Chapter 46
June 16, 2024
💮Chapter 46မက်မွန်ပွင့်ပွဲတော်နေ့တွင် ဝမ်လျန် စောစီးစွာနိုးလာခဲ့သည်။
မိသားစုအတွင်း ပြသာနာများစွာ ရင်ဆိုင်နေရသောကြောင့် အိမ်တော်ထိန်းက အစေခံများနှင့် အမှုထမ်းအများအပြားကို အလုပ်ဖြုတ်ပစ်ခဲ့သည်။ ယခင်က အိမ်တော်ထဲတွင် သူ့ကို လုပ်ကျွေးပြုစုသော အစေခံအမြောက်အမြားရှိသော်လည်း ယခုတွင်မူ မိန်းမစိုးနှစ်ယောက်နှင့် အစေခံငါးယောက်သာ ကျန်ရှိလေသည်။
အစေခံက သူ့ဆံပင်အား ဘီးဖြီးပေးပြီးသည့်နောက်တွင် ဝမ်လျန်က ကြေးမုံမှန်ရှေ့တွင် ဆက်ထိုင်နေကာ မှန်ထဲတွင်ပေါ်နေသော သူ့ပုံရိပ်သူငေးကြည့်နေသည်။
ဝမ်လျန်က မိုးပြာရောင်တိမ်ပုံစံများနှင့် ချည်ပန်းထိုးအလှဆင်ထားသည့် ဖြူစွတ်စွတ်၀တ်စုံကို ၀တ်ဆင်ထားကာ အနက်ရောင်ဆံပင်ရှည်ကိုလည်း အဖြူရောင်ကျောက်စိမ်းလေးများပါသည့် ငွေကလစ်ဖြင့်ချည်နှောင်ထားသည်။
မျက်ဝန်းနှင့်မျက်ခုံများက ဆွဲဆောင်မှုရှိလှပြီး နှုတ်ခမ်းပါးမှာနီရဲနေကာ သွားများသည်လည်း အမည်းစက်အနည်းငယ်မျှပင် မစွန်းထင်းသော တောင်ပေါ်ရှိကြာဖြူကဲ့သို့ ဖြူဖွေးနေ၍ နှုတ်ခမ်းထောင့်မှာမူ အနည်းငယ်တွန့်ကွေးနေ၏။
ဟာလာဟင်းလင်းဖြစ်နေသော လည်ပင်းကြောင့် အပိုင်းအစတစ်ခုပျောက်ဆုံးနေသလိုခံစားရပြီး မငြိမ်မသက်ဖြစ်နေသည့် စိတ်ခံစားချက်က သူ့ရင်ဘတ်ထဲတွင် အထပ်ထပ် တုန်ခါနေသည်။
အစေခံမလေးက သသခင်လေးဝမ်လျန် မျက်မှောင်ကြုတ်နေသည်ကို မြင်သောအချိန်တွင် ပြုံးပြီးနှစ်သိမ့်ပေးသည်။
“သခင်လေး ဒီနေ့အရမ်းကြည့်ကောင်းတာပဲ…”
ဝမ်လျန်က ခေါင်းကိုခါရမ်းကာ ပြောလိုက်သည်။
“မင်း ထွက်သွားလို့ရပြီ…”
အစေခံမလေးက ဦးညွတ်ပြီး တိတ်ဆိတ်စွာ ထွက်သွားလေသည်။
ခဏအကြာတွင် ဝမ်လျန်က တံခါးတွန်းဖွင့်လိုက်သည့် အသံကို ထပ်မံကြားလိုက်ရသောကြောင့် စိတ်မရှည်စွာ မျက်မှောင်ကြုတ်၍ မှန်စားပွဲပေါ်မှပစ္စည်းများကို မြေပြင်ပေါ်သို့ တွန်းချလိုက်ကာ အော်ဟောက်လိုက်သည်။

YOU ARE READING
???????????????????????????
Historical Fiction???????????? ????????? ?????????????????? ??????????????? (??????) Description ? ??????????????? ????????? ???????????????? ?????????????????????? ????????????????? ????????? ???????????????? ????????? ??????????? ??? ????? ??????????? ?????????...