Chapter 97
June 26, 2024
💮Chapter 97
ဝမ်ချီက ၎င်းစာရွက်ကို အချိန်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် စိတ်ပြန်စုစည်းကာ စာရွက်ကို ကောက်ယူလိုက်ပြီး ပြောသည်။
“လာရတာ ပင်ပန်းသွားပြီ… ကျေးဇူးပါပဲ မိန်းမစိုးကျိုး…”မိန်းမစိုးကျိုးက ပြုံးလိုက်သည်။
ထို့နောက်က ဝမ်ချီက ထိုအဖြူရောင်ကြွေဘူးငယ်နှင့် စာရွက်ကိုသိမ်းလိုက်ပြီး မတ်တပ်ထရပ်ကာ မေးလိုက်သည်။
“အရှင့်သား တစ်ခုခုများ မှာကြားလိုက်သေးလား…”မိန်းမစိုးကျိုးက သက်ပြင်းတိုးတိုးချကာ ဖြေသည်။
“အရှင့်သားက ဝမ်သခင်လေး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မှာလိုက်ပါတယ်…”ထိုစကားကိုကြားပြီး ဝမ်ချီ့ မျက်တောင်များ အနည်းငယ် ခတ်သွားသော်လည်း မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှမပြဘဲ ခေါင်းညိတ်လိုက်ပြီး ဖြေသည်။
“ဂရုစိုက်ပါ့မယ်…”မိန်းမစိုးကျိုးက ထပ်ပြောသည်။
“ကျောကျစ်က ဝမ်သခင်လေးကို ကာကွယ်ဖို့အတွက် ကျင်းကျိုးမှာ တစ်ချိန်လုံး ရှိနေမှာမို့ တစ်ခုခု အဆင်မပြေတာရှိရင် ကျောကျစ်ကို လှမ်းပြောလိုက်ပါ သခင်လေး…”ဝမ်ချီက “အင်း” ဟု ပြောလိုက်သော်လည်း မိန်းမစိုးကျိုး၏ စကားကို စိတ်ထဲမထားလိုက်ပေ။
ဝမ်ချီက မိန်းမစိုးကျိုးတွင် ပြောစရာစကား ထပ်မရှိတော့သည်ကို မြင်ပြီး နှုတ်ဆက်လိုက်ကာ အနောက်လှည့်၍ အပြင်သို့ပြန်ရန် ပြင်လိုက်သည်။
သို့သော်လည်း သူ ခြေလှမ်း၂လှမ်း လိုက်ပြီးချိန်တွင် သူ့အနောက်ရှိ မိန်းမစိုးကျိုးထံမှ ထစ်ထစ်အအ စကားသံ ထွက်လာသည်။
“ခဏလေး နေပါဦး ဝမ်သခင်လေး…”ဝမ်ချီက ခြေလှမ်းကို ရပ်လိုက်ပြီး အနောက်သို့ ပြန်လှည့်ကြည့်ကာ မေးသည်။
“မိန်းမစိုးကျိုး ပြောစရာ ကျန်သေးလို့လား…”“ဝမ်သခင်လေး… အဲ့အချိန်တုန်းက အိမ်ရှေ့စံမှာ အရေးကြီးကိစ္စရှိလို့ ပြန်သွားရတာပါ… မြို့တော်က အခြေအနေတွေက ပြင်းထန်နေပြီး ကိစ္စအများအပြား ပြောင်းလဲနေတာမို့ ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် ဝမ်သခင်လေး ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ပြီး အပြောအဆိုနဲ့ အပြုအမူကို သတိထားတာ အကောင်းဆုံးပါပဲ…”

YOU ARE READING
???????????????????????????
Historical Fiction???????????? ????????? ?????????????????? ??????????????? (??????) Description ? ??????????????? ????????? ???????????????? ?????????????????????? ????????????????? ????????? ???????????????? ????????? ??????????? ??? ????? ??????????? ?????????...