Chapter 36
June 13, 2024
💮Chapter 36ဖင်အန်းတစ်ယောက် ယခုလေးတင်မှ မြက်နှုတ်ပေါင်းရှင်းပြီးသွား၍ ပင်ပန်းလွန်းကာ ဟောဟဲလိုက်နေပြီး မျက်နှာနှင့် လည်ပင်းတစ်လျှောက်လုံးတွင်လည်း ချွေးများဖြင့် ရွှဲရွှဲစိုနေ၏။ ဝမ်ချီအား မြင်သောအခါ ပြုံးပြုံးနှင့်လေးလေးနက်နက် ပြောလာသည်။
"ဒီအစေခံက သခင်လေးခိုင်းထားသမျှ အကုန်လုပ်ပြီးသွားပါပြီ..."
ဝမ်ချီ တစ်ခဏမျှ ကြောင်အမ်းအမ်းဖြစ်သွားကာ ပြန်မေးလိုက်သည်။
"ငါ ဘာခိုင်းထားလို့လဲ..."
"ဟိုနေ့တွေတုန်းက ဒီခြံဝင်းထဲမှာရှိတဲ့ ပေါင်းပင်မြက်ပင်တွေအားလုံး နှုတ်ပစ်လိုက်ဆိုပြီး သခင်လေးကိုယ်တိုင် ကျွန်တော့်ကိုခိုင်းထားတာလေ.."
ဖင်အန်းက ရွှင်ပျစွာ ပြောလာ၏။
"ကျွန်တော် အကုန်ပြောင်ရှင်းနေအောင် နှုတ်ပြီးသွားပြီ...သခင်လေးကိုယ်တိုင် စစ်ကြည့်ချင်သေးလား..."
ဝမ်ချီလည်း လက်ကာပြရင်း ပြန်ပြောလိုက်သည်။
"မစစ်တော့ပါဘူး...လုပ်ပြီးသွားပြီဆိုရင်လည်း ပြီးတာပါပဲ..."
ထိုသို့ပြောပြီးနောက် ဝမ်ချီတစ်ယောက် အိမ်ထဲဝင်ရန် ပြင်လိုက်သည်။
ယမန်နေ့ညနှင့် ယနေ့တစ်မနက်လုံး ဟိုဟိုသည်သည် သွားလာလှုပ်ရှားထားရ၍ သူအတော်လေးပင်ပန်းနေပြီဖြစ်သည်။ ယခုအချိန်တွင် ထိုင်ခုံတစ်လုံးပေါ် လှဲလျောင်းအနားယူပြီး အေးအေးဆေးဆေးသာ အတွေးနယ်ချဲ့ချင်တော့သည်။
သူ့အတွေးထဲတွင် ကိစ္စအားလုံးကို ပြွတ်သိပ်ထည့်ထားသောကြောင့် ခေါင်းတစ်ခုလုံး ပေါက်ထွက်သွားတော့မလို ခံစားနေရသည်။
ဝမ်ချီအိမ်ထဲသို့ ဝင်သွားသောအခါ ဖင်အန်းကအနောက်မှ လိုက်ဝင်လာသည်။
"သခင်လေးဝမ် မနေ့တုန်းက ဘယ်တွေသွားခဲ့တာလဲ..."
ဖင်အန်းကို မသင်္ကာသလို သံသယမျက်လုံးများဖြင့်ကြည့်ရင်း ဝမ်ချီ အိမ်ထဲသို့ ဆက်လျှောက်သွားလိုက်သည်။

YOU ARE READING
???????????????????????????
Historical Fiction???????????? ????????? ?????????????????? ??????????????? (??????) Description ? ??????????????? ????????? ???????????????? ?????????????????????? ????????????????? ????????? ???????????????? ????????? ??????????? ??? ????? ??????????? ?????????...