ကိုကိုနဲ့သူ နှစ်ယောက်တည်းသာ ရှိသည့် အိမ်ကြီးက ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်လျက်ရှိသည်။
ညသန်းခေါင်၌ မဟော် တရေးပြန်နိုးလာခဲ့ရင်း သန့်စင်ခန်းသွားရန်အတွက် ကုတင်အောက်သို့ ခြေချလိုက်ချိန် တစ်စုံတစ်ခုကို တိုက်မိသွားတာကြောင့် ဝါကျင့်ကျင့်မီးရောင်အောက်၌ သူ အမြန်ငုံ့ကြည့်မိသည်။ ငယ်လေး သူ့ကြမ်းပြင်ပေါ်၌ ငယ်ငယ်ကလို လာအိပ်နေပြန်တာကြောင့် သူ့အား ကျောခိုင်းအိပ်နေသည့် ငယ်လေးကိုသာ နားမလည်နိုင်စွာ ကြည့်နေမိသည်။
ထို့နောက် ငယ်လေးကို ကျော်ခွရင်းသာ သန့်စင်ခန်းဝင်ရပြီး ပြန်လာအိပ်လိုက်ရသည်။ ထိုညက သူ ငယ်လေးကို တစ်ညလုံး လျစ်လျူရှုထားနိုင်ခဲ့လေသည်။
မနက်ရောက်ချိန်၌ သူ ငယ်လေးကို ကျောင်းအရင်ဝင်ပို့ပြီး ကျောင်းရှေ့ရောက်သည့်အထိ စကားမပြောမိ၊ ငယ်လေးကလည်း တိတ်တိတ်လေးသာ လိုက်လာသည်။
"ဆင်းလို့ရပြီ၊ ညနေတော့ လာမကြိုတော့ဘူးနော်၊ ကိုကို ဒီနေ့ ကိုသျှိုင်းကို သွားစောင့်အိပ်ပေးလိုက်မယ်"
ဆက်လွန်းငယ် ခေါင်းညိတ်လိုက်ရင်း ခါးပတ်ကြိုးကို ဖြုတ်လိုက်ပြီး အရဲစွန့်ကာ မေးမိသည်။
"ကိုကို ကျွန်တော့်ကို စိတ်ဆိုးနေတာလား၊ ဒါမှမဟုတ် ရိပ် တခြားကောင်လေး ရသွားလို့ စိတ်မကောင်းဖြစ်နေတာလား"
သူ ကျောင်းပြန်လာတက်ဖြစ်ချိန်၌ ရိပ်က ကျောင်းက စီနီယာတစ်ယောက်နဲ့ တွဲနေပြီဆိုတာ သူ သိလိုက်ရသည်။ ကြားထဲမှာ ကိုသျှိုင်းကိစ္စဝင်သွားတာကြောင့် သူ အခုမှ မေးနိုင်သည်။
"ဟော၊ ကိုကို မင်းကို စိတ်ဆိုးစရာမှ မရှိတာ၊ ရိပ် ကောင်လေး ရသွားပေမယ့် ကိုကိုတို့ သူငယ်ချင်းအဖြစ် ရှိနေကြဆဲပါ"
နောက်ဆုံးတော့ ရိပ် သူ့ကို စိတ်လျှော့သွားခဲ့သည်။ သို့ပေသိ သူနဲ့ ရိပ်တို့ တကယ့်သူငယ်ချင်းကောင်းတွေအဖြစ် ဆက်ရှိနေကြသည်။
ကိုကို အဆင်ပြေတယ်ဆိုမှပဲ သူ ကားအောက်သို့ ဆင်းဖို့ပြုချိန် ကိုကို သူ့ကို လှမ်းပြောလာ၏။

YOU ARE READING
Expired Memory [Completed]
FantasyTitle - Expired Memory Type - Own Creation, Myanmar BL ????????? ?????????????????????? ????????? ????????? ?????????????? ????????????????? ! ????????? ?????????????????????? ????????? ????????? ?????????????? ????????????????? ! (2023)
Chapter 30
Start from the beginning