အချစ်ဦး ရဲ့ အချစ်ဦး ❤️
အပိုင်း (၁)
၂၀၁၆ ခုနှစ် မေလ ၂၁ရက်...
မေလ ဆိုသည့် လဟာ နွေလည်ခေါင်ဖြစ်နေရမှာ ပေမယ့်
နေမပူဘဲ ရာသီနှင့်မလိုက်ဖက်စွာ မိုးတွေ ရက်ဆက်ရွာနေလေရဲ့....
ဒီနေ့ နဲ့ဆိုလျှင် မိုးရွာတာ ၃ရက်မြောက်နေ့သာ...
သည်းထန်စွာရွာနေသည်တော့မဟုတ်.. ပုံမှန်လေးနှင့် မရပ်မနားရွာနေခြင်းဖြစ်သည်...ဒီနေ့ဟာ စနေနေ့လည်းဖြစ်သလို ညောင်ရေသွန်းပွဲ လည်းဖြစ်နေတာမို့ ကျောင်းလည်ပိတ်သည်။
ကော်ဖီခွက်ကို ဘေးမှာချကာ ကျောင်းဖွင့်လျှင် သူသင်ရမည့်ဆရာကိုင်သင်္ချာစာအုပ်ကို ဖတ်နေလိုက်သည်။
"ဆရာရေ.. ကျောင်းဆရာ... ရှိလားခင်ဗျ"
"ရှိပါတယ်ခင်ဗျ..."
အိပ်ခန်းထဲ ကနေချက်ချင်းထွက်လာလိုက်ပြီး အိမ်ရှေ့ ဝရံတာကနေ ခြံအောက်ကို ကြည့်လိုက်တော့ ရွာလူကြီးဦးမြင့်နှင့် သူ့၏ အိမ်မှာအလုပ်လုပ်သည့် ကောင်လေး စိုးအောင်သာ...
"ကျောင်းဆရာ မရှိဘူးထင်နေတာ အိမ်က တိတ်ဆိတ်နေတော့လေ"
"သူကြီးရယ် ကျောင်းဆရာ တစ်ယောက်တည်းနေပါတယ်ဆို တိတ်ဆိတ်နေမှာပေါ့ ဘယ်တုန်းကရော ဆူဆူညံညံဖြစ်နေလို့တုန်း"
"မင်းတိတ်တိတ်နေစမ်းကွာစိုးအောင်ရာ မသိရင် မင်းက ငါ့ထက် ကြီးတဲ့ သူကျနေရောဘဲ..."
ဦးမြင့် အော်ငေါက်လိုက်မှ ဇာတ်လေးပုဝင်သွားကာ နောက်အနည်းငယ်ဆုတ်သွားသည့် စိုးအောင်ကိုကြည့်ပြီး သူပြုံးလိုက်မိလေသည်။
"အိမ်ပေါ်တက်ခဲ့ပါ ဦးလေးမြင့်"
အိမ်ပေါ်ကို တက်လာခဲ့ဖို့ ပြောဆိုပြီးတာနှင့် မီးဖိုခန်းထဲ ဝင်သွားလိုက်ကာ ဓာတ်ဗူးထဲ ရေနွေးထည့်ပြီး လက်ဖက်ခြောက်ထည့်ကာ ဖန်ခွက် ၂ခွက်ယူပြီး ဧည့်ခန်းထဲကို ယူလာခဲ့လိုက်သည်...
"ကျွန်တော် မနက်က စျေးမသွားလိုက်ရလို့ မုန့်တွေ မဝယ်ထားရဘူး ဦးလေးမြင့် ရေနွေးကြမ်းဘဲရှိတယ်ဗျ"
"ရပါတယ်ကျောင်းဆရာရယ်
ဒီမှာ ထန်းလျက်တွေလည်းရှိနေတာဘဲ ကျုပ်တို့က ဒီလောက်နဲ့တင်ရပြီ.. "

YOU ARE READING
???????? ??? ???????? (Complete)
Romance?? This story contains a lot of sexual content so please if you are under 18 don't read or skip this story ?? "???????????? ??? ??????????????????????????? ??????? ??????????????? ???? ?????????????? ????????? ???? ??? ???????????? ?????????????????...