Part-19
နောက်တစ်နေ့နံနက်...။
ကျေးငှက်သာရကာတို့၏တွန်ကြူးသံများနှင့် သာယာလှပပြီး တော်ဝင်မဆန်ဘဲ ပကာသနကင်းသောမယ်တော်ကြီး၏နန်းဆောင်အတွင်း ကုန်းကုန်းကြီးဂျန်ဖန်နှင့် မယ်တော်ကြီးတို့စကားစမြည်းပြောဆိုနေကြလေသည်...။
" အဲ့ဒါကတကယ်ပဲလား ဂျန်ဖန်..."
လက်ဖက်ရည်ပူကိုအအေးခံပေးနေသောဂျန်ဖန်ကိုကြည့်ကာမယ်တော်ကြီးမေးလိုက်ခြင်းပင်...။
ဂျန်ဖန်သည်ချက်ချင်းမဖြေလာဘဲ မယ်တော်ကြီး၏လက်ထဲသို့သူအအေးခံထားပြီးသောလက်ဖက်ရည်ခွက်ငယ်ကိုအရင်ဆက်သလာသည်...။ပြီးမှ သက်ပြင်းတစ်ချက်နှင့်အတူ သူပြောလာခဲ့သည်...။
" ဟုတ်ပါတယ်မယ်တော်ကြီး...ကျနော်မျိုးလည်းဘယ်လိုမှနားမလည်နိုင်လောက်အောင်ပါပဲ အရှင်မင်းကြီးက အခုချိန်ထိဘယ်သူ့ကိုမှမိဖုရားမမြှောက်သေးဘဲ ကိုယ်လုပ်တော်အဆင့်နဲ့ချည်းထားတာမို့ သြော် သူကကာမစိတ်မရှိသေးလို့ပါလေဆိုပြီး ကျနော်မျိုးဖြေတွေးခဲ့မိတာ အခုတော့အားလုံးလွဲချော်ပါရောလား...အရှင်က...အရှင်ကတကယ်တော့ မိန်းမတွေကိုစိတ်ဝင်စားတာမဟုတ်ဘူး မယ်တော်ကြီး သူကယောက်ကျားလေးတွေကိုစိတ်ဝင်စားတာ...ပြီးတော့ သူစိတ်ဝင်စားတာကလည်းသူ့ဘေးနားမှာခစားနေတဲ့မိန်းမစိုးလေးတဲ့ခင်မျာ...ကျနော်မျိုးတွေးတောင်မတက်တော့ပါဘူး..."
ဂျန်ဖန်သည်ထိုစကားကိုဆိုပြီးသည်နှင့်အင်မတန်မှယူကြုံးမရဖြစ်နေသည့်မျက်နှာထားဖြင့်နေလေ၏...။
အမှန်တကယ်တော့သူသည် ကောလဟာလဟုလူအများသတ်မှတ်ထားသောအမှန်တရားကိုမယ်တော်ကြီး၏နားအထိပေါက်ရောက်စေပြီး ဂွန်ချင်း၏လွတ်မြောက်မှု့ ကိုလိုလားနေခြင်းဖြစ်သည်...။
" ဘယ်လိုလုပ်ကြမလဲမယ်တော်ကြီး...ဒီပုံစံအတိုင်းဆိုရင် မင်းကြီးရဲ့ ရင်သွေးလည်းမရှိလာနိုင်တော့ဘူးလေ..ဒါဆိုနောင်တစ်ချိန် အရိုက်အရာဆက်ခံမယ့်သူကို ကျနော်မျိုးတို့ ဘယ်ဆီသွားရှာရပါတော့မလဲခင်မျာ...ကျနော်မျိုးအင်မတန်မှရင်လေးမိပါတယ်..."
