抖阴社区

                                    

သျှိုင်း အငယ်ကောင့်အား အမြန်ကြည့်လိုက်သည်။ ဦးဓနမဟော် ‌လှေကားထိပ်က ကောင်လေးအား ရိုက်သတ်ဖို့ အပေါ်တက်လိုက်ချိန် ထိုသတ္တဝါလေးက အိပ်ခန်းထဲ တန်းပြေးဝင်သွားခဲ့၏။

သျှိုင်း အငယ်ကောင်အား-

"အဆင်ပြေလား၊ ငါ့ကို ကြည့်ဦး"

"ပြေတယ်၊ ကျွန်တော့်လက်ကောက်ဝတ်နဲ့ ခြေထောက် အရမ်းနာနေတယ်၊ ကျိုးသွားတာလား မသိဘူး"

‌သူ လှေကား ဆယ်ထစ်ကနေ ပြုတ်ကျလာခြင်းပင်။ ခေါင်းမထိသွားဘဲ အလိုက်သင့်လေး ကျလာခြင်းဖြစ်၏။

ဆေးရုံ၌ သျှိုင်းစက်မဟော် အငယ်ကောင်အား စိတ်ပျက်စွာ လက်ပိုက်ထိုင်ကြည့်နေရင်း-

"ငါ ဘာဝဋ်ကြွေးတွေရှိလို့ ဒီတစ်နေ့ထဲကို အငယ်နှစ်ယောက်ကြောင့် ဆေးရုံကို နှစ်ခါတောင် လာနေရလဲပဲ။ ဒီလောက် ဖြစ်ထားတာကိုတောင် မင်းက ရယ်နေနိုင်သေးတာလား"

မဟော် သူ့လက်တွေ ခြေတွေ ကျိုးမသွားဘဲ အက်ရုံလောက်သာ အခြေအနေလေးမို့ အခုလို ရယ်နေနိုင်တာပင်။ သူသာ အကြီးအကျယ်ဖြစ်သွားရင် ငယ်လေး စိတ်မကောင်းဖြစ်သွားနိုင်သည်လေ။

"ကိုသျှိုင်း သိလား၊ ကျွန်တော် ဒီလို ဖြစ်နေတာတောင် ရယ်နေနိုင်တဲ့အထိကို ငယ်လေးကို သဘောကျနေမိပြီ"

"ငါလခွမ်းတဲ့မှ"

သျှိုင်း သူ့ညီအား wheelchair ပေါ် ပစ်တင်လိုက်ရင်း အိမ်ပြန်ခေါ်လာခဲ့ရသည်။

"လုံးဝသက်သာတဲ့ထိ အောက်က စာဖတ်ခန်းမှာပဲနေ၊ ငါ ဦးလေးကို မင်းအတွက် အဲ့မှာ အခန်းပြင်ထားခိုင်းလိုက်မယ်"

မဟော် ခေါင်းညိတ်ပြလိုက်၏။ အိမ်ထဲဝင်ဝင်ချင်းပင် ငယ်လေးကို ဧည့်ခန်း၌ ထိုင်နေတာ အဆင်သင့် တွေ့လိုက်ရတာကြောင့် မဟော် ငယ်လေးအား-

"ငါ့ကို စိတ်ပူနေတာလား၊ ဘာမှမဖြစ်ဘူးနော်၊ ကျိုးတာထိတောင် ဖြစ်မသွားဘူး"

Wheelchair ပေါ် ထိုင်နေသည့် ကိုငယ့်အား ဆက်လွန်းငယ် တစ်ချက်သာ ဝေ့ကြည့်လိုက်ရင်း မျက်လွှာပြန်ချလိုက်သည်။

"ကိုကို့ကို စောင့်နေတယ်များ ထင်နေတာလား၊ လီယို့ကို စောင့်နေတာ။ ကိုကို ဘာမှဖြစ်မသွားတာ စိတ်မကောင်းဘူး၊ ကိုကို့ကို အရေးပေါ်လောက် ရောက်သွား‌စေချင်နေတာ"

Expired Memory [Completed]Where stories live. Discover now