抖阴社区

chapter 57

2.5K 289 2
                                    

Chapter 57
June 18, 2024
💮Chapter 57

( စာမကျန်ခဲ့ဘူးနော်💙 ဒါ‌က ဝမ်ချီနဲ့တူတူရှိနေတုန်း စိတ်ပျံ့ပြီး အရင်ကအကြောင်းတွေ ပြန်တွေးမိသွားလို့ပါ )

"ရှစ်ယဲ့....ထွက်လာခဲ့စမ်း"

ထိုမိန်းမ၏ရူးကြောင်ကြောင်အော်ဟစ်သံက တစ်ရှိန်ထိုးတိုက်ခတ်လာသောလေနှင့်အတူ ပျံ့လွင့်လာ၏။

"နင်ပုန်းနေတာကို ငါရှာလို့မတွေ့နိုင်ဘူးများ ထင်မနေနဲ့... တစ်သက်လုံး ပုန်းနေရာက ထွက်မလာဘဲ ဒီအတိုင်းနေသွားချင်လို့လား…"

အသက်ရှစ်နှစ်အရွယ်သာရှိသေးသည့် ရှစ်ယဲ့မှာ ပိန်လှီနေပြီး ဘောလုံးတစ်လုံးကဲ့သို့ ခန္ဓာကိုယ်ကို ခပ်ကျုံ့ကျုံ့လေးခွေထားပြီး ချုံပုတ်နောက်တွင် ပုန်းနေ၏။

နေဝင်ရီတရောအချိန် ဖြစ်သောကြောင့် မီးတောက်ကဲ့သို့ နီရဲနေသည့် တိမ်တိုက်များက ကောင်းကင်တစ်ခွင်ဖြန့်ကြက်ထားပြီး တံလျှပ်ရောင်စဥ်များက သူ့ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေသည်။ ဘေးပတ်ပတ်လည်တွင်လည်း သူ့တစ်ရပ်စာမျှမြင့်သော မြက်ပင်ရှည်များက ဝန်းရံထား၏။

သူ လုံးဝမော့မကြည့်ဘဲ အသံကြားရန် နားကိုသာစွင့်ထားသည်။

ထိုမိန်းမ၏ခြေသံက တဖြည်းဖြည်းနီးကပ်လာပြီး တစ်ခဏအကြာတွင် ပြန်လည်တိတ်ဆိတ်သွားသည်။ အနီးတစ်ဝိုက်တွင် ပတ်ရှာကြည့်ရာ သူ့ကိုမတွေ့သောကြောင့် အခြားတစ်ဖက်သို့ ပြန်လှည့်ထွက်သွားပုံပင်။

ထိုမိန်းမ၏ စူးရှကျယ်လောင်သောအသံကို အဝေးမှနေ၍ပင် ကြားနေရသည်။ သစ်သားစားပွဲခုံကို လက်သည်းနှင့်တောက်လျှောက်ကုတ်ခြစ်နေသော အသံနှင့်အတူ သူ့နာမည်ကိုလည်း ဗလုံးဗထွေးဖြင့် ထပ်ခါထပ်ခါခေါ်နေ၏။

ရှစ်ယဲ့ မျက်လုံးများပြူးကျယ်သွားပြီး မြေပြင်ကိုအကြောင်သား ငေးစိုက်ကြည့်နေမိသည်။

ထိုလူမရှိသည့်အချိန်တိုင်း ထိုမိန်းမက သူ့ကိုစိတ်ကြိုက်နှိပ်စက်လေ့ရှိသည်။ နှစ်ယောက်လုံးကို သူရွံမုန်းလှသော်လည်း ဤတစ်ကြိမ်တွင် ထိုလူအမြန်ပြန်လာပါစေဟု သူ အကြိမ်ကြိမ်ဆုတောင်းနေမိသည်။

???????????????????????????Where stories live. Discover now