抖阴社区

Extra 2

335 13 0
                                        

Extra 2

နောက်​တစ်​​နေ့နံနက်​ခင်း​အချိန်​အခါသို့​ရောက်​​သော်​...

ဝမ်​ရှီးယန်​၏ရင်​ခွင်​ထဲမှာ​နွေး​ထွေးစွာအိပ်စက်​​နေ​သောဂွန်​ချင်းသည် ယ​နေ့ နံနက်ခင်းတွင်ေ​​​​တာ့ဘယ်​သူကမှမနှိုးရပါပဲ တက်​ကြွ​နေ​သောလုံးလနဲ့အတူ​စောစီးစွာပင်​နိုးထလာခဲ့​လေသည်​။

နိုးနိုးလာချင်းမှာပဲသူသည်​တစ်​ချက်​ပင်​သမ်း​ဝေချိန်​မရ ချက်​ချင်းပင်​၀မ်​ရှီးယန်၏​​ရင်​ခွင်​ထဲကရုန်းထွက်​ကာသလွန်​​ပေါ်ကဆင်းလိုက်​ပြီး သူ့ကိုယ်​​ပေါ်က ၀မ်​ရှီးယန်​ ဘယ်​အချိန်​မှာ​၀တ်​​ပေးထားမှန်းမသိ​သော သား​မွေးအ​နွေးထည်​​လေးကိုချွတ်​ပစ်​ကာ အခန်းထဲတွင်​ခုန်​ဆွခုန်​ဆွနှင့်​​လေ့ကျင့်​ခန်းလုပ်​​နေ​တော့သည်​။ လုပ်​​နေရင်းနှင့်​ပင်​ ခုန်​ခုန်​ပြီးအခန်းပြင်​ဘက်​ကိုထွက်​လာခဲ့ကာ အခန်းအပြင်​ဘက်​တံခါးနားမှာရပ်​​စောင့်​​နေ​သော ကိုယ်​ရံ​တော်​ကြီးနှင့်​ အထိန်း​တော်​ကြီးကိုသွား​လေးဖြီးရင်း ​နံနက်​ခင်းနှုတ်​ခွန်းဆက်​လိုက်​​လေသည်​။

" မင်္ဂလာနံနက်​ခင်းပါ ခင်​မျ"

ပြောပြီးတာနဲ့ အပြင်​ကိုဆက်​ပြီးခုန်​ထွက်​သွားဖို့လုပ်​​နေ​သောဂွန်​ချင်းကို ကိုယ်​ရံ​တော်​ကြီးလက်​​မောင်းအ​ရင်းက​နေဆွဲကိုင်​ထားလိုက်​ကာ မျက်​နှာခပ်​တည်​တည်​ဖြင့်​​ပြောလိုက်​သည်​။

" ဘယ်​ကိုသွားမလို့လဲ... အရှင်​မနိုး​သေးဘူးမှတ်​လား အရှင့်​နားမှာပဲသွားပြန်​​နေ... အရှင်​နိုးလာမှအပြင်​ထွက်​ချင်​ရင်​ထွက်​"

" အာ... ကိုယ်​ရံ​တော်​ကြီးက မသိ​သေးဘူးဘဲ အရှင်​ကကျ​နော့်​ကိုကျန်းကျန်းမာမာနဲ့လိမ်​လိမ်​မာမာ​နေရင်​နန်းအပြင်​ထွက်​ခွင့်​​ပေးမယ်​လို့​ပြောထားတယ်​​လေ... အဲ့ဒါ​ကြောင့်​ ဒီ​နေ့ ကျ​နော်​ဘယ်​​လောက်​ထိကျန်းမာ​ကြောင်းကြံ့ခိုင်​​ကြောင်းပြဖို့အ​စောကြီးထပြီး​လေ့ကျင့်​​နေတာဗျ... အဟဲဟဲ...အဲ့ အဲ့ဒီ​တော့ အခုလွတ်​​ပေးလို့ရပြီလားမသိဘူး... "

????????????????????????? Where stories live. Discover now