抖阴社区

Part- 34

567 22 0
                                        

Part- 34

ဂွန်​ချင်းဘက်​ကအမှန်​အတိုင်းဝန်​ခံမယ်​ဆိုတဲ့စကားထွက်​​ပေါ်လာမှ ၀မ်​ရှီးယန်​သူ့​ခြေ​ထောက်​ကိုဂွန်​ချင်း​ခေါင်း​ပေါ်ကပြန်​ဖယ်​​ပေးလိုက်​သည်​...။

ထိုအခါ အသက်​ရှု​ချောင်​သွား​သောဂွန်​ချင်းသည်​မျက်​ရည်​​တွေနဲ့နှာ​ခေါင်း​သွေး​တွေကို​ရော​သောသုတ်​ပစ်​လိုက်​ပြီး ၀မ်​ရှီးယန်​အ​ရှေ့မှာကျုံ့ကျုံ့​လေးထိုင်​ကာ ၀မ်​ရှီးယန်​မျက်​နှာကို​တောင်​ကြည့်​မရဲ​တော့ပဲ သူတို့ကြံစည်​ထားသမျှ​တွေအကုန်​လုံးကို​ပြောပြ​လျောက်​တင်​​လေ​တော့သည်​...။

" အရှင့်​ရဲ့စိတ်​ခံစားချက်​​တွေကို မိန်းမ​တွေဆီပြန်​​ရောက်​​အောင်​လို့ ကျ​နော်​မျိုးကြံစည်​မိပါတယ်​အရှင်​...။ မိန်းမ အင်္ကျီ​တွေဝတ်​ပြီးအရှင်​မသိ​အောင်​မိန်းက​လေးလိုအရိပ်​အ​ယောင်​ပြဖို့အတွက်​ကျ​နော်​မျိုး...ကျ​နော်​မျိုးကြံစည်​ထား​ကြောင်းပါ...ပြီး​တော့ဒီအကြံအစည်​ကကျ​နော်​မျိုးတစ်​ဦးတစ်​ယောက်​တည်းရဲ့အကြံအစည်​ပါအရှင်​...အခြားဘယ်​သူတစ်​ဦးတစ်​​ယောက်နဲ့ ​​မှမပူး​ပေါင်းထားပါဘူး...တကယ်​ပါ..."

ပြောရင်းသူ့ လက်​က​လေး၂ဖက်​ကိုတစ်​ဖက်​နှင့်​တစ်​ဖက်​ပွတ်​တိုက်​​နေခဲ့ကာ မလုံလဲသည့်​သူ့စိတ်​ကိုဝမ်​ရှီးယန်​မမြင်​​အောင်​သူထိန်းချုပ်​​နေခဲ့သည်​...။

သူ့အတွက်​နဲ့ဘယ်​သူ့ကိုမှဒုက္ခမ​ရောက်​​စေချင်​တာမို့ သူအခုလိုလိမ်​လိုက်​ရခြင်းပင်​ဖြစ်​သည်​...။

ဝမ်​ရှီးယန်​သည်​ဂွန်​ချင်း၏အပြုအမူအ​ပြောအဆိုများကို​သေချာအာရုံစိုက်​ပြီးကြည့်​​နေခဲ့သည်​ဖြစ်​ရာ ယခုဝန်​ခံလာ​သောစကားလုံး​တွေထဲမှာ အလိမ်​အညာတစ်​ချို့ပါဝင်​​နေသည်​ကိုသူရိပ်​မိ​နေခဲ့သည်​...။

သို့​​သော်​သူဂွန်​ချင်းကိုဒီထက်​ပိုပြီးနာကျင်​​အောင်​မလုပ်​ချင်​... ထပ်​လုပ်​ရင်​လည်းဒီက​လေး​သေဖွယ်​သာရှိသည်​မို့ သူ့စိတ်​ကိုသူတက်​နိုင်​သ​လောက်​ထိန်းချုပ်​ထားလိုက်​ကာ သက်​ပြင်းရှည်​တစ်​ချက်​ကိုသူချလိုက်​သည်​...။

????????????????????????? Where stories live. Discover now