ဝမ်ချီက ရွေးချယ်ခွင့်မရှိဘဲ ရုပ်ပြစာအုပ်များကို အစအဆုံးဖတ်ရန် တွန်းအားပေးခံရတော့၏။ သူက အတွေးထဲတွင် ထိုလူ၏ ထောင်မတ်နေသော အရာကို ဖျောက်လိုက်၏။ စာအုပ်များက ပို၍ စိတ်ဝင်စားစရာ ကောင်းလာပြီး တစ်နာရီမပြည့်မီ ရုပ်ပြငါးအုပ်လုံး သူဖတ်ပြီးသွားခဲ့သည်။
“ရှိသေးလား …”
သူက ချန်မော့မော့ကို ကြည့်ကာ လက်ဖြန့်လိုက်၏။“ဒုတိယသခင်လေး အရမ်းစိတ်ဝင်စားနေတယ် ဆိုမှတော့ ဒီအစေခံအိုကြီးက မနက်ဖြန် ထပ်ယူလာခဲ့ပေးပါ့မယ် …”
ချန်မော့မော့က သူ၏ ပူးပေါင်းမှုကို ကျေနပ်သွားပုံဖြင့် စကားလွှဲလိုက်သည်။
“ဒုတိယသခင်လေး … ကလေးယူဖို့ အကောင်းဆုံး အရွယ်က အသက် နှစ်ဆယ်ပါ … ဒါ့ကြောင့် နောက်သုံးနှစ်အတွင်း ဒုတိယသခင်လေး ကြိိုးကြိုးစားစား ဆောင်ရွက်မယ်ဆိုရင် သားလေးဖြစ်ဖြစ် သမီးလေးဖြစ်ဖြစ် ရနိုင်ပါလိမ့်မယ် …”ဝမ်ချီ ကြောင်အသွားကာ လက်ကို ရုတ်ရင်း အိပ်ယာခင်းအား တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။
“ကလေးမွေးဖို့လား … ကလေးက ဘာအတွက်လဲ …”ချန်မော့မော့က သဘာဝကျကျပင် ပြန်ဖြေလိုက်သည်။
“ဒါပေါ့ … ကလေးမွေးရမှာပေါ့ …”ထိုစာကြောင်းက ဝမ်ချီ၏ နဖူးတည့်တည့်သို့ မိုးကြိုးပစ်ချလိုက်သည့်နှယ် ရှိသည်။ သူက မူလကိုယ်၏ မှတ်ဉာဏ်များကို ပြန်လည်တူးထုတ်လိုက်၏။ ဤနေရာရှိ အမျိုးသားများက ကလေးမွေးနိုင်ကြလေသည်။
သူတို့က သောက်ကျိုးနည်း ကလေးမွေးနိုင်ကြတယ်တဲ့ …
ကြီးမြတ်လှပါသော လက်ဆောင်ကြီးကြောင့် သူအလွန် လေးစားသွားမိသလို သူတို့ ရာသီလာနိုင်ခြင်း ရှိမရှိပင် တွေးလိုက်မိ၏။ သို့သော် ထိုသို့ကိစ္စများကို ဝတ္ထုထဲတွင် ထည့်မရေးထားချေ။
ဝမ်ချီက သူ့တင်ပါးမှ သွေးများစီးကျလာသည်ကို တွေးပင်မတွေးကြည့်ရဲပေ။ ထို့ကြောင့် သူက နဖူးကိုသာ ပွတ်ရင်း စိတ်ပျက်လက်ပျက် ပြောလိုက်၏။
“ယောက်ျားတွေက ဘယ်လိုလုပ် ကလေးရနိုင်မှာလဲ … စအိုကြီးလာအောင် လုပ်နိုင်တဲ့ နည်းလမ်း ရှိလို့လား …”

YOU ARE READING
???????????????????????????
Historical Fiction???????????? ????????? ?????????????????? ??????????????? (??????) Description ? ??????????????? ????????? ???????????????? ?????????????????????? ????????????????? ????????? ???????????????? ????????? ??????????? ??? ????? ??????????? ?????????...
chapter 2
Start from the beginning