Part-29
ဝမ်ရှီးယန်၏ထပ်မံစကားကြောင်းပေးမှု့ အဆုံးတွင် ဂွန်ချင်းသည်တံတွေးတစ်ချက်မျိုချလိုက်ရင်း သူ့စိတ်ထဲမှာလက်တစ်လောဖြစ်ပေါ်နေသည့်ခံစားချက်အတိုင်းဖွင့်ပြောရန်ဆုံးဖြတ်ချက်ချလိုက်သည်...။
"ကျနော်မျိုး...အရှင့်ကို ...အရှင့်ကို...."
" ရပြီ...ငါကိုယ်တော် မကြားချင်တော့ဘူး"
ဂွန်ချင်းစကားပင်မဆုံးသေး ၀မ်ရှီးယန်ထိုကဲ့သို့ဖြတ်ပြောလိုက်ကာ ဂွန်ချင်းကိုချက်ချင်းကျောခိုင်းလိုက်သည်...။ ပြီးနောက် သူ သက်ပြင်းတစ်ချက်ချလိုက်ရင်း စကားလုံးတစ်ချို့ကိုရေရွတ်လိုက်သည်...။
" အမှန်တော့ မင်းအဆင့်ကငါကိုယ်တော်ကိုအခုလိုပြန်ပြီးအဖြေပေးရမယ့်အဆင့်မှမဟုတ်တာ...ဘာကိစ္စနဲ့ငါကိုယ်တော်ကမင်းရဲ့အဖြေကိုစောင့်ဆိုင်းနေရမှာလဲ...ဟုတ်တယ်မှတ်လားဂွန်မျိုးနွယ်..."
" ဟုတ်...ဟုတ်ပါတယ်အရှင်..."
ဝမ်ရှီးယန်၏ပြောစကားကိုသူထိုကဲ့သို့ ပြန်လည်တုံ့ပန်လိုက်ကာ သူ့ရင်ထဲကအဖြေစကားလေးကိုလည်းသူ့ဘာသာသူပဲသိမ်းဝှက်ထားလိုက်တော့သည်...။
သိပ်ဟုတ်တာပေါ့... သူ့အဖြေကဘယ်လိုပဲဖြစ်ခဲ့ပါစေ သူက ဒီလူသားနဲ့ထိုက်တန်တဲ့သူမျိုးမှမဟုတ်ခဲ့တာ...။ ဒီတော့ ကိုယ့်အဆင့်ကိုယ်သိပြီးနှုတ်ဆိတ်နေရုံပေါ့...။
ဝမ်ရှီးယန် ဂွန်ချင်းရှိရာဘက်ကိုပြန်လှည့်ကြည့်လာခဲ့သည် ...။
သူ့ကိုမကြည့်ပဲခေါင်းငုံ့လျှက်သာအမိန့်နာခံဖို့အဆင်သင့်ဖြစ်နေသောဂွန်ချင်းကိုကြည့်ကာ သူမျက်နှာမှာလည်း အပြုံးတစ်ခုဖြစ်တည်လာခဲ့သည်...။
ထိုအပြုံးသည် သာယာပျော်ရွှင်မှု့ ကြောင့်ဖြစ်တည်ခဲ့သောအပြုံးမျိုးတော့မဟုတ်ခဲ့ပါ...။
ပြီးနောက်သူဂွန်ချင်းကိုနောက်တစ်ကြိမ်ထပ်မံကျောခိုင်းလိုက်ကာ ခန်းဆောင်အပြင်ဘက်ဆီထွက်ခွာလာလိုက်တော့သည်...။
