သျှိုင်း ထိုမြင်ကွင်းအား လေတချွန်ချွန်ဖြင့် ကြည့်ရင်း အပေါ်တက်သွား၏။ သူ့လုပ်ရပ်တွေအပေါ် အငယ်လေး ဘာမှဖြစ်မသွားဘူးဆိုတာ မယုံ။ ဒီကလေး စာတောင်မကျက်နိုင်အောင် စိတ်ထိခိုက်သွားရတာ သေချာသည်။
သူ အပြင်၌ ကိစ္စတစ်ခုကြောင့် စိတ်တိုလာရသော်ငြား အငယ်လေး ရိုက်ခံနေရတာ မြင်လိုက်ချိန်၌ တော်တော်လေး နေသာထိုင်သာ ရှိသွားသည်။
ထိုအချိန်၌ သွေးစက်မဟော် ခြံထဲသို့ပင် သူ့ကားကို မသွင်းနိုင်ဘဲ အပြင်မှာပဲ ရပ်ထားခဲ့ပြီး ကားပေါ်က ချက်ချင်းဆင်းလိိုက်၏။
သူက စာမေးပွဲအရင်ဖြေပြီးခဲ့ကာ အောင်စာရင်းလည်း အရင်ထွက်ပြီးပြီ။ သူကတော့ လွတ်လွတ်ကျွတ်ကျွတ် အောင်သွားပြီမို့ ဘွဲ့ယူဖို့သာ စောင့်ရန်ကျန်တော့သည်။ ရိပ်ကို အောင်စာရင်း လှမ်းမေးလိုက်ချိန် ရိပ်က အောင်၏။ ကိုသျှိုင်းကလည်း ဂုဏ်ထူးသုံးခုတောင် ပါ၏။ သို့သော်ငြား ငယ်လေးကတော့ ကျသည်ဟု သိလိုက်ရတာကြောင့် သူ သူငယ်ချင်းတွေနဲ့ပင် မတွေ့နိုင်ဘဲ ခုလို အိမ်ပြန်ပြေးလာခဲ့ရသည်။
ထင်သည့်အတိုင်း အိမ်ထဲ၌ မိထွေးက ငယ်လေးကို ဆော်နေပြီ။ သူ ဧည့်ခန်းထဲ ပြေးဝင်လာရင်း မိထွေးလက်ထဲက ကြာပွတ်ကို ဖမ်းဆွဲထားလိုက်ပြီး ငယ်လေးကို ကြည့်လိုက်မိသည်။ ထိုကလေးက သူ မရောက်ခင်ကတည်းက မျက်ရည်တွေတွေကျနေပြီဖြစ်သည်။
"အန်တီ ဘယ်လိုဖြစ်လို့ ကိုယ့်သားကို တိရစ္ဆာန်လို ရိုက်နေရတာလဲ။ ရိုက်ရမယ့်အရွယ်လည်း မဟုတ်တော့တာကို။ စာမေးပွဲကျတာကို ကာယကံရှင်ကရော ပျော်နေမယ် ထင်လို့လား"
"နင်!"
ဒယ်ဒီ သူ့အား မိထွေးနောက်ကနေ ဆက်မပြောတော့ဖို့ အချက်ပြနေ၏။ ငယ်လေးကိုသာ ခေါ်ထုတ်သွားတော့ဖို့ နှုတ်ခမ်းလှုပ်ရုံ ဆိုနေသည်။
မဟော် ငယ်လေးကိုသာ ပခုံးမှ သိုင်းဖက်လိုက်ရင်း အိမ်ပေါ်ခေါ်လာရသည်။
လှေကားတက်နေရင်း သူ ငယ်လေးအား စိတ်ပူစွာ ချော့နေမိသည်။
"အများကြီးနာသွားလား၊ ဘာမှမဖြစ်ဘူး၊ ပြန်ဖြေလိုက်ရင် အောင်သွားမှာပဲကို၊ စာပိုရတာပေါ့၊ မငိုပါနဲ့"

YOU ARE READING
Expired Memory [Completed]
FantasyTitle - Expired Memory Type - Own Creation, Myanmar BL ????????? ?????????????????????? ????????? ????????? ?????????????? ????????????????? ! ????????? ?????????????????????? ????????? ????????? ?????????????? ????????????????? ! (2023)
Chapter 22
Start from the beginning