အချစ်ဦး ရဲ့ အချစ်ဦး ❤️
အပိုင်း (၄၆)
(Warning 🔞)မင်္ဂလာပွဲပြီးတာနှင့် ကလေးမက နေမကောင်းဖြစ်ချင်သည်ဆို၍ ဆေးရုံသွားဖို့ လုပ်တော့ မသွားချင်ဘူးဟု အတင်းပြောနေတာမို့ ခေတ်ထူး ပြောလို့ မနိုင်သည့်...
ကလေးမ အား..."နေမကောင်းဖြစ်နေတာလေ.. ဆေးရုံသွားမှဖြစ်မှာ"
"ဟင့်အင်း မသွားချင်ဘူးလို့..."
"ဒါဆိုလည်း အိမ်ပြန်မယ် အိမ်ရောက်မှနားပြီးအိပ်လိုက်.."
"ကိုခေတ်ထူးရဲ့ hotel သွားမှာမဟုတ်ဘူးလား
မင်္ဂလာဦး အတွက် ပြင်ဆင်ထားတယ်ဆို"ခေတ်ထူး မျက်မှောင်ကျုံ့ကာ ကြည့်လိုက်ပြီး...
"အဲ့မှာ နေရင် နေကောင်းမှာမဟုတ်ဘူး
အိမ်မှာဘဲ ကို မင်း ကို ပြုစုပေးလို့ အဆင်ပြေမှာ..
အိမ်ပြန်မယ်.""မပြန်ဘူး ဟိုကိုဘဲသွားမှာ..."
"ခွန်းဆက်သွယ်"
နာမည်အပြည့်အစုံကိုခေါ်ပြီး...
ခါးထောက်ကြည့်နေသည်မို့ ခွန်း ဝမ်းနည်းလာကာ...
ထလိုက်ပြီး ဘေးနားက အိတ်ကို ကောက်လွယ်လိုက်တော့... ခွန်းလက်ကို လှမ်းဆွဲပြီး..."ဘယ်သွားမလို့လဲ"
"အိမ်ပြန်မလို့"
"အတူတူပြန်မယ် ခဏစောင့်ဦး
ဟိုမှာ ကို့ အင်္ကျီသွားယူဦးမယ်"အပေါ်Coatက ခုံပေါ်မှာပတ်ထားသည်မို့ သွားယူ နေတုန်း အနောက်ကို လှည့်ကြည့်တော့ ကလေးမ က သူ့ကိုမစောင့်ဘဲ သွားနှင့်နေသည်မို့ အပေါ် coat ပင်မယူတော့ဘဲ အမြန်လိုက်လာရတော့သည်။
"ဘာလို့ ကို့ကိုမစောင့်တာလဲ"
ကားထဲမှာ မျက်နှာဆူပုတ်ပုတ်ဖြင့်ထိုင်နေသည့် ကလေးမကို မေးလိုက်တော့ ပြန်မဖြေ....
ခေတ်ထူး သက်ပြင်းတစ်ချက်ချကာ...
"Hotel ဘဲသွားမယ်လေနော်...
လမ်းမှာဆေးတော့ဝယ်သွားမယ်"ထိုအခါမှ သူ့ကလေးမ က ပြုံးတော့သည်။
ခေတ်ထူးပါ လိုက်ပြုံးမိနေလေသည်။Hotel ရောက်တော့ ကလေးမကို အခန်းထဲပို့ပေးပြီး လိုအပ်မည့် အရာတွေကို သွားယူဖို့ သူကိုယ်တိုင် မန်နေဂျာကို မှာလိုက်သည်။
case အနည်းငယ်ရှိနေတာနှင့် သူနှင့် မန်နေဂျာ တို့စကားပြောနေလိုက်တာ အချိန် အနည်းငယ်ကြာသွားကာ လိုအပ်မည့် ပစ္စည်းတွေကို ယူပြီး အခန်းထဲ သူပြန်လာတော့ ဧည့်ခန်းမှာ ကလေးမကို မတွေ့...

YOU ARE READING
???????? ??? ???????? (Complete)
Romance?? This story contains a lot of sexual content so please if you are under 18 don't read or skip this story ?? "???????????? ??? ??????????????????????????? ??????? ??????????????? ???? ?????????????? ????????? ???? ??? ???????????? ?????????????????...