抖阴社区

                                    

မဟော် သူ့စက်ဘီးကို ပစ်ချလိုက်ပြီး ခုန်ဆင်းလိုက်ကာ ငယ်လေး၏ စက်ဘီးနောက်ခုံကို အချိန်မီ ဖမ်းဆွဲလိုက်ရင်း ကားဖြတ်တိုက်မသွားအောင် အမြန်ထိန်းထားလိုက်ရသည်။

"မင်း အသိစိတ်ကပ်စမ်း၊ ကားတိုက်သေချင်နေတာလား"

မဟော် ငယ်လေးအား စက်ဘီးပေါ်မှ ဆွဲချလိုက်ရပြီး လူရှင်းနေသည့် ကားမှတ်တိုင်ခုံ၌ ဝင်ထိုင်ခိုင်းလိုက်ရကာ စိတ်လျှော့ဖို့ ချော့နေရ၏။

ဆက်လွန်းငယ် သူ့ဘေးက ကိုကို့အား အတင်းတွန်းထုတ်လိုက်ရင်း-

"ဒါ ကိုကို့ကြောင့် ဖြစ်ရတာ၊ ကိုကို လီယို့ကို ဖျောက်ပစ်လိုက်လို့ ကျွန်တော် ဒီလိုဖြစ်နေရတာ၊ ဝေးဝေးနေ ကျွန်တော်နဲ့၊ ကိုကို့ကို မုန်းတယ်"

သူ ကိုကို့အား အရင်လို စိတ်ကောက်နေလို့ ပါးစပ်ဖျားက မုန်းတယ် ပြောနေရုံမျိုးမဟုတ်။ ဒီတစ်ခါတော့ ရင်ထဲအသည်းထဲကကို ကိုကို့အား တူးတူးခါးခါး မုန်းနေမိခြင်းပင်။

မဟော် သူ ဘာလို့ ပါးစပ်သရမ်းပြီး လီယို့ကို ဖျောက်လိုက်သည်ဟု ပြောမိလဲမသိ။

"ငါ လီယို့ကို တမင်ဖျောက်တာ မဟုတ်. . ."

"ကိုကို လာလိမ်မနေနဲ့၊ လီယို့ကို ပြန်တွေ့တာနဲ့ ကျွန်တော် အိမ်ပေါ်က ဆင်းသွားတော့မှာ"

သူ ကိုကို့ဘေးက ချက်ချင်းထရပ်လိုက်ပြီး စက်ဘီးပေါ် ပြန်တက်ကာ အိမ်နား ပတ်နေမိသည်။

မဟော် ထိုကလေးနောက်က သူ့စက်ဘီး လိုက်နေရင်း သက်ပြင်းမောများ ချ‌နေမိလျက်ရှိ၏။ ငယ်လေး တော်တော်ခံစားနေရတာကို မြင်နေရတာမို့ အခုလို ဆုမတောင်းချင်သော်ငြား လီယို့ကို ပြန်မတွေ့ပါစေနဲ့ဟု ကြိတ်ဆုတောင်းနေမိလေသည်။

အိမ်နားကို အပတ်ပေါင်းများစွာ ပတ်ရှာခဲ့သော်လည်း မ‌တွေ့ချိန်၌ ဆက်လွန်းငယ် ဝမ်းနည်းစွာ အိမ်သို့ ပြန်နင်းလာသည်။ သူ အခုလို ယောက်ယက်ခတ်နေသကဲ့သို့ လီယိုလည်း အခုချိန် သူ့အား ယောက်ယက်ခတ်ပြီး ရှာဖွေနေမှာ သေချာသည်။

အိမ်ရှေ့၌ နတ်သားကိုကို ခြံဝ၌ ထွက်ရပ်စောင့်နေတာ မြင်လိုက်ရသည်။

Expired Memory [Completed]Where stories live. Discover now