抖阴社区

Extra 3

304 8 0
                                        

Extra 3

ဝမ်ရှီးယန်သူ့အရှေ့က အစားပုပ်ငတုံးအပုလေးကိုကြည့်ကာသဘောကျစွာဖြင့်ပြုံးရယ်နေခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူကိုယ်တိုင်လိုက်ပါရမည်ဆိုပါက ဂွန်ချင်းဘယ်ကိုပဲသွားချင်ချင်သူလိုက်ပို့ပေးဖို့၂ခေါက်ထပ်ပိုစဉ်းစားမှာမဟုတ်...။ သူသေချာပေါက်ကိုအလိုလိုက်အကြိုက်ဆောင်ပေးမှာဖြစ်သော်လည်း ဂွန်ချင်းဘက်ကအခုလိုကြိုးပမ်းမှု့လေးတွေကိုတွေ့ရမြင်ရတာကတော့ သူ့အတွက်ချစ်စရာကောင်းတဲ့အမြတ်လေးပါပဲ။ ပြီးတော့ ဒီလိုတုံးအအ အပြုအမူလေးတွေကပဲအေးစက်နေတဲ့သူ့နှလုံးသားကိုနွေးထွေးသွားအောင်ပြုလုပ်ပေးနိုင်ခဲ့တာမဟုတ်လား။

အတွေးနဲ့အတူဝမ်ရှီးယန်တစ်ယောက် ထမင်းတွေမတရားစားသွင်းနေတဲ့ဂွန်ချင်းကိုမမှိတ်မသုံစိုက်ကြည့်နေခဲ့ကာ ပါးစပ်နားမှာကပ်ပေနေတဲ့ထမင်းလုံးလေးတွေကိုတောင်တယုတယနှင့်သုတ်ဖယ်ပေးနေခဲ့သည်။

ဂွန်ချင်းကတော့ သူ့အပေါ်ရင်ထဲအသည်းထဲကနေလှိုက်လှ်ိုက်လှဲလှဲနှင့်ကြင်နာပြနေသောဝမ်ရှီးယန်၏အပြုအမူတို့ကိုဂရုမစိုက်အား... သူ့အတွေးထဲမှာပြည့်နှက်နေခဲ့သည်က အပြင်မထွက်ရတဲ့အပြင် ညကျရင်အပေါက်ချဲ့ခံရတော့မည့်အရေးသာဖြစ်သည်။

စားနေရင်းထမင်း၂ပန်းကန်နှင့်အထူးဟင်းပွဲတွေသာကုန်စင်သွားသည် သူသိပ်ပြီးအရသာမတွေ့.... အပြင်မထွက်ရသည့်အရေးကိုသာတွေးကာမှိုင်တွေနေခဲ့သည်။

နံနက်စာသုံးဆောင်ပြီးလို့ဝမ်ရှီးယန် ညီလာခံတက်တဲ့အချိန်မှာလည်း သူ့တွင်ထိုအတွေးသာကြီးစိုးနေခဲ့ပြီး အရိုက်နှက်ခံထားရလို့မကြည်မသာဖြစ်နေသည့်မျက်နှာပေးလေးနှင့် ညီလာခံကိုတက်ရောက်လာသော သူနှင့်ခင်မင်သူအမတ်ကြီးများကိုကြည့်ကာ အကူအညီတောင်းခံနေခဲ့သည်။
သို့သော် သူ့ကိုချစ်တာထက် ဝမ်ရှီးယန်၏ဒေါသကိုသေမလောက်ကြောက်ရသော အမတ်ကြီးအပေါင်းတို့မှာ သူ့ကိုကူညီဖို့မပြောနဲ့လှည့်၍တောင်မကြည့်ရဲခဲ့ကြ... အမှု့ပတ်မှာကြောက်ပြီးညီလာခံပြီးတာနဲ့လစ်ပြေးကုန်ကြသည်။

????????????????????????? Where stories live. Discover now