၌ အိမ်ရှိလူအကုန် တွေ့လိုက်ရတာမို့ ကြည့်ရတာ သူ ထပ်လဲသွားလို့ မေမေတို့ စိတ်ပူသွားပုံပင်။

သူ လီယို့ကို သွားရှာဖို့ အလုပ်၌ ယခုကဲ့သို့ ဖြစ်သွားရသည်။ ထို့အတွက် သူ နိုးနိုးချင်း ကုတင်အောက် ချက်ချင်းဆင်းပြီး အခန်းပြင် ပြေးထွက်သွားသည်။

"လီယို့ကို ကျွန်တော် ကိုယ်တိုင် ထွက်ရှာမယ်"

အံ့ဩခြင်းများစွာဖြင့် ငြိမ်သက်နေသည့် ဒေါ်မေမေမောင် ပြောစရာ‌တွေ လျှံထွက်လာသော်လည်း သူ ဒီသားကြောင့် မနေ့ကတည်းက စိတ်ဆင်းရဲရလွန်းလို့ ပစ်လဲကျသွားချိန် ဦးဓနမဟော် မေ့အား ပြေးတွဲရသည်။ သျှိုင်းကိုလည်း ကူဖို့ လှမ်းအော်ရသည်။ အငယ်ကောင်ကတော့ ဟိုကလေးနောက် ပြေးလိုက်သွားခဲ့ပြီဖြစ်သည်။

သျှိုင်း ဘာလုပ်ရမလဲမသိတော့အောင်ထိ ခေါင်းတွေပူထူကုန်ရကာ သူ့အား သေမလို ခေါ်နေသည့် ဒယ်ဒီ့နားကိုသာ အရင် ပြေးလာလိုက်ရလေသည်။

"ငယ်လေး! လျှောက်မသွားနဲ့ဦး၊ ဟေ့"

ဆက်လွန်းငယ် ကိုငယ့်စကားကို နားထောင်ဖို့ အတွေးမရှိ။ အိမ်ရှေ့မှာ ထောင်ထားသည့် သူ့စက်ဘီးကိုသာ ဒေါက်ဖြုတ်လိုက်ကာ ခြံပြင်သို့ အရှိန်ဖြင့် မောင်းထွက်လာခဲ့သည်။

ထို့အတွက် မဟော်လည်း သူ့စက်ဘီးကို ယူလိုက်ပြီး ‌ငယ်‌လေးနောက်သို့ အပြေးလိုက်ရတော့၏။

"ငယ်လေး၊ ကားလမ်းကို ဖြတ်မနင်းနဲ့"

ထိုကလေးက စိတ်လွတ်နေသည့်အလား လူမရှောင်၊ ကားမကြည့် နင်းနေ၏။ ကားဂိတ်ထိ ထွက်သွားကာ ကားလမ်းပေါ်ပါ ဖြတ်နင်းဖို့ လုပ်‌နေချိန်၌ လိုင်းကား‌တွေရော၊ အိမ်ကားတွေပါ ပွိုင့်ဖြတ်နေချိန်မို့ အရှိန်နဲ့ လာနေကြသည်။

Expired Memory [Completed]Where stories live. Discover now