Part-14
" အမလေး...သ...သရဲ....အား..."
မိမိလည်းအတိုက်ခံလိုက်ရသေး မိမိမျက်နှာကိုကြည့်ပြီးထိုသူဘက်ကစ၍အားမနာလျှာမကျိုး ထိုကဲ့သို့ပြောဆိုလာတာမို့ ဂွန်ချင်းသည် သီးခံထားသမျှစိတ်ခံစားချက်တွေအလုံးစုံပွင့်အံထွက်ကျလာကာ ဒေါသတကြီးနှင့်ထိုလူ့မျက်နှာကိုကြည့်ရင်းအော်ငြောက်ပစ်လိုက်တော့သည် ...။
" ဘာသရဲလဲ...ဘယ်ကောင်ကသရဲလဲ...ဘာတွေလာပြောနေတာလဲ..."
ထိုကဲ့သို့ပြောဆိုရေရွတ်လိုက်တော့မှ တစ်ဖက်လူကသူ့ကိုသေချာပြူးကြည့်ရင်းဆိုလာခဲ့သည်...။
"မင်း...မင်းက နေ့လည်ကအရှင်မင်းကြီးရဲ့မိန်းမစိုး...ဂွန်...ဂွန်ချင်းလား..."
ထိုသူ့ ဘက်မှပြောလာသောစကားကြောင့်ဂွန်ချင်းသည် ထိုသူ့မျက်နှာကိုသေချာမျက်မှောင်ကုတ်ပြီးကြည့်လိုက်မိသည်...။ သူသည်အမှောင်ကိုမကြိုက်သူဖြစ်ရာမီးအလင်းရောင်သိပ်မရှိသောနေရာတွင်သူ့အမြင်အာရုံတွေထွေပြားပြီးမသဲမကွဲဖြစ်တက်သည်မှာမွေးရာပါချို့ယွင်းချက်ဖြစ်တာမို့ ထိုသူ့မျက်နှာကိုမြင်ရဖို့ရာသူသေချာအာရုံစိုက်နေရသည်...။
မျက်နှာအနားထိတိုးကပ်ကြည့်လိုက်မှသာ ထိုသူကဘယ်သူဆိုတာကို သူသိမြင်လိုက်ရလေသည်...။
" ခင်များက မင်းသားရဲ့မိန်းမစိုးလား..."
တစ်ဖက်ကလည်းသူ့စကားကိုထောက်ခံစွာဖြင့်ခေါင်းညိတ်ပြရင်းဆိုလာခဲ့သည်...။
"ဟုတ်တယ်လေကွာ...ငါတို့နေ့ လည်ကပဲဆုံသေးတာလေ...။ ဒါနဲ့မင်းမျက်နှာကဘယ်လိုဖြစ်ရတာလဲ...ဘယ်သူကများမင်းကိုအနိုင်ကျင့်လိုက်တာတုန်း...ပြောရမယ်ဆိုမင်းကငါတို့တွေထက်တောင်မြင့်တဲ့နေရာမှာတာဝန်ထမ်းဆောင်နေရတဲ့မိန်းမစိုးတစ်ယောက်လေ...ဒါတွေမင်းကြီးသာသိရင်မင်းကိုအခုလိုလုပ်လိုက်တဲ့သူကတော့သေချာပေါက်လက်အဖြတ်ခံရမှာပဲ...ပြောစမ်းပါအုံးမင်းကိုဘယ်သူကများအခုလိုရုပ်ပျက်အောင်လုပ်တာတုန်း..."
