ရလဒ်အနေဖြင့် ဒုတိယခြေလှမ်း လှမ်းလိုက်ချိန်တွင် သူ မူးဝေလာခဲ့သည်။
ထို့နောက် ကိစ္စများက လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ပြီး သူ့ခမျာ့ ပြင်ဆင်ချိန်ပင် မရလိုက်ချေ။
အမှောင်ထုထဲသို့ ကျရောက်မသွားခင် တစ်စက္ကန့်အလို၌ ဝမ်ချီက နံရံနှင့်ခေါင်းတိုက်မိသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ပြင်းထန်သော နာကျင်မှုနှင့်အတူ သူ သတိမေ့သွားခဲ့၏။
သူ မျက်လုံးပြန်ဖွင့်လိုက်ချိန်၌ စာအုပ်ထဲသို့ ကူးပြောင်းခဲ့ပြီဖြစ်သည်။
သူ နှစ်ရက်နဲ့နှစ်ညကြာအောင် သုံးခေါက်တိတိ ဖတ်ခဲ့တဲ့ သန်းမေ BL ဝတ္ထုထဲကိုလေ …
ဝမ်ချီက မျက်လုံးများကို မှိတ်လိုက်ရင်း ငါးဆားနယ်တစ်ကောင်ကဲ့သို့ နောက်ထပ် နာရီဝက်ကြာ နေလိုက်မိ၏။ ထို့နောက် သူက တံခါးဖွင့်သံတစ်ခုကို ကြားလိုက်ရသည်။
“ဒုတိယသခင်လေး … နိုးပြီလား …” အစေခံတစ်ဦးက ရေဇလုံနှင့်အတူ ရောက်လာကာ အိပ်ရာရှေ့ရှိ သစ်သားစားပွဲပေါ်တွင် ဇလုံကို ဖြည်းညှင်းစွာ တင်လိုက်သည်။ “ဒုတိယသခင်လေး … မနက်စာစားဖို့ အချိန်ကျပါပြီ … ”
ဝမ်ချီက မလှုပ်ပဲ ပြန်မေးလိုက်၏။ “ငါ့ အဖေ သွားပြီလား …”
ချန်မော့မော့က ဖြေ၏။ : “သခင်ကြီး ခုံရုံးကို သွားပါပြီ ...”
ဝမ်ချီက ခံစားချက်ကင်းမဲ့စွာဖြင့် အိုး ဟု အသံပြုလိုက်၏။ ထို့နောက် သူက မျက်နှာကို တစ်ဖက်လှည့်ကာ လက်ဖြင့်အုပ်လိုက်ရင်း စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။ “ဖြစ်လာမယ့် ကိစ္စက ဖြစ်လာမှာပဲ ...”
“ဒုတိယသခင်လေး … ဘာကိုများ ပြောချင်တာပါလဲ … ဒီအစေခံအိုကြီးက နားမလည်ပါဘူး …” ချန်မော့မော့ နားမလည်ဖြစ်သွား၏။ “ဒီအိမ်ကို တစ်ယောက်ယောက်က အလည်လာချင်လို့ပါလား …”
ဝမ်ချီ မျက်လုံးလိမ့်က ထထိုင်လိုက်သည်။ သူက ချန်မော့မော့ကို ကြည့်လိုက်၏။ : “ဘာမှ မဟုတ်ပါဘူး … လုပ်စရာရှိတာ သွားလုပ်ပါ … ”ချန်မော့မော့ စိတ်ရှုပ်သွား၏။ သူမက သခင်လေးသည် လွန်ခဲ့သော နှစ်ရက်ကတည်းက ထူးဆန်းနေသည်ဟု တွေးလိုက်မိသည်။ သို့သော် တစ်စုံတစ်ခုကို တွေးလိုက်မိချိန်၌ သူမက ဘာမှ မပြောတော့ပဲ နောက်သို့သာ ဆုတ်သွားလေသည်။

YOU ARE READING
???????????????????????????
Historical Fiction???????????? ????????? ?????????????????? ??????????????? (??????) Description ? ??????????????? ????????? ???????????????? ?????????????????????? ????????????????? ????????? ???????????????? ????????? ??????????? ??? ????? ??????????? ?????????...
chapter 1
Start from the beginning