Chapter 53
June 18, 2024
💮Chapter 53ရှစ်ယဲ့ကို သွားချော့ရမည်ဟု ကြားလိုက်သောအချိန်တွင် ဝမ်ချီ၏မျက်နှာ ပျက်ယွင်းသွားတော့သည်။
ဝမ်ချီက သက်ပြင်းချလိုက်ပြီး ပြောသည်။
“မိန်းမစိုးကျိုး ကျွန်တော် အိမ်ရှေ့စံကို ချော့ရင်းချောရင်းနဲ့ အလောင်းကောင်ဘဝရောက်သွားမှာ စိုးရိမ်တယ်…”
မိန်းမစိုးကျိုးက ဆွံ့အသွားပြီး ခေတ္တအကြာတွင် ပြန်နှစ်သိမ့်ပေးသည်။
"စိတ်မပူပါနဲ့ သခင်လေးဝမ်… အိမ်ရှေ့စံက သူ့ကို သွားရည်တွေစင်အောင်လုပ်မိလို့ စိတ်ဆိုးနေတာ မဟုတ်ပါဘူး… "
“သွားရည်စင်သည်” ဟူသော စကားလုံးက ဝမ်ချီကို အရှက်ရစေသည်။ ဝမ်ချီက အနည်းငယ် စဉ်းစား၍ မေးလိုက်သည်။
“ဒါဆို သူဘာလို့ စိတ်ဆိုးနေတာလဲ…”
မိန်းမစိုးကျိုးက သက်ပြင်းချပြီး ခြေဆောင့်၍ ဖြေသည်။
“အရှင့်သားက သူ့အတွေးတွေကို မျက်နှာပေါ်မှာ ရေးထားသလို ဒီလောက်သိသာနေတာကို သခင်လေးဝမ်က မမြင်ဘူးလား…”
ဝမ်ချီ ကြောင်အသွားသည်။
မိန်းမစိုးကျိုးက ဝမ်ချီကို စိတ်မရှည်စွာဖြင့် စူးစိုက်ကြည့်ပြီး ညည်းတွားသည်။
“သခင်လေးက ဘာလို့ အဲ့ဟွားမျိုးနွယ်လူဖက်တာကို ငြိမ်ခံနေရတာလဲ… သခင်လေးသာ ငြိမ်မခံခဲ့ရင် အိမ်ရှေ့စံက အခုလိုမျိုး အရမ်းဒေါသထွက်နေမှာ မဟုတ်ဘူး…”
ထိုစကားကိုကြားပြီး ဝမ်ချီက ပို၍ ဇဝေဇဝါဖြစ်သွားရသည်။
“ဒါပေမယ့် ဟွားကျစ်ချန်က ကျွန်တော့်ကို လဲမကျအောင် ဖက်ထားပေးခဲ့တာလေ… အိမ်ရှေ့စံက အဲ့လောက်အထိတော့ စိတ်ထားမသေးသိမ်လောက်ပါဘူး…”
မိန်းမစိုးကျိုး : “…”
မိန်းမစိုးကျိုးက အရှင့်သားမှာ ဝမ်ချီပြောသကဲ့သို့ စိတ်ထားသေးသိမ်သောသူ ဟု ပြောချင်သော်လည်း ထိုကဲ့သို့ ပါးစပ်မှ ထုတ်မပြောဝံ့ချေ။ အိမ်ရှေ့စံက သခင်လေးဝမ် အမှားလုပ်သမျှကို အကြိမ်ကြိမ် ခွင့်လွှတ်ပေးသော်လည်း သူတို့အစေခံများကိုမူ ခွင့်လွှတ်ပေးမည် မဟုတ်ချေ။

YOU ARE READING
???????????????????????????
Historical Fiction???????????? ????????? ?????????????????? ??????????????? (??????) Description ? ??????????????? ????????? ???????????????? ?????????????????????? ????????????????? ????????? ???????????????? ????????? ??????????? ??? ????? ??????????? ?????????...