အချစ်ဦး ရဲ့ အချစ်ဦး ❤️
အပိုင်း (၂၂)
"မျိုးမင်း... ငါ မရှိတဲ့ အတောအတွင်း
ကလေးမကို ကြည့်ပေးထားစမ်းပါဦး""သြော် ပြီးတော့... ဟင်းတွေသွားပို့ပေးဦး..
အသုပ်တွေပို့ရင် ကြက်သွန်နီ တွေ သိပ်မထည့်နဲ့..
ကလေးမက မကြိုက်ဘူး""ညနေစောင်းပြီဆိုတာနဲ့ အပြင်သိပ်မထွက်စေနဲ့..
အိမ်မှာဘဲ နေခိုင်းလိုက်.. မင်း နဲ့ မင်းမိန်းမ သူ့အိမ်ကို သွားအိပ်ရင်အိပ်လိုက်ပါလားကွာ.. ကာကာလည်းရှိတော့ သူမပျင်းလောက်တော့ဘူးပေါ့""မဟုတ်ဘူး... သွားမအိပ်နဲ့...
ငါမသွားခင် မင်းညီမကို ဒီလာခိုင်းလိုက်ပါလား..
သူနဲ့ ခင်ကြတဲ့ မေဆုဆိုတဲ့ ကောင်မလေးကိုလေ""ရွာထဲကိုသိပ်မသွားခိုင်းနဲ့ဦး..
အသက်ကသာ ၃၀ကပ်နေတာ ရုပ်က ကလေးရုပ်မပျောက်သေးတော့ နည်းနည်းစိတ်ပူရတယ်...
ငါပြောသွားရင်တော့ရမှာမဟုတ်ဘူး..မင်းပြောရင်တော့ရမှာပါ မျိုးမင်း.."လက်ဖက်ရည်တိုက်မှာမို့ ရွာထဲက ဆိုင်ထဲလာခဲ့ဆိုလို့ သွားလိုက်ပေမယ့်... လက်ဖက်ရည်သောက်ချိန်မရှိသည်အထိ ဘေးနားမှာထိုင်ကာ တတွတ်တွတ်ပြောနေသည့် ခေတ်ထူးကြောင့် မျိုးမင်းနားပူနေလေပြီ...
"ခေတ်ထူး...တော်ပါတော့ကွာ...
ငါနားငြီး လှပြီကွ... မင်းပြောသလိုဘဲ ဟိုက ကလေးမဟုတ်တော့ဘူး သူ့ဟာသူဂရုစိုက်နိုင်တယ်.. မင်းမပြောလည်း ငါတို့သွားသွားကြည့်ပေးမှာပါ မပူစမ်းပါနဲ့...
ပြီးတော့ သူက မင်း ရဲ့အပိုင်ဆိုတာလည်း ရွာက လူတိုင်းသိတယ်... ဘယ်သူမှထိရဲမှာမဟုတ်ဘူး..
စိတ်ချထား""မချနိုင်ဘူး... "
"အေ့ မချနိုင်လည်း မင်းမသွားနဲ့ပေါ့ကွာ...
ဖြစ်နိုင်ရင် မင်းကိုသွား ကိုမသွားစေချင်ဘူး တကယ်"မျိုးမင်း စကားရဲ့ အဓိပ္ပာယ်ကို ခေတ်ထူးသဘောပေါက်ပါသည်။ သို့သော်လည်း...
"ငါ့အကြောင်းလည်းမင်းသိပါတယ်..
ဆုံးဖြတ်ချက်ချပြီးရင်ပြန်မလှည့်တတ်ဘူးဆိုတာကို...""အေ့... သွား...ရတယ်... ဒါပေမယ့်..
အခုလိုမျိုး ခေတ်ထူး ပြန်လာတာကိုဘဲလိုချင်တယ် မြင်ချင်တယ်... အရင်တုန်းက ခေတ်ထူး ပြန်လာတာကိုတော့ မမြင်ချင်ဘူး"

YOU ARE READING
???????? ??? ???????? (Complete)
Romance?? This story contains a lot of sexual content so please if you are under 18 don't read or skip this story ?? "???????????? ??? ??????????????????????????? ??????? ??????????????? ???? ?????????????? ????????? ???? ??? ???????????? ?????????????????...