抖阴社区

Chapter - 27?

3.2K 43 0
                                    

အချစ်ဦးရဲ့ အချစ်ဦး ❤️

အပိုင်း (၂၇)

"လွှတ်...လွှတ်လို့ ပြောနေတယ် လွှတ်!!
ကိုခေတ်ထူး ရှင့်ကိုလွှတ်လို့ပြောနေတယ်လေ"

"မလွှတ်နိုင်ဘူး!!
မင်းရေးတဲ့ ဝမ်းနည်းစရာဇာတ်လမ်းထဲ ငါမပါနိုင်ဘူး ခွန်းဆက်သွယ် ငါက ငါဖြစ်ချင်တာဖြစ်အောင်လုပ်မယ်လို့ တွေးထားပြီးသား
ငါ့ဆုံးဖြတ်ချက်ကို မပြင်နိုင်ဘူး"

ခွန်းရဲ့ လက်ကို တင်းနေအောင် ဆုပ်ကိုင်ထားလျက်သားဖြင့် လက်တစ်ဖက်တည်းဖြင့်သာ ကားကိုမောင်းနေတဲ့ ကိုခေတ်ထူး ကို ကြည့်လေကြည့်လေ ပိုပိုပြီး စိတ်တိုလာကာ...

"ကျွန်မ ကလည်း ရှင်နဲ့ မပတ်သက်ချင်တဲ့ စိတ်ကိုလုံးဝ ပြင်မှာမဟုတ်ဘူး..."

"ပြင်ပါလို့လည်းငါတောင်းဆိုမှာမဟုတ်တာမို့ မင်းမပူပါနဲ့... ငါက ငါဖြစ်ချင်တာကို ငါလုပ်မှာလို့ဘဲပြောတာ မင်းရဲ့ ဆန္ဒကို ငါဘာမှမေးမနေဘူး ပြီးတော့ သိစရာအကြောင်းလည်းမရှိဘူး"

"ကိုခေတ်ထူး ရှင်!!"

သူ့ကို စိုက်ကြည့်ပြီး ငိုနေနေတာကိုလည်း ခေတ်ထူးသိသည်။
သို့သော် ကလေးမရဲ့ မျက်ရည်တွေ မမြင်ချင်တာမို့ လှည့်ပင်မကြည့်ဘဲ ကားကိုသာ ဂရုစိုက်၍ မောင်းနေလိုက်တော့သည်။

တစ်ဖက်လှည့်ပြီး အဆက်မပြတ်ငိုနေပြန်တော့လည်း ခေတ်ထူး မနေတတ်တော့ဘဲ လမ်းဘေးနားသို့ ကား ကိုထိုးရပ်လိုက်ကာ...

"ဆက်ငိုနေဦးမှာလား...
မင်းအဲ့လောက် အသည်းနုသလား ခွန်းဆက်သွယ်"

သူ့ဖက်ကို လှည့်ကြည့်ခဲ့ကာ...
အောက်နှုတ်ခမ်းကို ကိုက်ပြီးမှ...

"ကိုယ့်မျက်လုံးနဲ့ ကိုယ်ငိုတာ ဘယ်သူ့ခွင့်ပြုချက်သွားတောင်းနေရဦးမှာလဲ"

"မကိုက်နဲ့... ပေါက်သွားရင်ဘယ်လိုလုပ်မလဲ"

သူ ခွန်း ကို ဘယ်လောက်ဘဲ ကြမ်းတမ်းတဲ့စကားတွေ ပြောမိနေပါစေ တကယ်စိတ်ထဲက မပါဘဲ ပြောတဲ့ စကားတွေမို့ အခုလို ကလေးမ ငိုရင် သူ့စိတ်မကောင်းဖြစ်မိပါသည်။
ဒီကလေးမလေး က အေးအေးဆေးဆေးပြောလို့မှမရဘဲ...

???????? ??? ???????? (Complete)Where stories live. Discover now