抖阴社区

Chapter - 24?

2.8K 40 0
                                    

အချစ်ဦး ရဲ့ အချစ်ဦး ❤️

အပိုင်း (၂၄)

"ခေတ်ထူး ပြန်လာမယ်ဆိုလည်း ပြန်လာတော့"

"ဘာလို့လဲ"

"ခွန်းဆက်သွယ် က မဟုတ်တော့ဘူးကွ
မင်းကို အရမ်းစိတ်တိုနေပြီထင်တယ်"

"ခက်တာဘဲ..
ငါလည်းပြန်လာလို့မဖြစ်သေးဘူး.."

"အေ့ မင်းရဲ့ ဘန်ဘန် ပျောက်သွားရင် မင်းဘယ်လိုလုပ်မလဲ"

ခေတ်ထူးဖက်ကနေ တစ်ခဏတာတော့ တိတ်ဆိတ်သွားသည်။
နောက်တော့မှ...

"ချော့ပြောပေးထားပါဦးကွာ..
ငါ့ဖက်က ဆက်သွယ်ပေမယ့် ငါ့ဖုန်းမှန်းသိလို့ဘဲလားတော့မသိဘူး...
မကိုင်ဘူး..."

"အွန်း... ငါတို့ပြောတော့ ပြောထားပါတယ်..
မင်းရဲ့ အရင်က အကြောင်းတွေရောပေါ့ ဟဲ"

"ဟာ...ဘာလို့ သွားပြောတာလဲ..
ဘန် ကြောက်သွားရင်
ဘယ်လိုလုပ်မလဲ"

"ခွန်းဆက်သွယ်ကလားကြောက်မှာ...
ယုံတောင်မယုံနိုင်ဖြစ်နေမှာသေချာတယ်"

"မင်းတို့ကွာ... ပြောသင့်မပြောသင့်စဥ်းစားတာမဟုတ်ဘူး"

"သူကြားသွားတာဟေ့...
မပြောရင် ထွက်သွားမယ်လုပ်နေလို့ ပြောလိုက်ရတာ... ပြောပေမယ့်လည်း သူ့ကြည့်ရတာ ယုံတဲ့ ပုံတော့မပေါ်ပါဘူးကွာ"

"ကျစ်... ဒုက္ခဘဲ"

သူတို့ဖုန်းပြောနေရင်းမှ အိမ်ပေါ်တက်လာသည့် ခွန်းကို မျိုးမင်းက မြင်တာနှင့်....

"ခွန်း... လာဦး.. ဒီမှာ ခေတ်ထူးရဲ့ ဖုန်း"

ခေတ်ထူးရဲ့ဖုန်းဆိုပြီးပြောလိုက်တော့ မျက်စောင်းထိုးကာ...ထွက်သွားဖို့ပြင်နေတုန်း
ဖုန်းထဲကနေပြီးခေတ်ထူးမှ...

"Speaker ဖွင့်လိုက်"

ခေတ်ထူးပြောသလိုလုပ်လိုက်တော့...

"ဘန်ဘန်... ဖုန်းလာကိုင် ကို မင်းကိုပြောစရာရှိတယ်"

လေသံမာမာနှင့်ခေတ်ထူးရဲ့ အသံကြားလိုက်ရတော့..
ခွန်းရဲ့ ခြေလှမ်းတွေ ခဏတာတော့ တုံ့ဆိုင်းသွားပါသည်။
သို့သော် သိပ်မကြာလိုက် ချက်ချင်းဆိုသလို ခြေလှမ်းတွေက ပြန်လှုပ်ရှားသွားသည်။

???????? ??? ???????? (Complete)Where stories live. Discover now