抖阴社区

                                    

ဆက်လွန်းငယ် ကိုငယ့်အား မျက်မှောင်ကြုတ်ကြည့်လိုက်ရင်း-

"အန်ကယ်ပြောတာ အမှန်ပဲလား၊ ကိုကိုက ကျွန်တော့်ကို တာဝန်ယူမယ်တဲ့လား၊ ဘယ်သူ့သဘောနဲ့လဲ၊ ဟက်၊ တာဝန်ယူရ‌အောင် ကျွန်တော်က မတရားကျင့်ခံလိုက်ရတာမို့လို့လား၊ ဗိုက်တစ်လုံးနဲ့ ကျန်ခဲ့ရတဲ့သူမို့လို့လား။ လီယို့ကို ဖျောက်ရုံတင် မကျေနပ်လို့ ကျွန်တော့်ကိုပါ ဘာအကွက်တွေ လာရွှေ့နေတာလဲ"

သျှိုင်း ဧည့်ခန်းထိပ်၌သာ ထိုအခြေအနေကို အကဲခတ်နေမိသည်။ သူ အလျင်လိုစရာ မလိုအောင်တော့ ငယ်လေးက သူ့ညီအား တော်တော်လေး စိတ်နာသွားပုံရတာက တပန်းသာနေသည်။

ဆက်လွန်းငယ် အန်ကယ့်ဖက် လှည့်လိုက်ပြီး သူ့အား ပစ်ပစ်ခါခါ ပြောထားသည့် ပထွေးအား-

"စိတ်မပူနဲ့၊ အိမ်မှာလည်း နေချင်စိတ်မရှိလို့ ဆင်းသွားချင်တာ ကြာပြီ၊ လီယို့ကို ပြန်တွေ့တာနဲ့ သွားမှာ။ ပြီးတော့ ကျွန်တော် ဂေးနေရင်တောင် ကိုငယ့်ကို နည်းနည်းလေးတောင် စိတ်မဝင်စားတာမို့ ပူမနေလည်း ဖြစ်တယ်"

ဆက်လွန်းငယ် အိမ်ပေါ်သို့ ဒေါသတကြီး တက်သွားခဲ့သည်။ သူ အခုချိန် မြင်သမျှ တွေ့သမျှ ရိုက်ခွဲချင်နေသည့်အထိကို စိတ်တိုနေမိသည်။

မဟော် နောက်မှ ပြေးတက်လာကာ လှေကားထိပ်၌ ငယ်လေးအား ဖမ်းဆွဲထားလိုက်ရင်း-

"မင်း ထင်သလို မဟုတ်ဘူး၊ ငါ မင်းကို တကယ် သဘောကျတာ"

"သဘောကျတယ်? ကျွန်တော်ကတော့ ကိုကို့ကို သဘောမကျဘူး၊ ကိုကို ကျွန်တော့်ကို တစ်မျိုးပြီး တစ်မျိုး စိတ်ဆင်းရဲအောင် လုပ်မနေစမ်းပါနဲ့"

"ငယ်လေး. . .အား"

ဆက်လွန်းငယ် သူ့အား ဆွဲလားရမ်းလား လုပ်နေသည့် ကိုကို့အား အရှိန်ဖြင့် တွန်းပစ်လိုက်၏။ လှေကားထိပ်မှ တလှိမ့်လှိမ့် ပြုတ်ကျသွားသော ကိုကို့အား သူ လန့်ဖြန့်စွာ ကြည့်နေမိသည်။

သျှိုင်းနှင့် ဦးဓနမဟော်တို့ လှေကားပေါ်က ပြုတ်ကျလာသည့် အငယ်ကောင်ကြောင့် နှစ်ယောက်လုံး ထိတ်လန့်တကြား ပြေးလာခဲ့သည်။

Expired Memory [Completed]Where stories live. Discover now