抖阴社区

Chapter 93

1.8K 143 2
                                    

Chapter 93

June 26, 2024

💮Chapter 93

ဝမ်ချီ ဇဝေဇဝါဖြစ်သွားသည်။
"ဘယ်သူ့အကြောင်း ပြောနေတာလဲ..."

စစ်သူကြီးလင်းက သူ့အား မျက်လုံးတစ်ဖက်မှိတ်ပြသည်။
"ဘယ်သူ့အကြောင်း ပြောနေတယ်ထင်လို့လဲ..."

ဝမ်ချီ: "......"

စစ်သူကြီးလင်းက ဟိုခွေးမင်းသားအကြောင်းကိုထပ်ပြောနေတာပဲ...

ခွေးမင်းသားနဲ့ပတ်သက်ပြီး ငါ ဘာကိုမှ ဂရုမစိုက်ဘူးဆိုတာကို စစ်သူကြီးလင်းယုံသွားအောင် ဘယ်လိုပြောရပါ့မလဲ...

ဝမ်ချီ ရှင်းပြရန်ပြင်လိုက်သော်လည်း နှုတ်ဆိတ်နေခြင်းက ပိုကောင်းသောကြောင့် ရှင်းပြမည့်စကားလုံးများကို ပြန်ပြီးမျိုသိပ်လိုက်သည်။

ရှစ်ကျင်းက စိတ်အာရုံပျံ့လွင့်နေပုံရသည်။ ထိုကျောက်တုံး၏လွှမ်းမိုးမှုက သူ့အပေါ်တွင် သက်ရောက်မှုရှိနေဆဲပင်။ စစ်သူကြီးလင်းနှင့် နီးနီးကပ်ကပ်ဖြစ်သွားချိန်တိုင်း သူ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။ 

ကံကောင်းသည်မှာ အချိန်ကြာလာသည်နှင့်အမျှ ရှစ်ကျင်းက ထိုကျောက်တုံးနှင့် တဖြည်းဖြည်းအသားကျလာပြီး အရင်ကကဲ့သို့ ဟန်မပျက်တော့ဘဲ တည်တည်ငြိမ်ငြိမ်နေနိုင်သည်။ 

အချိန်တစ်ခဏမျှကြာသောအခါ သီးသန့်ခန်း၏အခန်းတံခါးကို တစ်စုံတစ်ယောက်က အပြင်ဘက်မှတွန်းဖွင့်လိုက်ပြီး လှပကျော့ရှင်းစွာဝတ်စားထားသော အမျိုးသမီးတစ်ဦးက ဟင်းပွဲများယူလာသည့် အခြားမိန်းကလေးများနှင်အတူ အခန်းထဲသို့ဝင်လာ၏။ 
"စားဖိုမှူးတွေက အရမ်းအလုပ်ရှုပ်နေလို့ ဒီကဧည့်သည်တွေအကြာကြီးစောင့်လိုက်ရမယ်ထင်တယ်... အားနာလိုက်တာ…"

ထိုအမျိုးသမီးက ထိုသို့ပြောပြီးသည်နှင့် ချက်ချင်းလက်ငင်း စကားလမ်းကြောင်းလွှဲသွားပြီး သူတို့အုပ်စုကို အဓိပ္ပါယ်ပါပါအကြည့်ဖြင့် ကြည့်လာသည်။ 
" ပျင်းနေကြမှာစိုးလို့...ဒီမိန်းကလေးနှစ်ယောက်ကို ဧည့်သည်တွေအတွက် ပြင်ပေးထားပါတယ်... ဒီမိန်းကလေးတွေက တူရိယာမျိုးစုံနဲ့ သီချင်းဆိုတဲ့နေရာမှာ အတော်လေးကျွမ်းကျင်ပါတယ်... အဲဒါကြောင့် ဧည့်သည်တို့ စားသောက်ရင်းနဲ့ မိန်းကလေးတွေ​ ဖျော်ဖြေတာကိုကြည့်လို့အဆင်ပြေနိုင်မလားနော်…"

???????????????????????????Where stories live. Discover now