ဝမ်ချီက ထောင်မတ်နေသည့် အရာတစ်ခုပေါ်သို့ အတန်ကြာ စိုက်ကြည့်နေမိသည်။ မကြာမီမှာပင် သူ၏ အံ့အားသင့်မှုက ထိတ်လန့်မှုအဖြစ် ပြောင်းလဲသွား၏။ သူက ချန်မော့မော့ကို ကြည့်ရင်း ခါးသက်သက် မေးလိုက်သည်။
“ချန်မော့မော့ … ကျွန်တော့်ကို ဘယ်လိုမြင်လဲ … ကျွန်တော်က အပေါ်ကလား … အောက်ကလား …”ချန်မော့မော့၏ မျက်နှာက မဲ့တဲ့တဲ့ ဖြစ်သွားကာ ပြောလိုက်၏။
“ဒုတိယသခင်လေး … နောက်နေတာလား …”ဝမ်ချီ၏ အမူအရာက အလေးအနက် ဖြစ်လာသည်။
“အတည်မေးနေတာပါ …”အာဏာရှင်ကြီးက အဖိနှိပ်ခံရတာကို ကြိုက်တာလည်း ဖြစ်နိုင်တာပဲလေ … ငါလည်း ကြိုးစားကြည့်ပေးနိုင်ပါတယ် …
ချန်မော့မော့ ထိုစကားကို ကြားချိန်၌ သူမက လက်များကို ကြောက်လန့်တကြား ဝှေ့ယမ်းလိုက်၏။
“ဒုတိယသခင်လေး … အစားကိုပဲ ကုန်အောင်စားပါ … စကားကို ကုန်အောင် မပြောရဘူး … အထူးသဖြင့် အဲဒီ့လိုစကားတွေပဲ … သခင်လေး စကားကို ဂရုတစိုက်မပြောရင် ခေါင်းကို ဆုံးရှုံးရနိုင်တယ် …”“တကယ်လား …”ဝမ်ချီက ထိတ်လန့်သွားသည့်အလျောက် ထထိုင်လိုက်ပြီး အိပ်ရာဘောင်၌ မှီလိုက်ပြီး မေးလိုက်သည်။
“ဒီတော့ ကျွန်တော် ဘယ်သူနဲ့ လက်ထပ်မယ်မှန်း ခင်ဗျားသိတာပေါ့ …”“…” ချန်မော့မော့၏ အမူအရာက တောင့်တင်းသွားကာ အချိန်အတော်ကြာ တိတ်ကျသွားသည်။ သူမက ပြော၏။ “ဒီ … ဒီအစေခံအိုကြီးက သေချာမသိပါဘူး …”
ဝမ်ချီက သူမအား ထပ်မမေးတော့ချေ။
သူက မူလကိုယ်အတွက်သာ စိတ်မကောင်းဖြစ်မိသည်။
ဤကဲ့သို့ ကြီးမားလှသည့် အိမ်တော်ဝန်းထဲတွင် သူက ဝမ်လျန်၏ အစားထိုးအနေဖြင့် အရှေ့နန်းတော်အား လက်ဆက်ရမည်ဖြစ်ကြောင်း အားလုံး သိကြသည်။ သူတစ်ဦးထဲသာ အမှောင်ထဲတွင် နေထိုင်ရသကဲ့သို့ မည်သည့်အရာကိုမှ မသိခြင်းပင်။
ချန်မော့မော့က အမျိုးသားနှင့် အမျိုးသားများကြား နှီးနှောသည့် ပုံစံများကို အသေးစိတ်ရေးဆွဲထားသည့် ရုပ်ပြငါးအုပ် ယူလာခဲ့သည်။ သို့သော် လူသားတစ်ဦး၏ ခန္ဓာကိုယ် အကန့်အသတ်အား ကျော်လွန်နေသည့် ထူးထူးဆန်းဆန်း အနေအထားများ ဒါဇင်ချီ ပါဝင်နေ၏။

YOU ARE READING
???????????????????????????
Historical Fiction???????????? ????????? ?????????????????? ??????????????? (??????) Description ? ??????????????? ????????? ???????????????? ?????????????????????? ????????????????? ????????? ???????????????? ????????? ??????????? ??? ????? ??????????? ?????????...
chapter 2
Start from the beginning