Part-42
ဝမ်ရှီးယန်၏ပြောစကားကိုလျှို့ရန်နားမ၀င်...သူ့အရှေ့မှာလူတစ်ယောက်ကိုအခုလိုအနိုင်ကျင့်နှိပ်စက်နေတာမျိုးသူလက်မခံ...ကြိုက်လည်းမကြိုက်... ထို့ကြောင့်ဂွန်ချင်းအနားကိုသူထပ်မံတိုးကပ်သွားလိုက်ကာ ဂွန်ချင်းအရှေ့မှာဆောင့်ကြောင့်လေးထိုင်လိုက်ပြီး သူ့အင်္ကျီဝတ်ရုံလက်စနှင့်ဂွန်ချင်းနားကစီးကျလာသောသွေးစများကိုဖွဖွသုတ်ပေးနေခဲ့သည်...။
" အရမ်းနာနေလားကလေးလေး...အ...အသံကိုရောကြားရရဲ့လား"
ပုံမှန်ဆိုရင်ဒီလိုပြင်းထန်လှသောရိုက်ချက်များသည်နားစည်ကိုကွဲထွက်သွားစေပြီးအကြားအာရုံကိုလုံးဝထိခိုက်သွားစေနိုင်သည်...။
လျှို့ရန် သူ့အရှေ့ကဒီကလေးလေးကိုသိပ်ကိုသနားနေမိပြီ...။
အသက်အရွယ်အားဖြင့်ရော အရပ်အမောင်းခွန်အားအနေနှင့်ရောသေးငယ်လှသောဂွန်ချင်းလေးသည် သူနဲ့မတွေ့ခင်အချိန်ကတည်းကအခုလိုပင်အမြဲတမ်းအနိုင်ကျင့်ခံအနှိပ်စက်ခံနေရသည်လား... သူ တွေးရင်းနာကျင်သထက်နာကျင်နေခဲ့ပြီ...။
ဂွန်ချင်းသည် အသိစိတ်လွတ်သွားသောလူတစ်ယောက်ပမာဝမ်ရှီးယန်ကိုငေးကြည့်ရင်းတိတ်ဆိတ်နေခဲ့သည်...။
သူ၏နားတစ်ဖက်သည်လည်းအူထူပြီးလေသံများရောယှက်လျှက် ရှိပြီး သူ့တစ်ကိုယ်လုံးသည်လည်းကြောက်စိတ်ကြောင့်တဆက်ဆက်တုန်ရင်နေခဲ့သည်...။
သူမျက်ရည်တွေကျဖို့ရာလည်းမတက်စွမ်းနိုင်တော့ ... ဧကန်န သူ့မျက်ရည်တွေများခမ်းခြောက်သွားတာလား...။
ဝမ်ရှီးယန်သည်ကား ဂွန်ချင်းကိုတယုတယနှင့်ထွေးပွေ့ထားမတက်စိုးရိမ်နေသောလျှို့ရန်ကိုကြည့်ကာ ဒေါသအမြတ်အချောင်းချောင်းထွက်လျှက်ရှိသည်...။
သူကမထိနဲ့မကြည့်နဲ့ လို့ပြောရင် အဲ့ဒီအရာကိုလုံးဝမထိ လှည့်မကြည့်တော့တဲ့လူက အခု သူ့အရှေ့မှာသူ့အမိန့်ကိုလွန်ဆန်ပြီး သူ့ရန်သူရဲ့သားကိုကြင်ကြင်နာနာဂရုစိုက်နေသတဲ့လား...။
