အငယ်နှစ်ယောက်ကို မြင်လိုက်ရမှ သျှိုင်း သက်ပြင်းချနိုင်ကာ အိမ်ထဲတန်းဝင်သွားသည့် ငယ်လေးကို လျစ်လျူရှုလိုက်ရင်း အငယ်ကောင့်ကို ခြံဘေးသို့ ဆွဲခေါ်လာခဲ့သည်။
"အငယ်ကောင် မင်း စိတ်မှန်သေးရဲ့လား၊ အခု ဘာတွေလုပ်လိုက်မိလဲ သိလား"
"ကျွန်တော် ကိုသျှိုင်းကို ကျွန်တော့်ဖြစ်တည်မှုကို ပြောပြချင်နေတာ ကြာပြီ၊ ကြိုမပြောမိလို့..."
"မင်း ဂေးနေတာ ငါ သိတယ်ကွ! ဒါပေမဲ့ ကြိုက်စရာရှားလို့ အဲ့မိန်းမရဲ့သားကို ဘာဖြစ်တယ်၊ လက်တောင်ထပ်ဦးမယ်။ ဟေ့ကောင်၊ မိထွေးတော်ရတာ အားမရလို့ မင်းက အဲ့မိန်းမကို ယောက္ခမပါ တော်ချင်သေးတာလား၊ အသက်မပြည့်သေးတာကို အခုချက်ချင်းယူချင်ရင် မင်းကို အဲ့မိန်းမက တရားတောင် ပြန်စွဲလို့ရတယ်ကွ"
သျှိုင်း ဒေါသထွက်ရလွန်းလို့ အသားတွေပင် တုန်နေခဲ့သည်။
"ကျွန်တော်လည်း အဲ့ဒါတွေ မတွေးမိဘူး ထင်လို့လား၊ ကိုသျှိုင်းလိုတောင် ကျွန်တော် အဲ့မိန်းမကို ငါးမိနစ် မကြည့်နိုင်လို့ စိတ်ကို ထိန်းထားခဲ့တာ၊ ငယ်လေးကို ရှောင်ဖို့ ကြိုးစားခဲ့တာ၊ အဲ့လို ကျွန်တော် တွေဝေနေမိလို့ ငယ်လေးက ပါသွားပြီ"
သျှိုင်း ဒါ သူ လုပ်ထားတဲ့ အလိမ်အညာသက်သက်သာဟုသာ ဝန်ခံလိုက်ချင်တော့သည်။
"မင်းကပါ ငါ့ကို သစ္စာဖောက်တာပဲ"
မဟော် ကိုသျှိုင်းအား အားနာစွာ ကြည့်လိုက်ရင်း မြေကြီးက ကျောက်စရစ်ခဲတွေကိုသာ ခြေဖြင့်ကန်နေမိသည်။
သျှိုင်း တစ်ထစ်ပြန်လျှော့လိုက်ရသည်။
"အိုခေ၊ ဘာပဲဖြစ်ဖြစ် ငါက မင်းဖက်ကပဲဆိုတာ သိတယ်မလား၊ ငယ်လေး အသက်ပြည့်တဲ့ထိ ခဏစောင့်လိုက်ဦး၊ ငါ အဆင်ပြေအောင် လုပ်ပေးမှာမို့ အဲ့ထိတော့ ငါ ပြောတဲ့အတိုင်းပဲ လုပ်"
"သူ အသက်ပြည့်ဖို့ သုံးလတောင် လိုသေးတာ၊ ကျွန်တော် မစောင့်ချင်..."
"မစောင့်ချင် ဟိုမိန်းမ ထောင်ထဲသွင်းရင် သွားနေနေလိုက်"
ကိုသျှိုင်း သူ့အား တော်တော်လေး ဒေါသထွက်နေသည်။ အိမ်ထဲ လှည့်ဝင်သွားပြီမို့ သူ ကိုသျှိုင်းနောက်က လိုက်ဝင်လာချိန် ဧည့်ခန်းထဲ၌ ဒယ်ဒီနဲ့ ငယ်လေး အချေအတင် ဖြစ်နေတာ တွေ့လိုက်ရတာကြောင့် အမြန်ဝင်လာရသည်။

YOU ARE READING
Expired Memory [Completed]
FantasyTitle - Expired Memory Type - Own Creation, Myanmar BL ????????? ?????????????????????? ????????? ????????? ?????????????? ????????????????? ! ????????? ?????????????????????? ????????? ????????? ?????????????? ????????????????? ! (2023)
Chapter 16
Start from the beginning