抖阴社区

                                    

သူ ငယ်လေး၏ ကျောကို ပွတ်ပေးနေရင်း အပေါ်တူတူတက်လာချိန် သူ့အား မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် ထိုင်ကြည့်နေသော ကိုသျှိုင်းကို တွေ့ရသည်။

မဟော် သူ့အစ်ကိုအား လျစ်လျူရှုလိုက်တော့၏။ ငယ်လေးက ကလေးလို အသံထွက်ပြီး တဗြဲဗြဲငိုနေတာ မဟုတ်သော်ငြား မျက်ရည်များကတော့ အဆက်မပြတ် ကျဆင်းနေလျက်ရှိသည်။ ထို့ကြောင့် သူ ငယ်လေးကိုသာ ပခုံးမှ သေချာဖက်ထားရင်း အခန်းထဲ သွားပို့ပေးလိုက်သည်။

ထိုကလေး တော်တော်လေး စိတ်ထိခိုက်သွားပုံရသည်။ တစ်ယောက်တည်းပဲ နေချင်သည်ဆိုတာကြောင့် သူ ငယ်လေးကို ခဏလွှတ်ပေးထားခဲ့လိုက်ပြီး အပြင်ပြန်ထွက်လာသည်။

ကိုသျှိုင်း သူ့နားလျှောက်လာပြီး အံကြိတ်သံဖြင့် ဆိုလာ၏။

"ငါနဲ့ ခြံထဲခဏလိုက်ခဲ့"

သူ့အား ဒီကိစ္စအတွက် ပွမ်တော့မည်ဟု အထင်ဖြင့် လိုက်လာခဲ့ချိန် တခြားကိစ္စကြောင့် ကိုသျှိုင်း သူ့အား ထိုးလာသည်။

"မင်းက ငါ့ကို သစ္စာဖောက်ရုံအဆင့်တင် မဟုတ်တော့ဘူး၊ မခန့်လေးစား အဆင့်တောင် ဖြစ်နေတာပဲ၊ ရိပ်နဲ့ ဟန်ဆောင်တွဲပြရင်း ကွယ်ရာမှာ ငါ့ကို လှောင်နေတာလား"

မဟော် လန့်သွားကာ-

"ကိုသျှိုင်း အထင်လွဲနေတာထင်တယ်၊ ဘယ်သူ့ဆီက ကြားခဲ့တာလဲ မသိပေမယ့် အမှန်မဟုတ်. . ."

"ဟက်၊ ရိပ်ကိုယ်တိုင် ပြောလိုက်တာ၊ သူက ငါ့ကိုတောင် အောင်သွယ်ခိုင်းနေသေးတယ်"

သျှိုင်း ဒီမနက် အောင်စာရင်းသွားကြည့်ချိန်၌ ရိပ်ကို တွေ့လိုက်တာကြောင့် နှစ်တွဲတွေ့ကြဖို့ တစ်ခါတည်း ဖိတ်ခဲ့လိုက်စဉ် သူ အခုလို စကားကို ကြားခဲ့ရသည်။

မဟော် လက်သီးဆုပ်လိုက်မိပြီး တောက်ခေါက်လိုက်မိတော့၏။ သူ့ဆံနွယ်ရှည်များကိုလည်း ‌ဒေါသထွက်စွာ ဖွပစ်လိုက်၏။ သူ ရိပ်ကိုလည်း တကယ် စိတ်တိုသွားသည်။

"မင်း ငါ့ခံစားချက်ကို နားလည်တယ်ဆိုတာ အဲ့လိုပုံစံနဲ့လား"

"ဟ၊ ကျွန်တော် ကိုသျှိုင်းခံစားချက်ကို နားလည်လို့ ဒီလောက်ထိ သည်းခံနေတာဗျ၊ ကျွန်တော် ဒယ်ဒီ့စကားတောင် နားထောင်တာ မြင်လို့လား၊ ဒယ်ဒီ မကြိုက်ဘူးဆိုရင်တောင် မလုပ်တာ တွေ့လို့လား။ ကိုသျှိုင်းနဲ့မို့ ကျွန်တော့်ခံစားချက်တွေ ခုလိုမျိုသိပ်ပစ်လိုက်ရတာ သိလား။ ကိုသျှိုင်းကရော ကျွန်တော့်ခံစားချက်ကို နားလည်လား၊ ကျွန်တော်နဲ့ ဒယ်ဒီ ချစ်မိသွားကြတာ အပြစ်လား"

Expired Memory [Completed]Where stories live. Discover now