抖阴社区

                                    

"ကိုကို မထသေးဘူးလား၊ အကုန်လုံး နိုးနေကြပြီ"

ကိုကိုက ကျောပေးအိပ်နေရာမှ သူ့ဖက် ခန္ဓာကိုယ် လှည့်လာကာ မျက်လုံးပြန်မှိတ်သွားသည်။ ထို့ကြောင့် ဆက်လွန်းငယ် ခြင်ထောင်ထဲထိ ဝင်လိုက်ကာ ကိုကို့အား လှုပ်နှိုးမိပြန်သည်။

"ကိုကို မနက်စာ ဘာစားမှာလဲ၊ ကျွန်တော် ကိုကို့အတွက် မနက်စာ သွားဝယ်ပေးမလို့"

သူတို့လုပ်အားပေးလူတစ်စုအား ရွာထဲရှိ အိမ်တွေက မနေ့ညကလိုပင် မနက်စာကိုလည်း ခွဲဝေပြီး တာဝန်ယူထားသည်။ ဒီအိမ်ထဲက လူတွေ အကုန်ထွက်သွားကြပြီး ကိုကို တစ်ယောက်တည်း ကျန်ခဲ့သည်။ ထို့ကြောင့် ကိုကို မနက်စာ မမီလောက်တော့တာမို့ သူ အခုလို တကူးတက လာမေးရခြင်းဖြစ်သည်။

"ကိုကို"

မဟော် သူ့အား အတင်းနှိုးနေသည့် ငယ်လေးကြောင့် စိတ်ရှုပ်လာ၏။ သူ မနက်လင်းခါနီးမှ အိပ်ပျော်ထားတာမို့ အိပ်ရေးမဝသေး။

ထို့ကြောင့် သူ ငယ်လေးအား သူ့ဘေးဆွဲချလိုက်ကာ ဖြစ်ညှစ်ဖက်ထားလိုက်ရင်း-

"ငါ မင်းကိုပဲ စားလိုက်ရမလား၊ ဘာလို့ အိပ်နေတာကို နားညီးအောင် လာလုပ်နေတာလဲ"

ငယ်လေး သူ့ခန္ဓာကိုယ်ကို တွန့်လိမ်ပြီး လက်မောင်းကြားမှ ပြန်ထွက်ဖို့ ကြိုးစားနေတာကြောင့် မဟော် ငယ်လေးအား ခွပါထားပစ်လိုက်၏။

"အခုမှပဲ ခွစရာ ရတော့တယ်၊ ငါ့ဘေးမှာ ဖက်လုံးမရှိလို့ ညက ဘေးမှာ တစ်ခုခု လိုနေပါတယ် မှတ်တာ။ အတော်ပဲ၊ ငါ့နားမှာ နာရီဝက်လောက် ငြိမ်ငြိမ်အိပ်ဦး"

"အိပ်ချင်ဘူး၊ သူများတွေ အကုန် သွားကုန်ပြီ၊ ကိုကိုပဲ ကျန်ခဲ့တာ"

မဟော် မျက်လုံးတစ်ဖက်ဖွင့်ကြည့်လိုက်ရင်း ငယ်လေးက အပြင်ဝတ်စုံပင် ‌လဲဝတ်ထားပြီးတာ မြင်လိုက်ရတာကြောင့် သူ ငယ်လေး၏ လည်တိုင်ပေါ် မျက်နှာမှောက်လိုက်ပြီး ရှိုက်ရှူလိုက်၏။

"ရေချိုးထားတာလား၊ မွှေးနေတာပဲ။ ကောင်းတယ်၊ ဘယ်သူမှ မရှိတော့တာပဲ နားအေးတယ်"

ကိုကို သူ့ကို အတင်းဖြစ်ညှစ်ထားကာ ဖိထားတာမို့ သူ့အဝတ်အစားများပင် ဖရိုဖရဲ ဖြစ်ကုန်ရသည်။ ထို့ကြောင့် ကိုကို မထလည်း သူ ထွက်တော့မှာမို့ ခြင်ထောင်ဟလိုက်ချိန် ကိုကို သူ့အား အတင်း ဖိချထားရုံတင်မကဘဲ ခြင်ထောင်ကိုပါ ပြန်ပိတ်သည်။

Expired Memory [Completed]Where stories live. Discover now